By စိုင်းသာအောင်, Shweproperty.com
Updated at 8 January 2012
မန္တလေးမြို့တော် စည်ပင်သာယာ ရေးကော်မတီကမြို့တော်ဧရိယာ အတွင်း မြေသားလမ်းမှ ကျောက် ချောလမ်း၊ ကျောက်ချောလမ်းမှ ကတ္တရာလမ်း၊ ကတ္တရာလမ်းမှ နိုင်လွန်ကတ္တရာလမ်းဖြစ်ရေးအတွက် အဆင့်မြင့် ဆောင်ရွက်လျက်ရှိ ကြောင်း မြို့တော်စည်ပင်လမ်း တံတားဌာနမှ သိရသည်။
မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီလက်ထက် ၁၉၉၂ ခုနှစ်တွင် မြေသားလမ်း ၁၆ မိုင် ကျောက်လမ်း ၆၈ ဒသမ ၂ မိုင်၊ ကတ္တရာလမ်း ၁၂၉ ဒသမ ၁ မိုင်စုစုပေါင်း ၂၁၃ ဒသမ ၃ မိုင် ရှိခဲ့ရာမှ ယခုအခါ မြေသားလမ်း ၁၉၂ ဒသမ ၁၃ မိုင်၊ ကျောက်လမ်း ၇၄ ဒသမ ၅၄ မိုင်၊ ကတ္တရာလမ်း ၃၃၆ ဒသမ ၃၂ မိုင်၊ ကွန်ကရစ် လမ်း ၆ ဒသမ ၉ မိုင်၊ နိုင်လွန်ကတ္တ ရာလမ်း ၃၇ ဒသမ ၇၃ မိုင်စုစုပေါင်း ၆၄၇ ဒသမ ၆၂ မိုင်တိုးချဲ့ဖောက် လုပ်ခဲ့ကြောင်း လမ်းတံတားဌာနမှ တာဝန်ရှိသူတစ်ဦးမှ အတည်ပြု ပြောကြားသည်။
မန္တလေးမြို့သစ်များတွင် လမ်းများ တိုးချဲ့ဖောက်လုပ်ပေး လျက်ရှိရာ တိုးချဲ့ဖောက်လုပ် သော လမ်းဘေးဝဲယာ မြေကွက် များမှာလည်း ပေ ၄ဝx၆ဝ မြေတစ် ကွက်လျှင် အနည်းဆုံး ၅ ဆမှ အများဆုံး အဆ ၂ဝ ထိ ဈေးနှုန်းမြင့် တက်ခဲ့ကြောင်း မြေပွဲစား လောက မှ သိရသည်။
Source : 7days
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ