By Kumudra, Shweproperty.com
Updated at 16 January 2018
ယခုလပိုင်းအတွင်းမှာ မန ္တလေးမြို့ရဲ့ အိမ်ခြံမြေအရောင်းအဝယ် အခြေအနေ ပုံမှန်အတိုင်း အရောင်းအဝယ် ပြန်ဖြစ်လာတယ်လို့ ဖိုးလမင်းအိမ်ခြံ မြေ အကျိုးဆောင်လုပ်ငန်းက သိ ရ ပါ တယ်။
ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ် ဒီဇင်ဘာလပိုင်း က အိမ်ခြံမြေအရောင်းအဝယ်အခြေအနေတွေ အရမ်းပါးခဲ့တယ်လို့ဆိုပြီး အခု ၂၀၁၈ နှစ်ဆန်းပိုင်းမှာတော့ အရောင်းအဝယ်၊ အငှားဈေးကွက်တွေ ပုံမှန်ပြန်ဖြစ်လာတယ် လို့ သိရပါတယ်။ အခုရက်ပိုင်း အရောင်းအဝယ်ဖြစ်တဲ့ နေရာတွေကတော့ New Ocean အနီး (ဆ) ရပ်ကွက်၊ မြရည်နန္ဒာ၊ ထွန်တုံး၊ မဟာ မြိုင်နဲ့ ကျွဲဆည်ကန် စတဲ့ နေရာတွေ ဖြစ်ပြီး သည်နေရာတွေက စည်ပင်ဖွံ့ဖြိုးတာ ကြောင့် အရောင်းအဝယ်ဖြစ်တယ်လို့ သိရတယ်။
အဆိုပါနေရာတွေရဲ့ ဈေးနှုန်းတွေကတော့ အနည်းဆုံး ကျပ်သိန်း ၆၀ဝ၊ ၇၀ဝ ကနေ အများဆုံး သိန်း ၁၀ဝ၀ ကနေ သိန်း ၅၀ဝ၀ အထိ ပေါက်ဈေးရှိကာ အရောင်း အဝယ်လည်း လတ်တလောရှိနေတယ်လို့ သိ ရပါတယ်။ ယခုနောက်ပိုင်း အိမ်ခြံမြေ အ ရောင်းအဝယ်အခြေအနေတွေဟာ အခွန်နှုန်းတွေ ကြီးမားခဲ့တာကြောင့် ဈေးကွက်မှာ အဟန့်အတားဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။ ၂၀၁၈ ခုနှစ်အတွင်း လာမယ့် အိမ်ခြံ မြေဈေးကွက် မျှော်မှန်းချက်နဲ့ပတ်သက်ပြီး ဖိုးလမင်း အိမ်ခြံမြေ အကျိုးဆောင်လုပ် ငန်းမှ ကိုဝဏ္ဏစိုးက “အဓိက နိုင်ငံရေးတည် ငြိမ်ပြီး စီးပွားရေး အဆင်ပြေမယ်ဆိုရင် တော့ စီးပွားရေးတည်ငြိမ်လာတာနဲ့အတူ အိမ်ခြံမြေဈေးကွက်လဲ ကောင်းမှာပါ၊ အဓိ ကကတော့ အစ်ကိုတို့ အိမ်ခြံမြေဈေးကွက် ကောင်းဖို့ဆိုတာ အခွန်ကိစ္စတွေ၊ ရောင်းခွန်ဝယ်ခွန်တွေကြီးမားနေတော့ အိမ်ခြံမြေက လုံးဝအဟန့်အတားတော့ ဖြစ်နေတယ်၊
အခွန်ကိစ္စရပ်တွေကို နိုင်ငံတော်က သင့် တင့်လျောက်ပတ်အောင် လျှော့ပေါ့ပေး မယ်ဆိုရင်တော့ အိမ်ခြံမြေဈေးကွက်လဲ ကောင်းလာမှာပါ၊ ပြည်သူလူထုတွေအတွက် အိမ်ခြံမြေ ကို ဥပဒေနဲ့အညီ ပိုင်ဆိုင်ဖို့က အခွန်ဆောင်ဖို့ အခွန်နှုန်းထားတွေက ကြီးမားနေတယ်၊ ဒါတွေကို နိုင်ငံတော်က တာဝန်ရှိတဲ့ သူတွေက သင့်တင့်လျောက် ပတ်အောင် လျှော့ချပေးမယ်ဆိုရင် နိုင်ငံတော်လဲ အခွန်ရမယ်၊ ပြည်သူလူထုလဲ ဥပ ဒေနဲ့အညီ သူ့နာမည်ပေါက်လေး ပိုင်ဆိုင်ခွင့်ရမယ်၊ ကျွန်တော်တို့ အကျိုးဆောင်တွေလဲ လုပ်ငန်းဖြစ်မယ်ပေါ့”လို့ သုံးသပ် ပါတယ်။ Ref & Photo Credit : Kumudra Posted By : Ra Wai (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ