By Myanmar Times, Shweproperty.com
Updated at 16 September 2015
မန္တလေးမြို့ရဲ့ အိမ်ခြံမြေဈေးကွက်မှာ မြို့တွင်း အိမ်ခြံမြေအရောင်းအဝယ်ဟာ အခု ဝါတွင်းကာလမှာ ပြီးခဲ့တဲ့လတွေကထက် ပိုမိုအေးစက်သွားကြောင်း ဈေးကွက်သတင်းတွေအရ သိရပါတယ်။
၂၀၁၅ ခုနှစ်မှာလည်း တစ်နှစ်တာရဲ့ သုံးချိုးနှစ်ချိုးကာလကို လွန်မြောက်တဲ့အထိ အိမ်ခြံမြေဈေးကွက်ဟာ အလုပ်လုပ်လို့ကောင်းတဲ့ အနေအထားမျိုးကို ရောက်လာခဲ့ခြင်း မရှိသေးကြောင်း သိရပါတယ်။
ဒီအခြေအနေမှာ မြို့တွင်းအိမ်ခြံ မြေဈေးကွက် အရောင်းအဝယ်မဖြစ်တာက မြို့သစ်ထက် ပိုခဲ့ပြီး၊ အခုအခါမှာ အရောင်းအဝယ်အပြင် အငှားဈေးကွက်ပါ ငြိမ်သက်နေကြောင်း အိမ်ခြံမြေအကျိုး ဆောင်တချို့က ပြောပါတယ်။ လတ်တလော အရောင်းအဝယ်သိပ်မဖြစ် တဲ့အတွက် ဝယ်ချင်ပေမယ့် လက်တွန့်ကြ တာအပြင် မြို့တွင်းအိမ်ခြံမြေခေါ်ဈေးတွေက မြင့်တာကြောင့် ဈေးကွက်ကပိုအေးကြောင်းလည်း ဆိုပါတယ်။ အိမ်ခြံမြေဈေးနှုန်းနဲ့ အလားအလာမှာ မြို့တွင်းနဲ့ မြို့သစ်ကို နှိုင်းယှဉ်ကြည့်ရင် မြို့သစ်ရဲ့ဈေးနှုန်းဟာ ပိုနည်းပြီး အလုပ်လုပ်လို့ ကောင်းမယ့် အခြေအနေရှိလို့ မြို့သစ်ဘက် က မြို့တွင်းထက်စာရင် အရောင်းအဝယ်ပိုရှိတယ်လို့ မြို့သစ်က အိမ်ခြံမြေအကျိုး ဆောင်တချို့ဆီက သိရပါတယ်။ ဒီနှစ်မကုန်မီ ကျန်တဲ့ကာလတွေမှာ လည်း မြို့တွင်းဟာ အရောင်းအဝယ်ထက်အငှား ဈေးကွက်လောက်သာ အလုပ်ဖြစ် နိုင်ကြောင်း အများစုက သုံးသပ်ကြပါတယ်။
မြို့တွင်းက ရောင်းလက်တွေအနေနဲ့ လတ်တလောမှာ ဝယ်လက်နဲ့စကားပြော ရင်တောင် ဆိုဈေးအတိုင်းရဖို့ထက် ညှိနှိုင်းဈေးနှုန်းနဲ့မှသာ အဆင်ပြေနိုင်ပြီး ဝယ်သူဘက်က အားသာချက်ရှိဆဲ ဖြစ်ပါတယ်။ မြို့သစ်ဈေးကွက်မှာတော့ အရှေ့ဖျားကျတဲ့ ဧရိယာတွေမှာ အရင်ဈေးကွက် သွက်စဉ်က ဈေးနှုန်းအတိုင်း တင်းမခံတော့ဘဲ ဈေးနှုန်းချပြီး အရောင်းအဝယ် လုပ်လာတာတွေရှိကြောင်းလည်း သိရပါ တယ်။ မြို့သစ်ဈေးကွက်ဟာ မြို့တွင်းထက်စာရင် ပြန်ပြီးအရောင်းအဝယ်လုပ်ရတာ လွယ်ကူတဲ့ အခြေအနေရှိတာကြောင့် အရောင်းအဝယ်မှာ မြို့တွင်းဈေးကွက်ဟာ မြို့သစ်ဈေးကွက်လှုပ်ခတ်ပြီး နောက်ပိုင်းမှသာ ပြန်သွက်နိုင်မယ်လို့ အကျိုးဆောင်အများစုက သုံးသပ်ကြပါတယ်။
Ref : Mynmer Times
Posted By : Wai Phyoe Aung
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ