By Myanmar Times, Shweproperty.com
Updated at 9 September 2015
လက်ရှိမှာ အရောင်းအဝယ်ပုံမှန်လည်ပတ် ခြင်းမရှိတဲ့ အိမ်ခြံမြေဈေးကွက်မှာ ကျပ်သိန်း ၁,၀၀၀ အောက်ဈေးနှုန်းရှိတဲ့ အိမ်ခြံမြေတွေသာ အများဆုံးအလုပ်ဖြစ်နေကြောင်း ဈေးကွက် သတင်းတွေအရ သိရပါတယ်။
ငွေကြေးရင်းနှီးမြှုပ်နှံမှုမှာ အမြင့်ပိုင်း ကို တတ်နိုင်တဲ့သူတွေအနေနဲ့ လတ်တလော ဈေးကွက် အနေအထားအရ အလုပ်လုပ်ဖို့ စိတ်ဝင်စားမှုနည်းပါးနေဆဲဖြစ်ပြီး နေထိုင်ဖို့အတွက် မဖြစ်မနေ ဝယ်ယူဖို့ လိုအပ်နေသူတွေနဲ့ ကျပ်သိန်း ၁,၀၀၀ အောက် ဈေးနှုန်းတွေသာ အလုပ်ဖြစ်တာ များကြောင်း မြို့သစ် အိမ်မြေအကျိုးဆောင်တွေဆီက သိရပါတယ်။
ကျပ်သိန်း ၁,၀၀၀ အောက်ဈေးနှုန်းလို့ ဆိုရာမှာ အခြေကျပြီးဖြစ်တဲ့ မြို့သစ်အရှေ့တောင်ဘက် ဖျားက ဧရိယာတွေနဲ့ မြို့တွင်းမှာဆိုရင်လည်း အတွင်းပိုင်းကျတဲ့ အပိုင်းတွေကို အမှန်တကယ် နေထိုင်ဖို့ လိုအပ်သူတွေက စိတ်ဝင်စားကြကြောင်း သိရပါတယ်။ ဒီနေရာမှာ မြေဈေးကွက် အရောင်းအဝယ်ပြန်လည ်သွက်လက်လာခဲ့ရင် အခုပြောခဲ့တဲ့ မြို့သစ်က အတွင်းပိုင်းကျတဲ့ မြေနေရာတွေဟာ မြို့တွင်းက အတွင်းပိုင်းကျတဲ့ မြေနေရာတွေထက် အရောင်းအဝယ် ပိုသွက်နိုင်တယ်လို့လည်း အကျိုးဆောင်အများစုက ပြောပါတယ်။
အခုအခါမှာ ကျပ်သိန်း ၁,၀၀၀ အောက် ဈေးခေါ်နေတဲ့ မြို့ကွက်သစ်ဧရိယာတွေ က မြေဈေးနှုန်းတွေဟာ ဈေးကွက်အရောင်းအဝယ် သွက်ချိန်က နှုန်းထားတွေနဲ့ နှိုင်းယှဉ်ရင် ဈေးချရောင်းလာတဲ့ နှုန်းထားတွေဖြစ်ကြောင်းလည်း ဈေးကွက်သတင်းတွေအရ သိရပါတယ်။ ဒါပေမဲ့ အဓိကလမ်းမတွေပေါ်တင်ပြီး အကွက်အကွင်းကောင်းတဲ့ နေရာတွေဆိုရင်တော့ ဈေးနှုန်းမာနေဆဲဖြစ်ပြီး ကျပ်သိန်းသောင်း ဂဏန်းပတ်ချာလည် ဈေးခေါ်တဲ့ မြို့တွင်း နေရာကောင်းတွေကတော့ အရောင်းအဝယ်များစွာ နှေးကွေးနေကြောင်း သိရပါတယ်။
အခြေခံလူတန်းစားတွေနဲ့ လူလတ်တန်းစားတချို့အတွက် နေစရိတ်နဲ့ မြေဈေးနှုန်းတွေက ကြီးမြင့်နေလို့ မြို့ အရှေ့ဖျားက တချို့ဧရိယာတွေမှာ ပိုင်ဆိုင် မှုအထောက်အထား မခိုင်မာ ဘဲနဲ့တောင် ဆယ်ဂဏန်းဈေးနှုန်းတန်းနဲ့ ပေကျဉ်း မြေကွက်တွေကို စွန့်စား ဝယ်ယူ သူတွေရှိနေကြောင်း သိရပါတယ်။ ဒီအနေအထားမှာ အတွင်းပိုင်းကျပေမယ့် တရားဝင်မြေကွက် ဖြစ်တဲ့ ကျပ်သိန်း ၁,၀၀၀ တန်းမြေကွက် တွေဟာ နေထိုင်ဖို့သာမက တစ်ချိန်မှာ ပြန်ရောင်းချင်ရင်လည်း ဈေးကွက်ဝင်တာ ကြောင့် လူလတ်တန်းစားအတွက် စိတ်ဝင် စားစရာဖြစ်နေတယ်လို့ အကျိုးဆောင် တချို့က ဆိုပါတယ်။
Ref : Myanmar Times
Posted By : Wai Phyoe Aung
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ