By The Voice Weekly, Shweproperty.com
Updated at 31 December 2011
တစ်ဟုန်ထိုးမြင့်တက်လျက်ရှိသော မန္တလေးအိမ်၊ ခြံ၊ မြေ ဈေးကွက်မှာ ၂ဝ၁၁ ခုနှစ် နှစ်လည်မြန်မာ့ကျောက်မျက်ရတနာပြပွဲကြောင့် ရုတ်တရက်ပြန်အေးသွားကြောင်း မန္တလေးအိမ်၊ ခြံ၊ မြေ အကျိုးဆောင်လ်လုပ်ငန်းရှင်အသိုင်းအဝိုင်းထံမှ စုံစမ်းသိရသည်။''မန္တလေး အိမ်၊ ခြံ၊ မြေက ကျောက်သမားတွေ အဓိကလှုပ်ရှားနေ တာ။ ခုကျောက်သမားတွေ ကျောက်မျက် ဘက်ပြန်လှည့်သွားတော့ ဈေးကွက် ငြိမ်သွားတယ်။ အရမ်းအေးတာတော့ မဟုတ်ဘူး'' ဟု မန္တလေး အိမ်၊ ခြံ၊ မြေ ဈေးကွက်အခြေစိုက် ဦးကျော်ဝင်း အိမ်၊ ခြံ၊ မြေအကျိုးဆောင်လုပ်ငန်းရှင် ဦးကျော်ဝင်းကဆိုသည်။
ယင်းသို့ မန္တလေး အိမ်၊ ခြံ၊ မြေ ဈေးကွက် အနည်းငယ်ပြန်အေးသွား သည်မှာ နှစ်ပတ်ခန့်ရှိသွားပြီဖြစ်ပြီး မြို့ သစ် အိမ်၊ ခြံ၊ မြေဈေးကွက်မှာ ဈေးကွက် ပေါက်ဈေးအောက် လေးပုံတစ်ပုံခန့် ဈေးလျှော့ပေးမှသာ အရောင်းအဝယ် ဖြစ်ကြောင်း မန္တလေးမြို့ ချမ်းအေးသာ စံမြို့နယ်ရှိ ရွှေ အိမ်၊ ခြံ၊ မြေအကျိုး ဆောင်လုပ်ငန်းရှင် ဦးနေလင်းအောင် က ပြောကြားသည်။
''ဒီနှစ် ကျောက်သမားတွေက ကျောက်မျက်ပွဲ ခြားသွားလို့ အိမ်၊ ခြံ၊ မြေ ဘက်ကို မြုပ်နှံတာများသွားတာ။ ပိုက်ဆံမထားချင်လို့ ပိုလျှံရင်ဝယ်ထား ကြတဲ့သဘောပေါ့။ အခုကျောက်သမား တွေက ကျောက်မျက်ပွဲဖြစ်လို့ ပွဲကိုသွား ကြတယ်။ အိမ်၊ ခြံ၊ မြေဈေးကွက်ကို လည်း ဒီဇင်ဘာလကုန်အထိပဲ မှန်းထား ကြတာ။ မှန်းတဲ့အတိုင်းပဲ လမကုန်ခင် ပြန်ငြိမ်သွားတာပဲ'' ဟု မန္တလေးတိုင်း ဒေသကြီး ကျောက်မျက်ဈေးကွက်ရှိ လုပ်သက် ၁ဝ နှစ်ကျော်ကျောက်မျက် ဝယ်ရောင်း လုပ်ငန်းရှင်အသက် ၄ဝ ကျော်အရွယ် အမျိုးသားတစ်ဦးကပြော ကြားသည်။မန္တလေး အိမ်၊ ခြံ၊ မြေဈေးကွက် ရုတ်တရက် ပြန်အေးသွားခြင်းသည် ကျောက်မျက်ပြပွဲ အပါအဝင် ရန်ကုန် အိမ်၊ ခြံ၊ မြေ ဈေးကွက်၌ မြေလွတ်များ သိမ်းမည်ဆိုသည့် သတင်းနှင့် မန္တလေး အိမ်၊ ခြံ၊ မြေ ဈေးကွက်ရှိ လယ်ယာ ဥယျာဉ်ခြံမြေများကို ခွဲစိတ်ရောင်းချခွင့် မပြုသည့် သတင်းများကြောင့်ဖြစ်ကြောင်း၊ယင်းအပြင် လယ်ယာထွက်ကုန်သီးနှံ သိုလှောင်ချိန်ဖြစ်နေခြင်းကြောင့် သီးနှံ သိုလှောင်သည့်ဘက်သို့ ရင်းနှီးမြုပ်နှံကြ သည့်အတွက်လည်း မန္တလေး အိမ်၊ ခြံ၊ မြေဈေးကွက်ငြိမ်သွားခြင်းဖြစ်သည်ဟု မန္တလေးအိမ်၊ ခြံ၊ မြေ ဈေးကွက်ရှိလုပ်သက် ၂၁ နှစ်ခန့်ရှိ အသက်၆ဝကျော် အမျိုး သားတစ်ဦးက သုံးသပ်ပြောကြားသည်။
၂ဝ၁၁ ခုနှစ် ဒီဇင်ဘာလ ၂၅ ရက်မှ ဇန်နဝါရီလ ၃ ရက်နေ့အထိ နေပြည်တော်တွင် ကျင်းပလျက်ရှိသော ကျောက်မျက်ရတနာပြပွဲဘက်သို့ ပြောင်းလဲရင်းနှီးမြုပ်နှံသည့်အတွက် ကြောင့် ဈေးကွက်အေးသွားသည့် မန္တလေး အိမ်၊ ခြံ၊ မြေဈေးကွက်မှာ ၂ဝ၁၂ ခုနှစ် မတ်လခန့်တွင် ပြန်လည်ကောင်းမွန် လာနိုင်ကြောင်း မန္တလေး အိမ်၊ ခြံ၊ မြေ ဈေးကွက်ရှိ ဇွဲ အိမ်၊ ခြံ၊ မြေ အကျိုး ဆောင်လုပ်ငန်း၏ အကြံပေး ဝါရင့် အိမ်၊ ခြံ၊ မြေ ကျွမ်းကျင်သူ ဦးဝင်းကျော်က ခန့်မှန်းသုံးသပ်သည်။
Source : The Voice Weekly
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ