By Kumudra, Shweproperty.com
Updated at 10 December 2018
မန္တလေးအိမ်ခြံ မြေဈေးကွက်မှာ သည်ရက်ပိုင်း ပြည်ကြီးတံခွန်မြို့နယ်ဘက်က မြေကွက်တွေ အရောင်းအဝယ်ပြန် ဖြစ်စပြုနေတယ်လို့ အကျိုးဆောင်အချို့က ဆိုပါတယ်။
ဝါမကျွတ်ခင်နဲ့ ဝါကျွတ်ပြီးနောက်ပိုင်း ဒေသဆိုင်ရာ စံနှုန်းလေးတွေ ထွက်လာတော့ အရောင်းအဝယ်က ပိုပြီးတော့ ခပ်စိပ်စိပ်လေးသွက်လာတယ်။ စက်မှုဘက်က (ပြည်ကြီးတံခွန်မြို့နယ်) တန်ဖိုးသင့်တဲ့ဟာလေးတွေ အရောင်းအဝယ်ဖြစ်တယ်။ဒါ့အပြင် ချမ်းမြသာစည်၊ အောင်ပင်လယ်၊ ထန်းကိုးပင်၊မဟာအောင်မြေ၊ ရဲမွန်တောင်ဘက်တွေမှာ လည်း ဖြစ်နေတယ်။ ဝါကျွတ်တာရော ရာဖြတ်နှုန်းထားလျှော့ပေး လိုက်တာက အဝယ်ရော ၊ အငှားလေးတွေရောဖြစ်စေပြီး အရင်ကထက် ဈေးကွက်သွက်လာစေတယ်လို့ သိရပါတယ်။
၅ဝဝ နဲ့ ၁ဝဝဝ ကြားလိုက်ပြီး ဖြစ်လာတယ်။ ၁ဝဝဝ အောက်ကတော့ အသွက်ဆုံးလို့ သိရပါတယ်။
အရောင်းအဝယ်ပြန်လိုက်စ ပြုနေတယ်ဆိုပေမဲ့ ယခင်နှစ်ကထက်စာရင် မြေကွက်အချို့ဈေးနှုန်းကျဆင်းတယ်လို့ သိရပါတယ်။လမ်းအနေအထားနေရာအကျယ် အဝန်းပေါ်မူတည်ပြီး မြေဈေးနှုန်းဟာ ၁၀ ရာခိုင်နှုန်းနဲ့ ၂၀ ရာခိုင်နှုန်းကြား ကျဆင်းတယ်လို့ ဈေးကွက်အတွင်းက စုံစမ်းသိရပါတယ်။
Ref & Photo Credit : Kumudra
Posted By : Sint Sint (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ