By Shwe Kyaw, Shweproperty.com
Updated at 4 May 2020
ဒီအချိန်မှာ ဘာကြောင့် အိမ်ဝယ်သင့်လဲ?
ကိုဗစ်-၁၉ ကူးစက်ရောဂါကြောင့် အဘက်ဘက်က အကျိုးသက်ရောက်မှုတွေရှိနေတဲ့အချိန်မှာ လူတိုင်းဟာ ကိုယ်ပိုင်ဆိုင်တဲ့ ငွေကြေးကို ချင့်ချိန်သုံးစွဲနေကြရပါတယ်။ ငွေကြေး အရင်းအနှီးတစ်ခုပြုလုပ်ဖို့တောင် အသေအခြာစဉ်းစားနေရတာပါ။
ဒါပေမယ့် တစ်ဖက်မှာလည်းအိမ်ဝယ်ပြီး ရင်းနှီးမြှုပ်နှံမှု လုပ်မယ့်သူအတွက်တော့ အခွင့်အလမ်းကောင်းတွေရှိနေပါတယ်။
ဝယ်သူ့ဈေးကွက် အကောင်းဆုံးအချိန်လို့ဆိုနိုင်ပါတယ်။
ရောင်းမယ့် တိုက်တာ အဆောက်အအုံတွေအများအပြားရှိနေပြီး ဝယ်သူက ငွေကြေးသုံးစွဲဖို့ တုံ့ဆိုင်းနေတဲ့အချိန်လည်း ဖြစ်နေတော့ တနည်းအားဖြင့် ရောင်းလိုအားများနေတဲ့ အချိန်လို့လည်း ဆိုနိုင်ပါတယ်။
အရင်က Down Payment ၃၀ ရာခိုင်နှုန်း လိုဆိုပေမယ့် အခုအခါမှာတော့ Down Payment ပုံစံအမျိုးမျိုးနဲ့ ရောင်းချနေတာတွေ့ရသလို ၊ ဘဏ်တွေကလည်း အိမ်ရာချေးငွေ အတိုးနှုန်းထားတွေ လျှော့ချနေတာတွေ့ရပါတယ်။
တစ်ချို့ Developer တွေဆိုရင် 0% Down Payment နဲ့ ရောင်းချပေးနေတာလည်း တွေ့ရပါတယ်။
ဒီအချက်တွေဟာ အိမ်ရာဝယ်ယူသူတွေအတွက် အကောင်းဆုံး အခွင့်အလမ်းတွေပါ။
အိမ်နီးချင်းစင်ကာပူနိုင်ငံကအခြေအနေတချို့ကိုလေ့လာကြည့်ရအောင်ပါ
စင်ကာပူနိုင်ငံမှာဆိုရင် ဒီနှစ် ၂၀၂၀ မှာ ရောင်းဖို့ကျန်နေတဲ့ အိမ်ခန်းပေါင်း သုံးသောင်းကျော်ရှိနေပါတယ်။
ရောင်းဖို့ ကျန်နေတဲ့ အိမ်ခန်းတွေကို ကိုဗစ်-၁၉ ကာလအတွင်းမှာ အထူးပရိုမိုးရှင်း အထူးလျှော့ဈေးတွေနဲ့ ရောင်းချပြီး အိမ်ခြံမြေကဏ္ဍကို ပိုမိုလှုပ်ရှားရှင်သန်အောင်ကြိုးစားနေပါတယ်။
အိမ်ရာချေးငွေ အတိုးနှုန်းအတွက်လည်း စင်ကာပူနိုင်ငံက ဘဏ်အများစုက အတိုးနှုန်း တစ်ရာခိုင်နှုန်း နီးနီးအထိလျှော့ချယူခဲ့တာတွေ့ရပါတယ်။
ဒါဟာလည်း ဝယ်သူ့ဈေးကွက် အကောင်းဆုံးအချိန်တစ်ခုကို ရောက်နေခြင်းကိုပြသနေတာပဲဖြစ်ပါတယ်။
ကိုဗစ်-၁၉ ကာလအတွင်းမှာ အိမ်ခြံမြေဈေးနှုန်းတွေလည်း ၁ ဒသမ ၂ ရာခိုင်နှုန်းအထိကျဆင်းနေပါပြီ။
စင်ကာပူနိုင်ငံရဲ့ အိမ်ခြံမြေကျွမ်းကျင်သူတွေက (၈) ရာခိုင်နှုန်းအထိကျဆင်းနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။
ဒါဟာ စင်ကာပူနိုင်ငံရဲ့ အိမ်ခြံမြေကဏ္ဍအတွက် အလှည့်အပြောင်းတစ်ခုလည်းဖြစ်ပါတယ်။
စင်ကာပူနိုင်ငံရဲ့ အိမ်ခြံမြေကဏ္ဍ သမိုင်းကြောင်းကို ပြန်ကြည့်ရင် ၂၀၁၃ ခုနှစ် SARS ရောဂါဖြစ်နေတဲ့ အချိန်မှာ ရောင်းဖို့ကျန်နေတဲ့ အိမ်ခန်းပေါင်း တစ်သောင်းကျော်ရှိခဲ့ပါတယ်။
အဲဒီအခန်းတွေထဲက ၈၆ ရာခိုင်နှုန်းကို အောင်မြင်စွာရောင်းချနိုင်ခဲ့ပါတယ်။
ဒါကြောင့် နိုင်ငံတကာမှာ အိမ်ခြံမြေဈေးကွက်ဟာ အေးခဲရပ်တန့်မသွားဘဲ ဝယ်သူ့ဈေးကွက် ဖြစ်လာတာကြောင့် ဝယ်ယူသူတွေအတွက် အခွင့်အလမ်းတွေ ရှိနေမှာဖြစ်သလို မြန်မာနိုင်ငံမှာလည်းအလားတူအပြောင်းအလဲတစ်ချို့ကို မြင်တွေ့လာရပါကြီ ဗဟိုဘဏ်ညွှန်ကြားချက်နဲ့ ပြည်တွင်းဘဏ်တွေရဲ့အိမ်ရာချေးငွေအတိုးနှုန်းတွေကို တစ်ဆင့်ခြင်းလျော့ချလာကြတာတွေ့ရပါတယ်။ ဒါအပြင် Developer များနဲ့ အိမ်ရောင်းချသူများဘက်ကလည်း ဝယ်သူများအတွက်ပိုမိုအဆင်ပြေစေမယ့် အစီအစဉ်တွေပြုလုပ်ပြီးရောင်းချလာကြတာတွေ့ရပါတယ်။
Written By: Shwe Kyaw (ShweProperty.com)
Photo credit : Property Guru
Posted By: Ra Wai (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ