By Sint Sint, Shweproperty.com
Updated at 28 August 2020
မန္တလေးရှိ အိမ်ရာဝယ်ယူနိုင်စွမ်းမရှိသည့် အငြိမ်းစားဝန်ထမ်းများနှင့် ပြည်သူများအတွက် အခန်းပေါင်း သုံးထောင်ကျော် ပါဝင်မည့် ပြည်သူ့အငှားအိမ်ရာ စီမံကိန်းကို ရန်ကင်းတောင်ခြေအနီး တည်ဆောက်ရန် မန္တလေးဝန်ကြီးချုပ်ဒေါက်တာဇော်မြင့်မောင်ကိုယ်တိုင်း ပန္နက်ချမင်္ဂလာကို ယနေ့ သြဂုတ်လ ၂၈ ရက်က ပြုလုပ်ခဲ့သည်။
နိုင်ငံတော်အစိုးက အဆိုပါ စီမံကိန်းကို ပြည်သူများနေထိုင်ရေးအဆင်ပြေစေရေး၊ ပြည်တွင်းအလုပ်အကိုင်ဖွံ့ ဖြိုးရေ အစသည်ရှိသည့် ရည်ရွယ်ချက်များဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ခြင်းဖြစ်ကြောင် သိရသည်။
ဆောက်လုပ်ရေးဝန်ကြီးဌာန ၊ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေး ဦးစီးဌာန၏ ထုတ်ပြန်ချက်များအရအဆိုပါ အငှားအိမ်ရာစီမံကိန်းကို (၆)လအတွင်း အပြီးတည်ဆောက်ရမည် ဖြစ်ကြောင်းလည်း သိရသည်။
မကြာသေးခင်ကလည်း ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ် အမှတ်(၇) လမ်းမကြီးနှင့် အမှတ်(၂) လမ်းဆုံအနီး စံပြစိုက်ပျိုးရေးအထူးဇုန်တွင် ပြည်သူ့အငှားအိမ်ရာ အကောင်အထည်ဖော်ရန် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ကိုယ်တိုင်လာရောက်၍ ပန္နက်ချ မင်္ဂလာဆောင်ရွက်ခဲ့သေးသည်။
Credit : Pyi Myanmar
Posted By : Sint Sint (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ