By Kumudra, Shweproperty.com
Updated at 20 January 2020
မန္တလေးမြို့မှာ အခွန်ကောက်ခံဖို့ကင်းလွတ်နေတဲ့အိမ်အရေအတွက် တစ်ဝက် ခန့်ရှိနေတာကြောင့် အခွန် ကောက်ခံနိုင်ရန်စာရင်းသွင်းတဲ့ လုပ်ငန်းတွေကို တစ်ပတ်သုံးရက် နှုန်းနဲ့လုပ်ဆောင်နေပေမဲ့ ကြန့် ကြာနေတာကြောင့် အရင်ကလုပ်ထုံးလုပ်နည်းတွေကိုဖြေလျှော့ပြီး အခွန်အမြန်ဆုံးကောက်ခံနိုင်ဖို့ လုပ်ဆောင်နေတယ်လို့ မန္တလေး မြို့တော် စည်ပင်သာယာရေး ကော်မတီရုံးက သိရပါတယ်။
အခွန်လွတ်နေတဲ့နေအိမ်က တစ်သိန်းကျော်အထိရှိပြီး အဲသည့်နေအိမ်တွေကို အခွန်စည်းကြပ်စာရင်းဝင်နိုင်ဖို့ ၂၀၁၉ခုနှစ် မေလခန့်ကတည်းက စတင်ခဲ့ပေမဲ့ တစ်လကို အိမ်အလုံးရေ၁၀ဝ၀ ကျော်သာ စာရင်းသွင်းနိုင်တာကြောင့် လုပ်ငန်းမြန်မြန်ပြီးဖို့ လုပ်ငန်းစဉ်တွေကို လျှော့ချပြီး လုပ်ဆောင်နေတယ်လို့ ကော်မတီဝင် ဦးကျော်ဇောအောင်က ပြောပါတယ်။
သူက “သူ့ရဲ့အဆင့်တွေအတိုင်း လုပ်မယ်ဆိုရင် အလုံးတွေက သိပ် မတက်လာဘူး၊အဆင့်တွေကြာ နေတာ၊အရင်တုန်းက တစ်လကို ထောင်ချီမတက်ဘူး၊အခုက တစ် ပတ်ကိုထောင်ချီတက်တယ်၊ဒီပုံစံ အတိုင်းတစ်ပတ်ကို ကြာသပ တေး၊သောကြာ၊စနေနေ့တွေမှာ လုပ်ဆောင်နေတယ်”လို့ပြောပါတယ်။
မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီက နေအိမ်တွေနဲ့ပတ်သက်ပြီး စာရင်းကောက်ယူတာတွေကို ၂၀၁၈ခုနှစ် ဇူလိုင်လ ၆ရက်နေ့ကနေ ၂၀၁၉ခုနှစ် ဇန်န ဝါ ရီ ၂၆ရက်နေ့အထိ ပြုလုပ်ခဲ့ တာဖြစ်ပြီး အဲသည့်စာရင်းတွေအ ရ နေအိမ်အခွန်စည်းကြပ်ရန်ကျန် ရှိနေမှုက တစ်သိန်းကျော်အထိ ရှိ ခဲ့ပါတယ်။ကောက်ယူရရှိထားတဲ့ အချက်အလက်တွေအရ မန္တလေးမြို့တော် စည်ပင်သာယာရေးနယ် နိမိတ်အတွင်း အရင်ကရှိထားတဲ့ နေအိမ်စာရင်းက ၁၃၀,ဝ၀ဝကျော် ဖြစ်ပြီး ထပ်မံကောက်ယူခဲ့တဲ့စာရင်းအသစ်အရ နေအိမ်၂၆၀,ဝ၀ဝ ဝန်းကျင်အထိ ရှိပါတယ်။
စာရင်းမကောက်ယူခင်အချိန်အထိနှစ်ပေါင်း၂၀ကြာအောင် စာရင်းအသစ်မလုပ်ဘဲ၁၃၀,ဝ၀ဝ ကျော်စာရင်းနဲ့သာ ကောက်ယူနေတာကြောင့် စာရင်းအသစ်ပြုလုပ်ပြီး အခွန်စည်းကြပ်ဖို့လုပ်ဆောင်ရတာလို့ ဦးကျော်ဇောအောင်က ပြောပါတယ်။
မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီက သတ်မှတ်ထားတဲ့အိမ်ခွန်က ထရံကာအိမ်တွေအတွက် ကျပ်၃၀ဝ၀ ဝန်းကျင်၊ အာရ်စီနှစ်ထပ် သုံးထပ်တိုက်တွေက ကျပ် ၂၀,ဝ၀ဝ ဝန်းကျင် ရှိပါတယ်။
အိမ်အခွန်စည်းကြပ်နိုင်ဖို့အတွက် မြေအကျယ်တိုင်းတာတွေ၊ နေအိမ်အမျိုးအစား သတ်မှတ်တာတွေကို အဓိကလုပ်ဆောင်နေပါတယ်။စည်ပင်သာယာရေးကော်မတီရဲ့နေအိမ်အခွန်စည်းကြပ်မှုအပြင် မြို့တွင်းမှာ ဂရန်မရရှိသေးတဲ့ နေအိမ်၁၆၅,၅၃၈လုံးရှိနေပြီး ဂရန် မရသေးနေအိမ်အရေအတွက်က ၆၄.၄ ရာခိုင်နှုန်းအထိရှိနေပါတယ်။
Ref & Photo Credit : Kumudra
Posted By : Sint Sint (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ