By The Voice, Shweproperty.com
Updated at 14 November 2018
အိမ်၊ ခြံ၊ မြေ ရာဖြတ်တန်ဖိုးများ ထွက်ပေါ်လာပြီးနောက် မန္တလေး အိမ်၊ ခြံ၊ မြေဈေးကွက်တွင် ကျပ်သိန်းထောင်ချီတန်သော မြေကွက်များ အရောင်းအဝယ် ပြန်ဖြစ်လာကြောင်း အိမ်၊ ခြံ၊ မြေ အကျိုး ဆောင်များအသိုင်းအဝိုင်းထံမှ သိရသည်။
ဝါကျွတ်ကာလ ပြီးဆုံးသွားခြင်းနှင့် အခွန်နှုန်းထားများ လျှော့ချခြင်းတို့ကြောင့် အိမ်၊ ခြံ၊ မြေဈေးကွက် ပြန်သွက်လာပြီး ကျပ်သိန်း ၅၀၀၀ ဝန်းကျင်တန်ဖိုးရှိ မြေကွက်များပါ အရောင်းအဝယ်ဖြစ်လာသည်ကို တွေ့ရကြောင်း ဖိုးလမင်း အိမ်၊ ခြံ၊ မြေ အကျိုးဆောင်လုပ်ငန်းပိုင်ရှင် ဦးဝဏ္ဏစိုးက ပြောကြားသည်။
လက်ရှိအိမ်၊ ခြံ၊ မြေဈေးကွက်တွင် ကျပ်သိန်းတစ်ထောင်အောက်မြေကွက်များမှာ အရောင်းအဝယ်အများဆုံးဖြစ်ပြီး ကျပ်သိန်း ၁၀၀၀ နှင့် သိန်း ၃၀၀၀ ကြားမြေကွက်များသည် ဒုတိယနေရာမှ အရောင်းအဝယ်လိုက်နေကြောင်း ၎င်းက ပြောဆိုသည်။
“ခုတစ်လောမှာ အရောင်းအဝယ် ခပ်စိပ်စိပ်လေး ဖြစ်လာတယ်။ တန့်နေ တဲ့ဈေးနှုန်းတွေနဲ့ အရောင်းအဝယ် ဖြစ်လာတာမျိုး” ဟု ဦးဝဏ္ဏစိုးက ရှင်းပြသည်။
လတ်တလောတွင် အောင်ပင်လယ်၊ ထန်းကိုးပင်၊ မဟာမြိုင်၊ အနောက် မြို့သစ် ၊ (စ) ရပ်ကွက်၊ (ဆ) ရပ်ကွက်၊ (တ) ရပ်ကွက်များ၌ အရောင်းအဝယ်သွက်နေကြောင်း မန္တလေးမြို့သစ်ပိုင်းရှိ အိမ်၊ ခြံ၊ မြေ အကျိုးဆောင်များထံမှ သိရသည်။
ပြည်တွင်း၌ စီးပွားရေးလုပ်ငန်းများကျပ်တည်းနေသောကြောင့် အိမ်၊ ခြံ၊ မြေ အရောင်းအဝယ် ကောင်းမွန်လာနိုင်ခြင်းမရှိသေးကြောင်း မြန်မာနိုင်ငံ အိမ်၊ ခြံ၊ မြေလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး အသင်းဥက္ကဋ္ဌ ဦးတင်မောင်က မှတ်ချက်ပြုသည်။
ယခုနှစ်တွင် မန္တလေးမြို့၌ အိမ်၊ ခြံ၊ မြေ ရာဖြတ်နှုန်းထားများကိုလျှော့ချပေးခဲ့ခြင်းကြောင့် အရောင်းအဝယ်ဈေးကွက် ပြန်ကောင်းလာနိုင်ပြီး အစိုးရအနေနှင့်လည်း အခွန်ကောက်ခံရရှိမှုတိုးလာနိုင်စေကြောင်း မန္တလေးမြို့ခံ အိမ်၊ ခြံ၊ မြေ အကျိုးတော်ဆောင်အချို့က သုံးသပ်နေကြသည်။
Ref & Photo Credit : The Voice
Posted By : Sint Sint (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ