By 7daydaily, Shweproperty.com
Updated at 26 January 2015
ယခုနှစ်အတွင်း အိမ်ခြံ မြေဈေးနှုန်းအကျဘက် ဦးတည်နေပြီး ရွေးကောက်ပွဲနောက်ပိုင်းတွင် ဈေးနှုန်းထပ်မံကျဆင်းသွားနိုင်ကြောင်း အိမ်ခြံမြေလုပ်ငန်းရှင် များထံမှ သတင်းရရှိသည်။
လက်ရှိအချိန်တွင် လုံးချင်း အိမ်၊ ကွန်ဒိုနှင့် တိုက်ခန်းများ ရောင်းဝယ်မှုအသင့်အတင့်သာရှိ ပြီး ဈေးနှုန်းကျဆင်းနေကြောင်း အိမ်ခြံမြေ လုပ်ငန်းရှင်များ အသင်း ဥက္ကဋ္ဌ ဦးခင်မောင်သန်းကပြောသည်။
‘‘အခု အခြေအနေအတိုင်းတာ ဆက်သွားမယ်ဆိုရင် ၂၀၁၅ ရွေးကောက်ပွဲပြီးရင် အိမ်ခြံမြေဈေးနှုန်းက ကျဆင်းပြီး ပုံမှန်နှုန်းအတိုင်းဖြစ်သွားမယ်’’ဟု ၎င်းက ပြောသည်။
ကွန်ဒို တိုက်ခန်းများသည် အမြင့်ဆုံးနှုန်းများသာဖြစ်နေပြီး ထပ်မံဈေးတက်၍ မဖြစ်နိုင်တော့ ကြောင်း ဦးခင်မောင်သန်းက ဆို သည်။ ကွန်ဒိုမီနီယမ်ဥပဒေထွက် ပေါ်လာပါက ကွန်ဒိုမှ ရိုးရိုး တိုက်ခန်း၊ ယင်းမှတစ်ဆင့် မြေ ဈေးပါသက်ရောက်နိုင်ကြောင်း ယင်းအသင်း ဒုဥက္ကဋ္ဌ ဦးသန်းဦးကပြောသည်။
လက်ရှိ အိမ်ခြံမြေဈေးနှုန်း ကျဆင်းလာခြင်းမှာ ပြည်တွင်း၊ ပြည်ပမှ ငွေမည်းများ ဝင်မလာ တော့ခြင်း၊ ပြည်တွင်းလုပ်ငန်းရှင် များမှ ငွေကြေးများဝင်ရောက်မှု မရှိခြင်းနှင့် ၂၀၁၅ နိုင်ငံရေးအ ပြောင်းအလဲကို စောင့်ကြည့်နေ ခြင်းကြောင့်ဖြစ်ကြောင်း ၎င်းက ဆက်လက်သုံးသပ်သည်။
အိမ်ခြံမြေအတွက် သီးသန့် အမိန့်၊ ဥပဒေထွက်ပေါ်လာခြင်း၊ ရောင်းချမှုတစ်ပေပတ်လည် ဈေး နှုန်းကာလပေါက်ဈေးနှင့် လိုက် လျောညီထွေမှုမရှိသည်ကို ပြင် ဆင်ခြင်း၊ ကြီးကြီးမားမားစီးပွား ရေးစီမံကိန်းများ စသည့်အချက် များ မဖြစ်ပေါ်လာပါက အိမ်ခြံ မြေဈေးနှုန်း တက်လာနိုင်ခြင်းမရှိနိုင်ကြောင်း ဦးသန်းဦးက ပြောသည်။ ၂၀၁၅ အစိုးရသစ် မူဝါဒကြောင့် အိမ်ခြံမြေဈေးနှုန်းများပြောင်းလဲမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။
မြန်မာနိုင်ငံတွင် ဈေးတက် ပြီးသား ပစ္စည်းတစ်ခုသည် ပြန်ကျလေ့မရှိသော်လည်း လက်ရှိအိမ် ခြံမြေဈေးမှာ အေးစက်ပြီး အကျ ဘက်သို့ ဦးတည်နေသည်။ ၂၀၁၅ရွေးကောက်ပွဲနိုင်ငံရေးအပြောင်း အလဲကလည်း အိမ်ခြံမြေဈေးနှုန်း များကျဆင်းကာ ပုံမှန်ဖြစ်သွား နိုင်ကြောင်း စိုင်းခွန်နောင်အိမ်ခြံ မြေအကျိုးဆောင်လုပ်ငန်း ပိုင်ရှင် ဦးစိုင်းခွန်နောင်ကပြောသည်။
လက်ရှိတိုက်ခန်း အများအပြားအကောင်အထည်ပေါ်လာ မှုသည်လည်း အိမ်ခြံမြေဈေးနှုန်း ကျဆင်းစေကြောင်း အိမ်ခြံ မြေပွဲစားများကဆိုသည်။ လက်ရှိ အချိန်တွင် အရောင်းအဝယ်ဖြစ် သော်လည်း အောက်ကြေးများ ဖြင့် အရောင်းအဝယ်ဖြစ်နေ ကြောင်း သင်္ဃန်းကျွန်းမြို့နယ်မှ အိမ်ခြံမြေပွဲစား ဒေါ်ခင်သန်းက ပြောသည်။
‘‘ဒီဘက်မှာ တိုက်ခန်းတွေ အများကြီးဆောက်တယ်။ ဝယ် မယ့်သူမရှိတော့ ငွေလိုတဲ့သူတွေ က အောက်ဈေးနဲ့ ရောင်းနေကြတယ်။ ဈေးကွက်သဘောအရ ရောင်းမယ့်သူများလာရင် ဈေးက ဆက်ကျနေမှာပဲ’’ဟု ၎င်းကဆို သည်။ မြန်မာနိုင်ငံ၏ စီးပွားရေး သည် ကောင်းမွန်သည့် အနေအထား မရောက်ရှိသေးသော ကြောင့် ယင်းအပေါ် မှီခိုနေသည့် အိမ်ခြံမြေဈေးကွက်သည်လည်း ဈေးကွက်ပျက်နိုင်ကြောင်း မဏ္ဍိုင်အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်း ပိုင်ရှင် ဦးသန်းဦးက ပြောကြားသည်။
မြေယာဈေးနှုန်းများ ကြီးမြင့်နေမှုကို ထိန်းချုပ်ရန် ပြည်နယ်နှင့် တိုင်းဒေသကြီးဒေသအလိုက် ကိုက်ညီသော ‘‘ပိုင်ဆိုင်မှု အခွန်(Property Tax)’’အခွန်ကောက်စနစ်ကို ဖော်ဆောင်ပေးသွားမည်ဖြစ်ပြီး ဥပဒေပြုရန် လိုအပ်ပါက ဘဏ္ဍာရေးဝန်ကြီးဌာနက ဆောင်ရွက်သွားမည်ဟု သမ္မတ ရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးမောင်ကပြောကြားထားသည်။
Ref : 7Day
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ