By ဖြိုးဝေကျော်, Shweproperty.com
Updated at 16 December 2012
မန္တလေးမြို့ရဲ့ အိမ်ခြံမြေဈေးကွက်ဟာလက်ရှိအနေအထားမှာ ရင်းနှီးမြှုပ်နှံဖို့ ထက် နေထိုင်ဖို့ ဝယ်ယူကြတာများတဲ့ ကြိုက်ရောင်းကြိုက်ဝယ် အနေအထား မှာရှိနေပြီး ဈေးကွက်ငြိမ်သက်နေတယ် ဆို ပေမယ့် ရင်းနှီးမြှုပ်နှံဖို့ စိတ်ကူးနေပြီး တွေ့ထားတဲ့ မြေအကွက်အကွင်းက အနေအထား လှနေတယ်ဆိုရင် လက်မ တွန့်သင့်ကြောင်း အကျိုးဆောင်တွေက သုံးသပ်ပြောပါတယ်။
အခုအခါမှာ အိမ်ခြံမြေဈေးကွက်ရဲ့အနေအထားဟာ အထူးသဖြင့် လူနေနည်းပါးသေးတဲ့ မြို့ကွက်သစ်တွေဘက်မှာ ဝယ်ယူလိုသူနည်းနေသေးတဲ့ အနေအထားဖြစ်ပြီး ဈေးကွက်လှုပ်ခတ်မယ့်အချိန်ဆိုတာလည်း မှန်းဆရခက်နေလို့ရင်းနှီးမြှုပ်နှံဖို့ စဉ်းစားလိုတဲ့သူတွေအနေ နဲ့ အလုပ်လုပ်လိုကြရင်တောင်မှ စဉ်းစားရင်း နောက်ပြန်တွန့်နေကြရတဲ့ အနေ အထားမျိုးပါ။
ဒါပေမယ့် ဒီနေရာမှာ ကိုယ်တွေ့ထားတဲ့ အိမ်မြေအကွက်အကွင်းက အနေအထား လှနေမယ်၊ အကွက်အကွင်းသာမယ်၊ ဈေးနှုန်းကလည်း ဖြစ်သင့်တဲ့နှုန်းထားမှာ ရှိနေမယ်ဆိုရင် အများကြီးမစဉ်းစားဘဲ အလုပ်လုပ်သင့်တယ်လို့အကျိုးဆောင်တချို့က ပြောပါတယ်။
''အိမ်မြေမှာပဲ ရင်းနှီးမြှုပ်နှံဖို့ စဉ်းစားတဲ့ သူတွေအနေနဲ့တော့အခုလိုအခြေအနေမှာလည်း အလုပ်လုပ်ဖို့ စဉ်းစားဆုံးဖြတ်သင့်တဲ့အခါမျိုးတွေ ရှိပါတယ်။ အဓိကအချက်က အိမ်မြေအကွက်အကွင်းပေါ့။ ကိုယ်တွေ့ထားတဲ့နေရာက လမ်းကောင်းလမ်းမပေါ်တင်မယ်၊ အကွက်အကွင်းကောင်းမယ်၊ လူနေသိပ်သည်းလာဖို့ အလားအလာလည်းရှိမယ်၊ ပြီးတော့ စာရွက်စာတမ်းလည်း မှန်ကန်နေမယ်ဆိုရင် အလုပ်လုပ်သင့်တာပေါ့။ ဒီနေရာမှာ ငွေကို အချိန်ပေးမြှုပ်ထားနိုင်ရင်တော့ အကောင်းဆုံးပေါ့။
''သေချာတာကတော့ မြေဈေးကွက်က အချိန်အတိုင်းအတာ တစ်ခုအတွင်းပုံမှန်ပြန် အလုပ်လုပ်လာကြရဦးမှာပဲ။လက်ရှိအခြေအနေမှာ တခြားမှာရင်းနှီးမြှုပ်နှံ အလုပ်လုပ်ဖို့ကလည်း ခက်တာပါပဲ။ မြေဈေးကွက်တင် အလုပ်လုပ်လို့မကောင်းတာ မဟုတ်ဘူးလေ'' လို့ မြို့သစ်က အိမ်မြေအကျိုးဆောင်တွေက ပြောပါတယ်။
ဒီနေရာမှာ လက်ရှိအနေအထားအရစဉ်းစားရမယ့် အချက်တစ်ခုက အိမ်မြေဈေးနှုန်းတွေဟာ ရှိသင့်တဲ့ ဈေးနှုန်းတန်းရဲ့အထက်မှာ ခေါ်နေကြတဲ့ အခြေအနေမှာတော့ ရှိနေပါတယ်။ ဒါဟာ ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းက မြေဈေးကွက်မှာ ငွေကစားတဲ့ အနေအထားကြောင့် ဖြစ်နေခဲ့တဲ့ အကျိုးဆက်ပါ။
ဒါပေမယ့် တစ်ဖက်မှာ ပြန်ကြည့်တဲ့အခါမှာလည်း မဖြစ်သင့်တဲ့ ဈေးနှုန်းတွေအထိ ဖြစ်ခဲ့ပြီးနောက် ဈေးကွက်ငြိမ်နေခဲ့တဲ့ အချိန်အတိုင်းအတာဟာ တစ်နှစ်လောက် ရှိခဲ့ပါပြီ။ ဒါ့ပြင် ဈေးနှုန်းအမြင့်နဲ့ ပိုက်မိထားသူတွေအနေနဲ့ အရှုံးခံပြီး ပြန်ထုတ်ဖို့ခက်နေတဲ့ အနေအထားဖြစ်နေပြီး ငွေအပူတပြင်း လိုအပ်တဲ့သူမဟုတ်ရင် ပြန်မထုတ်သေးဘဲ ဈေးကွက်ပြန်အလှုပ်ကိုပဲ စောင့်ကြမယ့် အနေ အထားမျိုး ရှိနေပါတယ်။
''ဈေးနှုန်းတန်းက ဖြစ်သင့်တာထက်မြင့်ခေါ်နေကြပေမယ့် ကိုယ်ပေးကြည့် တာနဲ့ ကွာဟသင့်သလောက် ကွာဟပေးတယ်။ နေရာအကွက်အကွင်း အားသာချက်ရှိတယ်ဆိုရင် စဉ်းစားသင့်ပါတယ်။ လူနေထိုင်မှု အခြေအနေကလည်း အဓိကကျတဲ့အချက်ပါ''လို့ အကျိုးဆောင် တွေက ဖြည့်စွက်ပြောပါတယ်။
မြေဈေးကွက်မှာ ငွေဝင်ကစားလို့ မြေဈေးတွေ အဆမတန်မြင့်တက်ပြီးနောက်ပိုင်း ဈေးနှုန်းတွေ ငြိမ်သွားခဲ့တဲ့အခါမှာလအတန်ငယ်ကြာတဲ့အခါ အကြောင်းအမျိုးမျိုးကြောင့် ဈေးနှုန်းကိုချပြီး ပြန်ရောင်းထုတ်ခဲ့သူတချို့လည်း ရှိခဲ့တာကိုတွေ့ရပါတယ်။
ဒါပေမယ့် ကြားကွက်မျိုး မဟုတ်ဘဲတကယ့်မိန်းလမ်းပေါ်မျိုးမှာ တင်တယ်။အကွက်အကွင်း ကောင်းတယ်ဆိုတာမျိုးကို ကိုင်ထားသူ အများစုကတော့ သိသိသာသာ ဈေးနှုန်းချတာမျိုး ရှားပါးသေးကြောင်း၊ လက်ရှိမှာ ပိုင်ဆိုင်မှုအရှုပ်အရှင်းကိစ္စတွေ ရှိနေပေမယ့် စာရွက်စာတမ်းမှန်ကန်ပြီး အကွက်အကွင်း အားသာမယ်ဆိုရင် အထက်ကအတိုင်း ဈေးနှုန်းကို ချိန်ထိုးညှိနှိုင်းကာ အလုပ်လုပ်သင့်ကြောင်း အကျိုးဆောင်တွေက ခြုံငုံ ပြောပါတယ်။
Souce : MM Times
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ