By Yangon Media Group, Shweproperty.com
Updated at 14 October 2016
မန္တလေး အိမ်ခြံမြေဈေးကွက်မှာ လူ နေစည်ကားမှု၊ မြို့တွင်းနှင့်နီးသည့်အပေါ် မူတည်ပြီး ၁၅ ရာခိုင်နှုန်းမှ ရာခိုင်နှုန်း ၃ဝ အကြား လျှော့ဈေး များနှင့် ရောင်းချသည့် အိမ်ခြံမြေများမှာ အရောင်းအဝယ်ပြန်လိုက်လာေ ကြာင်း မန္တလေးအိမ်ခြံမြေ ဝယ်ရောင်းများထံမှ သိရသည်။ ''ဈေးကအသက်သာဆုံး အချိန်ဖြစ်နေတယ်။ မြေဈေးကလဲ ဒီထက်မကျနိုင်တော့ ဘူးထင်လို့ဝယ်ကြတော့ အဝယ်လိုက်လာတဲ့ သဘောပါပဲ။ တကယ်နေမယ့် သူလောက် ပဲဝယ်ကြတာပေါ့''ဟု မန္တလေးမြို့မှ ဝါရင့် အိမ်ခြံမြေအကျိုးဆောင် ဦးကိုကိုကြီးက ပြောသည်။ ပြီးခဲ့သည့်နှစ်က ၂၆ လမ်းနှင့် ၃၅ လမ်းကြားရှိ မြေကွက်များမှာ ကျပ်သိန်း ပေါင်း ၁၈ဝဝဝ ကျော် တန်ဖိုးရှိခဲ့ပြီး လက်ရှိတွင် ကျပ်သိန်းပေါင်း ၁၄ဝဝဝ ခန့်၊ မဟာမြိုင်ဘက်မှ ကျပ်သိန်းပေါင်း ၃ဝဝဝ ခန့်ရှိ သည့် မြေကွက်များမှာလည်း လက်ရှိတွင် သိန်း ၂၇ဝဝ ဝန်းကျင်၊ မြို့သစ်ဘက်တွင်လည်း ကျပ်သိန်း ၈ဝဝ ခန့်ဈေးပေါက်ခဲ့သည့် မြေကွက်မှာ ယခုအခါ ကျပ်သိန်း ၅ဝဝ ခန့် သာ ပေါက်ဈေးရှိတော့ကြောင်း သိရသည်။ ယခုအချိန်မှာ ပုံမှန်အနေအထားနှင့်ဆို လျှင် အရောင်းအဝယ်ဖြစ်ထွန်းသည့်အချိန် ဖြစ်သော်လည်း လတ်တလော ဈေးချရောင်းသည့် နေရာအချို့ တွင်သာ အရောင်းအဝယ် ဖြစ်နေကြောင်း သိရသည်။ လက်ရှိအချိန်တွင် မန္တလေးအိမ်ခြံမြေ အရောင်းအဝယ်မှာ ဦးမော့ခါစဖြစ်နေပြီး ဈေးနှုန်းမှာလည်း ရာခိုင်နှုန်း ၃ဝ အထိဈေး ကျသဖြင့် အိမ်ခြံမြေစံနှုန်း သတ်မှတ်ချက် နှင့်အညီ အခွန်ဆောင်ရန် အခက်အခဲရှိသော ကြောင့် ယခု ၂ဝ၁၆ ဘဏ္ဍာနှစ် အတွက် စံ နှုန်းအသစ်ကို စောင့်ကြည့်နေရကြောင်းလည်း ဒေသခံအိမ်ခြံမြေ အကျိုးဆောင်များက ဆိုသည်။
Ref & Photo Credit : Yangon Media Group
Posted By : Myat Minn
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ