By မင်းသုတ, Shweproperty.com
Updated at 18 July 2012
မန္တလေးမြို့၊ ချမ်းမြသာစည် မြို့နယ်အတွင်းတွင် လယ်မြေ၊ ယာ မြေများကို မြေဖို့၍ အိမ်မြေများအ ဖြစ်ရောင်းချနေမှုနှင့်ပတ်သက်၍ ချမ်းမြသာစည်မြို့နယ်အတွင်းရှိအိမ်၊ ခြံ၊ မြေဝန်ဆောင်မှုအဖွဲ့များကို မန္တ လေးမြို့တော်ဝန်က ဇူလိုင် ၁၁ ရက် ညနေ ၄ နာရီတွင် ချမ်းမြသာစည် မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး ရုံးတွင်ခေါ်ယူတွေ့ဆုံခဲ့ကြောင်း မြေ ပွဲစားတစ်ဦးက ပြောကြားသည်။
မြို့တော်ဝန်က မန္တလေးတိုင်းဒေသကြီးတွင် အချို့သောနယ်မြေ များမှာ လယ်ယာမြေများ၊ မြေလွတ် မြေရိုင်းများကို နိုင်ငံတော်မှသတ် မှတ်ပြဌာန်းထားသောဥပဒေများနှင့် ကိုက်ညီမှုမရှိသော နည်းလမ်းများ ဖြင့် အသုံးပြုခြင်း၊ ရောင်းဝယ်ခြင်း များပြုလုပ်နေသည်ကို တွေ့ရှိနေရ ကြောင်း၊ မန္တလေးမြို့တော် စည်ပင် သာယာရေးနယ်နိမိတ်အတွင်း၌ အ ချို့သောစီးပွားရေးလုပ်ကိုင်နေသူအ ချို့သည် ပြဌာန်းထားသောမြေဧက ပိုင်ဆိုင်မှုဥပဒေများကိုလေးစားလိုက် နာမှုမရှိဘဲ မိမိတို့ဆန္ဒအလျောက် ကျူးကျော်အသုံးပြုနေထိုင်ခြင်းနှင့် ရောင်းဝယ်ခြင်းလုပ်ငန်းများဆောင် ရွက်လျက်ရှိကြောင်း၊ သတ်မှတ်ပြဌန်းထားသောဥပဒေ၊ စည်းမျဉ်း၊စည်းကမ်းချက်များနှင့်မညီညွတ်သော မည်သည့်မြေယာကိစ္စရပ်များမဆို တရားမဝင် ဆောင်ရွက်ခြင်းသာဖြစ် ကြောင်း၊ မြို့တော်စည်ပင်သာယာ ရေးကော်မတီအနေဖြင့် နိုင်ငံတော် အစိုးရမှ တရားဝင်ဥပဒေအရ လန- ၃၉ ခွင့်ပြုပြီး မြို့ကွက်သစ်များတွင် လမ်းများ၊ ရေမြောင်းများ စသည့် စည်ပင်သာယာ လုပ်ငန်းများကို ဆက်လက်ဆောင်ရွက်နေကြောင်း ပြောကြားခဲ့သည်။
အဆိုပါအစည်းအဝေးတွင် မန္တလေးခရိုင်အုပ်ချုပ်ရေးမှူးဦးဇော်တင်မိုးက အဆိုပါမြေကွက်များကို တရားမဝင်အရောင်းအဝယ်ပြုလုပ် ပါက တရားဥပဒေနည်းလမ်းများအ တိုင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။
Source : Myanmar Post
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ