By kumudra, Shweproperty.com
Updated at 7 May 2013
မန္တလေး- ပြင်ဦးလွင်လမ်းမဘေး အောင်ပင်လယ်နတ်နန်းကနေ သုံးအိမ်စံပြကျေးရွာအထိက လယ်ယာမြေတွေ ယခုရက်ပိုင်းအတွင်း အရောင်းအဝယ်ဖြစ်နေပြီး ဈေးနှုန်းတွေလည်း မြင့်တက်နေတယ်လို့ ရွာခံမြေအကျိုးဆောင်အချို့ထံ သိရပါတယ်။
‘ဒီနှစ် ၂၀၁၃ မှာ တအားဖြစ်တာ၊ အဓိက ကအောင်ပင်လယ်ဘိုးဘိုးကြီး နတ်နန်းတစ်ဝိုက်မှာပါ၊ အောင်ပင်လယ်ရဲစခန်းနဲ့ သမ္ဗတောရွာကြားရှိ လမ်းဘေးမေးတင် အကွက်တွေလဲ အရောင်းအဝယ် ဖြစ်တယ်၊ လက်ကောင်းနဲ့ သမ္ဗတောကြားအကွက်တွေလဲ အရောင်းအဝယ်ဖြစ်တယ်’ လို့ သမ္ဗတောကျေးရွာမှ မြေအကျိုးဆောင်တစ်ဦးက ပြောပါတယ်။
မန္တလေးကနေ ပြင်ဦးလွင်မြို့သွားတဲ့ လမ်းဘေးမှာ အရောင်းအဝယ်ဖြစ်နေတဲ့ မြေတွေက လယ်ယာမြေတွေများပြီး ဧကအကျယ်အဝန်းပေါ် မှုတည်ကာ ကျပ်သိန်း ၁၀၀ ခန့်ကနေ ကျပ်သိန်း ၁၀၀၀ ကျော်အထိ ပေါက်ဈေးရှိနေတာပါ။ ဝယ်ယူသူအများစုက တရုတ်လူမျိုးတွေများပြီး တိုင်းရင်းသား လုပ်ငန်းရှင်တွေလည်း ဝယ်ယူနေကြတယ်လို့ ရွာခံတွေက ဆိုပါတယ်။
‘အရင် ကာလပေါက်ဈေး ကျပ်ငါးသိန်းမှ ၁၀ သိန်းကြားပဲရှိတာ၊ ကနေ့ သိန်းရာဂဏန်း ၊ထောင်ဂဏန်းအထိ ပေးဝယ်ပါတယ်၊ ဘာကြောင့် ဝယ်နေမှန်းတော့ မသိဘူး ၊ ဝယ်ပြီးရင် ဂရန်ဖောက်တာ၊ တံတိုင်းခတ်တာ၊ ခြံတည်၊ မြေဖို့တာတွေ လုပ်ကြပါတယ်၊ ဝယ်ရင် အပိုင်းလိုက်မဝယ်ဘူး၊ ငါးဧကနဲ့အထက် ဝယ်ကြပါတယ်၊ ဝယ်တဲ့သူတွေထဲမှာ တရုတ်လူမျိုး အများစုပါသလို မြန်မာသူဋ္ဌေးတွေလဲ ပါတယ်’လို့သမ္ဗတောကျေးရွာ မြေအကျိုးဆောင်က ပြောပါတယ်။
မန္တလေး- ပြင်ဦးလွင် လမ်းဘေးတစ်လျှောက် ရွာအချို့ဟာ လယ်ယာမြေတွေ ဈေးကောင်းရနေတာမို့ ရောင်းကြတာများ နေတယ်လို့သိရပါတယ်။ ‘ဈေးက ကိုယ့်တစ်ဘဝလုးအတွက်ရင်းစားလို့ရတယ်၊ ရောင်းပြီးရင် ဈေးသက်သာတဲ့ ရွေစာရံကျေးရွာအနီးက ဘန်တင်း၊ ဘန်ခွဲရွာတွေဘက် ပြန်ဝယ်နေကြတယ်’ လို့အသက် ၂၅ နှစ်အရွယ် သမ္ဗတောတောရွာခံ အမျိုးသားတစ်ဦးက ဆိုပါတယ်။
Ref : Kumudra
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ