By Myanmar Builders Guide, Shweproperty.com
Updated at 22 April 2019
မန္တလေးတိုင်းဒေသကြီး အောင်မြေသာစံမြို့နယ်၊ ချမ်းအေးသာစံမြို့နယ်၊ မဟာအောင်မြေမြို့နယ်၊ ချမ်းမြသာစည်မြို့နယ်နှင့် ပြည်ကြီးတံခွန်မြို့နယ်တို့၌ သင်္ကြန်ကာလအပြီးတွင် အိမ်ခြံမြေaရာင်းဝယ်မှုထက် ငှားရမ်းမှု ပိုမိုများပြားလျက်ရှိကြောင်း မန္တလေးအိမ်ခြံမြေအကျိုးဆောင် အသင်းမှ သိရသည်။
ချမ်းအေးသာစံမြို့နယ်နှင့် မဟာအောင်မြေမြို့နယ်တို့သည် မန္တလေးမြို့၏ အချက်အချာကျသော နေရာများဖြစ်၍ အရောင်းပြခန်းနှင့် ဈေးဆိုင်ခန်းဖွင့်လိုသူများက မိုးရာသီမတိုင်မီ ကြိုတင် ငှားရမ်းမှုများကြောင့် နေရာပေါ်မူတည်ကာ အနိမ့်ဆုံးဈေးနှုန်း ငွေကျပ် သိန်းဂဏန်းဖြင့် ငှားရမ်းနေရသည်။
မြို့တွင်းဧရိယာတွင် လုံးချင်းအိမ်ရာ များထက် တိုက်ခန်းများသာ ငှားရမ်းမှု များပြားပြီး ဈေးချိုနှင့် ရတနာပုံဈေးအနီး နေအိမ်များ၌ ဈေးဆိုင် ဖွင့်လှစ်ရေး အတွက် အခန်းများ ကန့်၍ ငှားရမ်းကြကာ အနိမ့်ဆုံး ဈေးငွေကျပ် နှစ်သိန်းမှ ငွေကျပ် ၁ဝ သိန်း ဝန်းကျင်ဖြင့် ငှားရမ်းကြသည်။
ချမ်းမြသာစည်မြို့နယ်၌ လူနေထိုင်ရန် လုံးချင်းအိမ်များ ငှားရမ်းမှုများပြီး သိပ္ပံလမ်း၊ ၆၂ လမ်း၊ ၆၃ လမ်း၊ ၆၄ လမ်း၊ ၆၅ လမ်းနှင့် ၆၆ လမ်းတို့တွင် နေအိမ်တစ်လုံး ငွေကျပ်သိန်း ၂ဝ မှ သိန်း ၃ဝ အတွင်းရှိပြီး အနိမ့်ဆုံး ခြောက်လမှ တစ်နှစ် စာချုပ်ဖြင့် ငှားရမ်းကြသည်။
ချမ်းမြသာစည်မြို့နယ်နှင့် ပြည်ကြီးတံခွန်မြို့နယ် ဆင်ခြေဖုံးရပ်ကွက်များ၊ မြရည်နန္ဒာ၊ ထွန်တုံးအောင်သာယာ၊ သင်ပန်းကုန်းရပ်ကွက်တို့၌ နယ်မှ မန္တလေးမြို့သို့ လာရောက် လုပ်ကိုင်သူများ နေထိုင်ရန် အိမ်ခန်းများ ငှားရမ်းမှု မြင့်တက်လျက်ရှိရာ အနိမ့်ဆုံး ငွေကျပ် ငါးသောင်းမှ ငွေကျပ် နှစ်သိန်းခွဲ အထိရှိကြောင်းသိရသည်။
Ref & Photo Credit : Myanmar Builders Guide
Posted By : Sint Sint (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ