By Myanmar Times, Shweproperty.com
Updated at 11 May 2016
အိမ်ခြံမြေဈေးကွက် အရောင်းအဝယ် လည်ပတ်မှု နှေးကွေးရတဲ့ အကြောင်းရင်းတွေထဲမှာ ဈေးကွက်ထဲမှာ ခေါ်နေတဲ့ ပေါက်ဈေး တန်းထက် ဈေးပိုဆိုကြတာကလည်း တစ်ချက် အပါအဝင်ဖြစ်နေကြောင်း အိမ်ခြံမြေအကျိုးဆောင်တချို့က ပြောပါတယ်။
အိမ်ခြံမြေအရောင်းအဝယ်မှာ အခွန် နှုန်းထား သတ်မှတ်ချက်ဟာ အဓိက ထည့်သွင်း စဉ်းစားလေ့ရှိကြတဲ့ အချက်တစ်ခု ဖြစ်ပေမဲ့ ပေါက်ဈေးတန်းကလည်း အရေး ပါတဲ့ အချက်တစ်ခု ဖြစ်နေပါတယ်။
ပြီးခဲ့တဲ့ ၂၀၁၀ နှစ်ကုန်ပိုင်းလောက်မှာ မန္တလေး မြို့သစ် ဧရိယာတွေမှာ အိမ်ခြံမြေ အရောင်း အဝယ်တွေ သိသိသာသာ ကောင်းခဲ့ပြီး ဈေး နှုန်းတွေ မြင့်တက်သွားခဲ့တဲ့ နောက်ပိုင်းမှာ အရောင်းအဝယ် ပြန်နှေးသွားခဲ့တာဟာ လက်ရှိအချိန်အထိလို့ ပြောရမှာ ဖြစ်ပါတယ်။ ဒီလို နှစ်ရှည်ကြာ အရောင်းအဝယ်နှေးသွားတဲ့ အကြောင်းရင်းတွေထဲမှာ ဈေးနှုန်းတွေ အချိန်တိုအတွင်း မြင့်တက်သွားခဲ့တာနဲ့ အမြင့်ဈေးတန်းတွေကနေ ပြန်မကျဘဲ တင်းခံနေခဲ့တာတွေကြောင့် ဖြစ်ပြီး အချိန်ကို ပြန်စောင့်နေရတဲ့သဘောလို့ မြို့သစ်က အကျိုးဆောင်အများစုက သုံးသပ်ကြပါတယ်။
ဒီကြားထဲမှာ အိမ်ခြံမြေ အရောင်းအဝယ်အပေါ် ကောက်ခံမယ့် အခွန်နှုန်းထား သတ်မှတ်ချက် မတည်ငြိမ်မှု တွေကလည်း ဈေးကွက်ကို အလုပ်လုပ်ဖို့ ထက် စောင့်ကြည့်လိုသူတွေသာ ပိုမို များပြား စေခဲ့ပါတယ်။ ဒါတွေအပြင် ဈေးကွက်တစ်ခုမှာ လတ် တလော အရောင်းအဝယ်ဖြစ်တဲ့ ဈေးနှုန်း တန်းထက် ဈေးပိုခေါ်တာမျိုးတွေ ရှိတဲ့ အတွက်ကြောင့်လည်း အလုပ်မဖြစ်ပါဘူး။ ပေါက်ဈေးတန်းထက် ပိုခေါ်တာမျိုးကြောင့် မြို့တွင်းရော မြို့သစ်ဧရိယာမှာပါ အရောင်း အဝယ်ဖြစ်ဖို့ ခက်ပြီး ဈေးကွက်ဖျက်သလိုဖြစ်တယ်လို့လည်း အကျိုးဆောင်တချို့က ပြော ပါတယ်။ ဈေးပိုခေါ်မယ်ဆိုရင် ကိုယ့်ပိုင်ဆိုင်မှု အကွက်အကွင်းဟာ ထူးခြားတဲ့ အားသာ ချက်တွေ ရှိနေသင့်တယ်လို့လည်း အကျိုး ဆောင်တချို့က ဆိုပါတယ်။
ထူးခြားတဲ့ အားသာချက်တွေ ဆိုရာမှာ နေရာအကွက်အကွင်း၊ ခြံမျက်နှာလှည့်၊ လမ်း၊ သွားလာရေး၊ အချက်အချာကျမှု စတာတွေ ဖြစ်ပါတယ်။ ဒီအားသာချက်အများစု ရှိရင်တောင်မှ လတ်တလောဈေးကွက် အရောင်းအဝယ် နှေးကွေးနေမှုအရ အခုအခါမှာ ဈေးပိုခေါ် ရင် အလုပ်ဖြစ်ဖို့ခက်ခဲနိုင်ပြီး ဝယ်သူအားသာတဲ့ ဈေးကွက်သာ ဖြစ်နေပါတယ်။ ဒီလို အားသာချက်တွေ မရှိဘဲ တချို့ပိုင်ရှင်တွေက ပေါက်ဈေးထက် ပိုခေါ်တာမျိုးတွေ ရှိနေပြီး ဒါဟာ အရောင်းအဝယ်ဖြစ်ဖို့ အချိန်ကြာမြင့်နိုင်ကြောင်း အကျိုးဆောင်အများစုက ဆိုပါတယ်။
Ref : Myanmar Times
photo Credit : Myanmar Times
posted By : Moe Thae
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ