By Yangon Media Group, Shweproperty.com
Updated at 24 January 2017
မန္တလေး အိမ်ခြံမြေဈေးကွက်အတွင်း ရင်းနှီးမြှုပ်နှံလိုသူ နည်းပါးနေသော်လည်း အမှန်တကယ်နေထိုင်မည့်သူများမှ ဝယ်ယူ လာခြင်းကြောင့် အရောင်းအဝယ်သွက်လျက်ရှိကြောင်း မန္တလေးတိုင်းဒေသကြီး အိမ်ခြံမြေကိုယ်စားလှယ်များ ဖွံ့ဖြိုးတိုးတက်ရေးအသင်းမှ သိရသည်။ ပြီးခဲ့သည့်နှစ်တွင် မန္တလေး အိမ် ခြံမြေဈေးကွက်အတွင်း ရင်းနှီးမြှုပ်နှံလိုသူနည်းပါးနေခြင်းကြောင့် အရောင်းအဝယ် ကျဆင်းခဲ့သော်လည်း ယခုနှစ်ဆန်းပိုင်းတွင် အမှန်တကယ်နေထိုင်မည့်သူများမှ ဝယ်ယူလာခြင်းကြောင့် အရောင်းအဝယ်ပြန်သွက် လာခြင်း ဖြစ်ကြောင်း သိရသည်။
မန္တလေးတိုင်းဒေသကြီး အိမ်ခြံမြေကိုယ်စားလှယ်များ ဖွံ့ဖြိုးတိုးတက်ရေးအသင်း၏ဥက္ကဋ္ဌ ဦးတင်မောင်က ''အိမ်ခြံမြေကဏ္ဍမှာ ရင်းနှီးမြှုပ်နှံ သူတွေက ပြန်ဝင်ရောက်လာတာမရှိသေးဘူး။ အခုအရောင်းအဝယ်ပြန်သွက်နေတာက အမှန်တကယ်နေထိုင်မယ့် သုံးစွဲသူတွေ ဝယ်ယူလာ တာကြောင့် အရောင်းအဝယ် ပြန်သွက်နေတာပါ။ အကွက်ငယ်တွေသာမကဘူး အကွက်ကြီးတွေပါ အရောင်းအဝယ်ပြန်ဖြစ် လာပါတယ်''ဟု ဇန်နဝါရီ ၁၉ ရက်က ဒီမိုကရေစီတူဒေးသို့ပြောသည်။ ယင်းသို့ မန္တလေးအိမ်ခြံမြေဈေးကွက်အတွင်း အိမ်ခြံမြေတိုက်ခန်း အ ရောင်းအဝယ်များ ပြန်လည်အရောင်းသွက် လာသော်လည်း ပေါက်ဈေးထက် ဈေးနှုန်းတိုးမြှင့်ရောင်းချခြင်းမရှိဘဲ ဈေးနှုန်း လျှော့ချရောင်းချမှု များသာရှိကြောင်း သိရသည်။ ဦးတင်မောင်က ''အရောင်းက ဈေးမတက်သလို အငှားမှာလည်းဈေးမတက်ပါဘူး။ အရောင်းအဝယ်ဈေးကွက်ထက် အငှားဈေးကွက်ကပိုသွက်ပါတယ်။ အငှားများပေမယ့် အငှားဈေး တက်သွားတာမရှိဘူး''ဟုပြောသည်။ လက်ရှိတွင် မန္တလေးတိုင်းဒေသကြီး အိမ်ခြံမြေကိုယ်စားလှယ်များဖွံ့ ဖြိုးတိုးတက်ရေးအသင်းသည် အိမ်၊ ခြံ၊ မြေ ဝန်ဆောင်မှု ဥပဒေမူကြမ်းအား မြန်မာနိုင်ငံ အိမ်ခြံမြေဝန်ဆောင်မှုအသင်း၊ ရန်ကုန်တိုင်းအိမ်ခြံမြေလုပ် ငန်းရှင်များအသင်း၊ ဆောက်လုပ်ရေး ဝန်ကြီးဌာနအပါအဝင် သက်ဆိုင်ရာ အစိုးရ ဌာနများနှင့်ပူးပေါင်း၍ အိမ်ခြံမြေဝန်ဆောင်မှု ဥပဒေမူကြမ်းအား ရေးဆွဲလျက် ရှိကြောင်း သိရသည်။ မန္တလေးမြို့အခြေစိုက် နှင်းဧကရီအိမ်၊ ခြံ၊ မြေအကျိုးဆောင်လုပ်ငန်းမှ ဒေါ်မာချိုက ''ဈေးကွက်အရောင်းအဝယ်အေးစက်တာ စီးပွားရေးမကောင်းတာကြောင့် ဝယ်ရောင်းတွေရင်းနှီးမြှုပ်နှံမှုတွေ မလုပ်နိုင် ကြတာလည်းပါတယ်။ ရင်းနှီးမြှုပ်နှံမှုတွေ လုပ်ကိုင် လာနိုင်အောင် နိုင်ငံခြားရင်းနှီး မြှုပ်နှံမှုတွေ ဝင်လာနိုင်အောင်ခိုင်မာတဲ့ ဥပဒေပြဋ္ဌာန်းပြီးရင်တော့အလား အလာကောင်းလာနိုင်မယ် လို့မျှော်လင့်တယ်''ဟုပြောသည်။
Ref & Photo Credit : Yangon Media Grou
Posted By : Moe Thae'
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ