By Kumudra, Shweproperty.com
Updated at 7 February 2019
မန္တလေးမြို့တော် အနာဂတ် စီမံချက်များရေးဆွဲရာမှာ အထောက်အကူပြုဖို့ မန္တလေးခြောက်မြို့ နယ်ရှိ အိမ်ထောင်စုတွေဆီက အချက်အလက်တွေ ကောက်ယူနေရာမှာ လက်ရှိ ကောက်ယူပြီးစီးတဲ့ အိမ်စုစုပေါင်းရဲ့ ၆၄.၄ ရာခိုင်နှုန်း မြေဂရန်မရှိတာတွေ့ရတယ် လို့ သိရပါတယ်။
၂၀၁၈ခုနှစ် ဇူလိုင်လ ၆ ရက်က စတင်ကောက်ခံ သည်အစီအစဉ်မှာ ၂၀၁၉ ဇန်နဝါရီလ ၂၆ ရက်အထိ အိမ်ခြေပေါင်း ၂၅၆,ဝဝဝ ကျော်ရဲ့ဂရန်ရှိမရှိ၊ စည်ပင်ကြီးကြပ်မှု ရှိ မရှိ၊ လုပ်ငန်းလိုင် စင်၊ ရေသုံးစွဲမှု၊ မိလ္လာစနစ်၊ ကားနဲ့ဆိုင် ကယ်အရေအတွက်၊ နံရံကပ်ကြော်ငြာ၊ အိမ်အငှားအစရှိတဲ့စည်ပင်နဲ့ တိုက်ရိုက်သက်ဆိုင်တဲ့အချက်အလက်တွေကို အဓိကထား ကောက်ယူပြီးစီးခဲ့တယ်။ ကောက်ယူပြီးစီးတဲ့အိမ်ထောင်စုပေါင်း ၂၅၆,၈၀၅ မှာ ဂရန်ရှိတာ ၉၁,၂၆ရနဲ့ ဂရန်မရှိတာ ၁၆၅,၅၃၈ အိမ်ရှိတယ်ဆို တော့ မရှိတာက ၆၄၄ ရာခိုင်နှုန်းအထိ ရှိနေတယ်လို့ မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီက သိရပါတယ်။
သည်အပြင် မြေပြင်မှာရှိတဲ့စာရင်းနဲ့ စည်ပင်သာယာမှာရှိတဲ့ ယခင်စာရင်း ကြားကွာဟမှုတွေရှိတာ၊ အခွန်စည်းကြပ် မှုမရှိတာ၊ ဆိုင်ဖွင့်ထားပေမဲ့ သက်ဆိုင်တဲ့ လိုင်စင်မရှိတာတွေလည်း တွေ့ရတယ်လို့ သိရပါတယ်။
“နှစ်ပေါင်း ၂၅၊ ၃၀ လောက် ဒီလိုနဲ့ပဲ ကောက်ခံခဲ့ကြတယ်၊ မှန်မှန်ကန်ကန်စာရင်းနဲ့ရလာမယ့် အခွန်ငွေနဲ့ဆိုရင် မန္တလေး မြို့အနာဂတ်အတွက် အထောက်အကူ ဖြစ်သွားမှာဖြစ်တယ် ” လို့ မန္တလေးမြို့ တော်စည်ပင်သာယာရေးကော်မတီဝင်တစ်ဦးက ပြောပါတယ်။
စာရင်းတွေကို ကောက်ခံနေတာဟာ အခွန်အခ အဓိကမဟုတ်ဘဲ လက်ရှိမြေ ပြင်စာရင်းတွေကို သိရှိဖို့၊ မြို့တော်မှာ ဘယ်လိုအခြေအနေရှိတယ်၊ မြို့တော်အတွက် ငွေကြေးသုံးစွဲဖို့ ဘတ်ဂျက်ရေးဆွဲ ရာမှာ အသုံးပြုဖို့နဲ့ နောင်စည်ပင်သာယာ ရေးကော်မတီအဆက်ဆက်မှာ သည် ုUpdate အချက်အလက်တွေကို အခြေခံ အသုံးပြုနိုင်ဖို့ ရည်ရွယ်တယ်။ အချက်အလက်များ ကောက်ယူမယ့် စီမံချက်ကို မြို့တော်တစ်ခုလုံး အိမ်တိုင်းစေ့ ကောက်ယူမှာဖြစ်တယ်။ မြို့နယ်တစ်ခုကို သုံးဖွဲ့စီနဲ့ စုစုပေါင်း ၁၆ ဖွဲ့က တစ်အိမ်တက်ဆင်းတစ်ပြိုင်နက်ကောက်ခံနေတာဖြစ် ပြီး လာမယ့် ၂၀၂၀ မှာ ပြီးစီးဖို့ မျှော်မှန်းထားတယ်။
ရလာမယ့်အချက်အလက်တွေကို GIS (Geographic Information Sy-stem) ပေါ်တင်ပြီး အနာဂတ်စီမံချက်ပေါင်းများစွာ ရေးဆွဲနိုုင်သလို လက်ရှိစည်ပင်လုပ်ငန်းတွေရဲ့ လစ်ဟာချက်တွေကိုလည်း ဖြည့်ဆည်းပေးနိုင်မယ်လို့ သိရပါတယ်။
Ref & Photo Credit : Kumudra
Posted By : Sint Sint (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ