By kumudra, Shweproperty.com
Updated at 29 May 2013
ယခုရက်ပိုင်းအတွင်း ဒေါ်လာဈေး ဆက်တိုက်တက်လာတာကြောင့် အိမ်ခြံမြေ အရောင်းအဝယ်ဈေးကွက်မှာ ဈေးလျှော့ရောင်းတာတွေ ရှိလာတယ်လို့ သိရပါတယ်။
‘အရောင်းအဝယ်ကလဲ သိပ်မဖြစ်တော့ ဈေးနှုန်းတွေကလဲ အရင်ဈေးထက်အောက်ဆင်းပြီး ရောင်းနေကြတယ်၊ ဒါလဲအဆင်မပြေဘူး၊ သူတို့ကလဲ ဒေါ်လာဈေးကို စောင့်ကြည့်နေကြတယ်’ လို့ အိမ်ခြံမြေအကျိုးဆောင်ဦးအေးမြင့်က ပြောပါတယ်။
အိမ်ခြံမြေအရောင်းအဝယ်က ယခုရက်ပိုင်းအတွင်း အေးပါတယ်။ တချို့က အရင်ပေါက်ဈေးထက် လျှော့ရောင်းကြပေမဲ့ အရောင်းအဝယ်ကတော့ မရှိသလောက် နည်းပါးလှပါတယ်။ တချို့က အိမ်ခြံမြေဝယ်ချင်ပေမဲ့ ဈေးထပ်ကျမလား စောင့်ကြည့်နေကြတာကြောင့် အိမ်ခြံမြေဈေးကွက် အေးနေတာလို့ သိရပါတယ်။
‘ကျွန်တော်တို့လဲ ပြောရခက်နေတယ်၊ စောင့်ကြည့်နေတာပါ၊ ဒေါ်လာဈေးကလဲ ဆက်တိုက်တက်နေတာ၊ ဒေါ်လာဈေးကို ကျပ် ၁၀၀၀ အထိ တက်မယ်လဲ ပြောတယ်၊ ၁၀၀၀ ကျော်ရင်လဲ ကျော်မယ် ပြောနေတယ်’လို့ အကျိုးဆောင်ဦးအေးမြင့်က ပြောပါတယ်။
ဒေါ်လာဈေး တက်နေတာကြောင့် အိမ်ခြံမြေဈေး ဈေးမငြိမ်တာတွေလည်း ရှိလာပါတယ်။ ယခုလက်ရှိအရောင်းအဝယ် ပြုလုပ်တဲ့ အိမ်ခြံမြေဈေးတချို့ရဲ့ ဈေးနှုန်းက ကျပ်သိန်း ၅၀၀၀ တန်မြေကွက်ကို သိန်း ၄၂၀၀ အထိလျှော့ရောင်းတာမျိုး၊ သိန်း ၁၅၀၀ တန်ကို သိန်း ၁၂၀၀ နဲ့ရောင်းချပေမဲ့ အရောင်းအဝယ်မဖြစ်ဘူးလို့ သိရပါတယ်။
‘အခုလဲ ငုတ်တုတ်ပဲ အရောင်းအဝယ်မဖြစ်တော့၊ မိုးကလဲ ရွာတဲ့အခါကျတော့ ပိုဆိုးတယ်၊ ဈေးနှုန်းတွေကလဲ အရင်ဈေးထက် ချပြီး ရောင်းနေတာတောင် အဆင်မပြေဘူး’လို့ အကျိုးဆောင်လုပ်ငန်းလုပ်သူတချို့ထံက သိရပါတယ်။
ဒါကြောင့် အရောင်းအဝယ်ပြုလုပ်တဲ့ သူတွေလည်း ဈေးနှုန်းကို စောင့်ကြည့်နေကြပါတယ်။
Ref: Kumudra
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ