By Kumudra, Shweproperty.com
Updated at 8 August 2017
အိမ်ခြံမြေဈေးကွက်နဲ့ ပတ်သက်တဲ့ စံနှုန်းသတ်မှတ်ချက် အသစ်တွေကို ထုတ်ပြန်နိုင်ဖို့အတွက် မန္တလေးတိုင်းဒေသကြီး တိုင်းအစိုးရအဖွဲ့ကို တင်ပြထားတယ်လို့ သိရပါတယ်။
မန္တလေးအိမ်ခြံမြေဈေး နှုန်းကို တစ်နှစ်ကိုတစ်ကြိမ် ထုတ်ပြန် လေ့ရှိပါတယ်။ ၂၀၁၆ အိမ်ခြံမြေ စံနှုန်းကို အောက်တိုဘာလအတွင်း ထုတ်ပြန်ခဲ့ပြီး ကျပ်သိန်း ၁၀ဝ၀ အောက်အိမ်ခြံမြေ အရောင်းအဝယ်တွေကို ၁၀ ရာခိုင် နှုန်း လျှော့ချသတ်မှတ်ခဲ့တယ်လို့ သိရပါတယ်။
ခုလက်ရှိမှာဆိုရင် အိမ်ခြံမြေ စံနှုန်းအသစ်ထွက်လာဖို့ အမြန်ဆုံး ဆောင်ရွက်နေပါတယ်၊ အိမ်ခြံ မြေစံနှုန်းကို တိုင်းအစိုးရအဖွဲ့ကို တင်ပြထားတယ်၊ တိုင်းဒေသကြီး လွှတ်တော်က အတည်ပြုဆုံးဖြတ်ပြီး ထုတ်ပြန်မှာဖြစ်တယ်၊ နောက်ထပ် တစ်လ၊ နှစ်လလောက်ကြာရင် ထွက်မယ်လို့ ယူဆထားပါတယ်၊ စံနှုန်းအသစ်မထွက်သေးခင်ကာလအတွင်းမှာလာပြီး တန်ဖိုးဖြတ်တဲ့ အခွန်ထမ်းက အရင်နှစ်က စံနှုန်းအတိုင်း တန်ဖိုးဖြတ်ပေးပါတယ်လို့ မန္တလေးပြည်တွင်း အခွန်ဦးစီးဌာနက သိရပါတယ်။
လက်ရှိ မှာဆိုရင်တိုင်းဒေသကြီးလွှတ်တော်ကို တင်ပြထားပြီးတော့ ဝန်ကြီးချုပ်နဲ့ အစိုးရအဖွဲ့ကဝန်ကြီးတွေ တွေ့ဆုံပြီးဆုံးဖြတ်မှာ ဖြစ်တယ်လို့သိရပါတယ်။
Ref & Photo Credit : Kumudra
Posted By : Myat Minn
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ