By Myanmar Builders Guide, Shweproperty.com
Updated at 1 April 2019
ဒီလအတွင်းမှာလည်း အိမ် ခြံ မြေ ဈေးကွက်မှာအငှားဈေးကွက်သာ အားကောင်းနေခဲ့ပါတယ်။ပြည်တွင်း အိမ် ခြံ မြေ အကျိုးဆောင်တွေရဲ့ သုံးသပ်ပြောကြားချက်အရ အငှာေးဈးကွက်ဟာ ဈေးနှုန်းမြင့်တက်လာခဲ့ပေမယ့် အရောင်းအ၀ယ်ပိုင်းမှာ အားကောင်းလာဖို့ကတော့ မျှော်လင့်နေရဆဲဖြစ်တယ်လို့သိရပါတယ်။မတ်လရဲ့ ဈေးကွက်အခြေအနေတွေကို ခုလိုပဲမေးမြန်းဖော်ပြပေးလိုက်ပါတယ်။
" အိမ်ရာစီမံကိန်းများ”
မြို့ပြစနစ်ဖွံ့ဖြိုးလာတာနဲ့အမျှ အဆင့်မြင့်အိမ်ရာစီမံကိန်းတွေ ပေါ်ပေါက်လာပါတယ်။ဒီလို စီမံကိန်းတွေရဲ့အရောင်းအဝယ်ပိုင်းဟာလည်း ဒီလထဲမှာ အရောင်းအဝယ်မသွက်ဘူးဆိုပေမယ့် အတန်အသင့်ဖြစ်ထွန်းခဲ့တယ်လို့ သိရပါတယ်။
"" Down Town Area""
မြို့တွင်း ခြောက်မြို့နယ် ရဲ့ အနေအထားကတော့ အငှားပိုင်းက ဆက်လက်ဦးဆောင်လျက်ရှိတယ်လို့ သိရပါတယ်။ ဒီလို ဦးဆောင်မှုဟာ ၀ါမ၀င်ခင်ကာလအထိ ဆက်လက်ဖြစ်ထွန်းနေနိုင်ကြောင်းလည်း မြန်မာနိုင်ငံအိမ်ခြံမြေ အသင်းမှ တာဝန်ရှိသူတစ်ဦးကပြောပါတယ်။ အရောင်းအ၀ယ် ပိုင်းဆိုင်ရာမှာတော့ မြို့တွင်း ခြောက်မြို့နယ်ထက် ပြင်ပမြို့နယ်တွေမှာသာ ပိုအလုပ်ဖြစ်နေတယ်ဆိုတာလည်း သိရပါတယ်။DownTown အပြင် အခြားသော မြို့နယ်တြွေုဖစ်တဲ့ ရန်ကင်း ၊ တာမွေ၊ တောင်ဥက္ကလာပ ၊ မြောက်ဥက္ကလာဘက်တွေမှာလည်း အငှားပိုင်းဆိုင်ရာစီးပွားရေးဆိုင်ရာ အားကောင်းနေတယ်လို့သိရပါတယ်။ အငှားပိုင်းဈေးကွက်မှာ သင်္ကြန်လွန်ကာလတွေဟာ ပိုမိုအငှားသွက်ခဲ့သလို ပိုမိုဈေးတက်လာခဲ့တယ်ဆိုတာလည်း အခြေစိုက်အကျိုးဆောင်တွေထံက သိရပါတယ်။
" ဒဂုံလေးမြို့နယ် "
ဒဂုံမြို့သစ် အရှေ့ ၊ တောင် ၊ မြောက် ၊ ဆိပ်ကမ်း အားလုံးမှာ အရောင်းအဝယ်အားကောင်သလို အငှားလည်းအားကောင်းနေပါတယ်။ဒီထဲကမှ အငှားအဖြစ်ဆုံးကတော့ မြောက်ဒဂုံပဲဖြစ်ပါတယ်။ လူနေထိုင်ရန်နဲ့ စီးပွါးရေးလုပ်ကိုင်ရန် ရည်ရွယ်ချက် နှစ်မျိုးနဲ့ အငှားဈေးကွက် သွက်လက်မြန် ဆန်နေတာပါလို့ ဒဂုံလေးမြို့နယ် အဓိကထားလုပ်ကိုင်တဲ့ အခြေစိုက် အကျိုးဆောင်တွေကပြောပါတယ်။ဒဂုံဆိပ်ကမ်းအပါအ၀င် တောင်ဒဂုံမြို့နယ်တွေမှာတော့ ဈေးကွက်အတွင်း ဈေးနှုန်းသိသိသာသာကြီးမြင့်သွားတာမျိုး မရှိဘူးလို့လည်း သိရပါတယ်။ဒဂုံ စက်မှုဇုန်တွေ အတွင်းမှာတော့ အရောင်း အ၀ယ် အငှား သိသိသာသာ ဖြစ်ထွန်းနေတာမျိုးမရှိပါဘူး။ မြောက်ဒဂုံရဲ့အရောင်းအဝယ်ပိုင်းမှာ သိန်း ၁၀၀၀ ဝန်းကျင်တွေအလုပ်ဖြစ်နေပြီး ၊ ဒဂုံဆိပ်ကမ်းဘက်မှာတော့ သိန်း ၂၀၀ ပတ်လည်တွေ အရောင်းအ၀ယ်ဖြစ်တယ်လို့ သိရပါတယ်။
Ref & Photo Credit : Myanmar Builders Guide
Posted By : Sint Sint (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ