By Builders Guide, Shweproperty.com
Updated at 6 February 2018
မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့နယ်မန္တလေး-လားရှိုးလမ်းမကြီးဘေး ၂၁မိုင်အနီးတွင် New Mandalay Resort City စီမံကိန်းအား အကောင်အထည်ဖော်ဆော င်ရွက် မည့်ြ ဖစ်သောကြောင့် စိတ်ဝင်စားမှုအဆိုပြုလွှာတင်သွင်းရန် စတင်ဖိတ်ခေါ်လျက်ရှိကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနမြို့ပြနှင့် အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနမှ သိရသည်။
ယင်းစီမံကိန်းအားမြေဧက ၁ဝ,ဝဝဝ တွင်အကောင်အထည်ဖော်ဆောင်ရွက်မည်ဖြစ်ကာစက်မှုအိုင်တီနည်းပညာ စိုက်ပျိုးေ ရးစီမံ ကိန်း၊ စီးပွားရေးလုပ်ငန်း၊ကျန်းမာရေး၊ပညာရေးဝန်ဆောင်မှုလုပ်ငန်းများနှင့် ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းအခြေပြုမြို့အဖြစ် ဖော်ေ ဆာင် မ ည်ဖြစ်သဖြင့် စီမံကိန်းဆောင်ရွက်လိုသည့် ပြည်တွင်း၊ပြည်ပ ရင်းနှီးမြှုပ်နှံလိုသူများအား ဖိတ်ခေါ်ခြင်းဖြစ်ကြောင်း သိရသည်။
စီမံကိန်းမြေအား ထိရောက်အကျိုးရှိစွာအကောင်အထည်ဖော်နိုင်မည့် ကျွမ်းကျင်မှုနှင့် လုပ်ကိုင်နိုင်စွမ်းရှိသော ကုမ္ပဏီအဖွဲ့အစ ည်း များ သည် New Mandalay Resort City Concept Plan အပေါ်အခြေခံ၍ တည်ဆောက်ရေး၊ဈေးကွက်ရှာဖွေရေး၊ရင်းနှီးမြှုပ်နှံမှုနှင့် စီ မံ ခန့်ခွဲမှုလုပ်ငန်းများဆောင်ရွက်လိုကြောင်း အဆိုပြုလွှာကို တင်သွင်းရမည်ဟု သိရသည်။
လူမှုစီးပွားဖွံ့ဖြိုးရေး၊မြို့ပြဖွံ့ဖြိုးရေး နှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအခြေခံသည့် Green,Clean and Smart City အဖြစ် အပို င်း လိုက်အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်သောကြောင့် စိတ်ဝင်စားမှုအဆိုပြုလွှာအား မတ်လ ၃၁ရက် နောက်ဆုံး ထားတင် သွင်းရမည်ဖြစ်ကာ ကနဦးရွေးချယ်ခံရသော စာရင်းကို ရွေးချယ်ရေးဘုတ်အဖွဲ့မှ ထုတ်ပြန်ကြေညာပေးသွားမည်ဖြစ်ကြောင်း သိရ သည်။
New Mandalay Resort City စီမံကိန်းကို အပိုင်း သုံးပိုင်းခွဲဆောင်ရွက်သွားမည်ဖြစ်ကာ စီမံကိန်းအဆင့်တစ်တွင် ဧက ၂၂ဝဝပါဝင်ပြီး စက်မှုဇုန်၊လူနေဇုန်နှင့် Education and Health Services Zone တို့အဓိကထားပါဝင်ကြောင်း၊ စီမံကိန်းအပိုင်းနှစ်တွင် ၂၉၁၉ဧ ကပါ ဝ င်ပြီး လူနေမြေ၊Mixed Development Zone၊အုပ်ချုပ်မှုဇုန်၊စီးပွားရေးဇုန်၊စိုက်ပျိုးရေး၊အခြေပြုစက်မှုဇုန်နှင့် အသေးစားစ က်မှုလက်မှုဇု န်တို့ပါဝင်ကြောင်း အပိုင်းသုံးတွင် ဧက ၄၇၄၄ကျယ်ဝန်ပြီး အဆင့်မြင့် လူနေအိမ်ရာ၊တန်ဖိုးမျှတအိမ်ရာ၊ဂေါက်ကွင်း၊စိုက်ပျိုးရေးဇုန် နှင့် AGRO Park ဧရိယာများ ပါဝင်မည်ဖြစ်ကြောင်းသိရသည်။
Ref & Photo Credit : Builders Guide Posted By : Ra Wai (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ