By Yangon Media Group, Shweproperty.com
Updated at 26 May 2017
မြကျွန်းသာ အပန်းဖြေဥယျာဉ်အတွင်း နှစ်ရှည်ငှားရမ်းထားသော ကုမ္ပဏီများအား လုပ်ငန်းဆောင်ရွက်ရန်အတွက် ရုပ်သိမ်းရန် မရှိသော်လည်း Master Pla အတိုင်း ဆောင်ရွက်ပါက ပူးပေါင်းသွားမည်ဖြစ်ကြောင်း သိရသည်။ မြကျွန်းသာ အပန်းဖြေဥယျာဉ်အတွင်း နှစ်ရှည် ငှားရမ်းမှုများနှင့် ကန်ရေပြင်ဘက် ကျုးကျော် ဆောက်လုပ်ထားခြင်းများအပေါ် ခွင့်ပြုပေးရန် ရှိ၊ မရှိနှင့် ပတ်သက်၍ မေ ၂၂ ရက်က ကျင်းပပြုလုပ်ခဲ့သည့် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အစည်းအဝေးတွင် ဒေါ်စန္ဒာမင်း၏ မေးမြန်းချက်အပေါ် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးမြင့်သောင်းက ပြန်လည် ဖြေကြားခဲ့ခြင်း ဖြစ်သည်။
''မြကျွန်းသာ အပန်းဖြေဥယျာဉ်နဲ့ပတ်သက်ပြီး ၂ဝ၁၇ ခုနှစ် ဇန်နဝါရီ ၅ ရက်မှာ ပြုလုပ်ခဲ့တဲ့ အမှတ်စဉ် ၁/၂ဝ၁၇ အစည်းအဝေးမှာ တင်ပြခဲ့ပြီး ဆုံးဖြတ်ချက် အပိုဒ် ၃၅ အရ အဆောက်အအုံတွေရော Location Plan ရော Master Pla ပြန်ရေးဆွဲဖို့အတွက် စည်ပင်သာ ယာရေးကော်မတီကို တင်ပြခဲ့တယ်။ အဲဒီ Plan အရလဲ ဆက်လုပ်ဖို့ရှိတယ်'' ဟု ၎င်းက ပြောသည်။ အဆိုပါ ဥယျာဉ်အတွင်း အဆောက် အအုံများ ဆောက်လုပ်ရာတွင် စာချုပ်ပါအချက် များနှင့် ကွဲလွဲမှုရှိပါက ချက်ချင်း ပြန်ဖြုတ်သိမ်းပေးရမည်ဆိုသည့် အချက်ပါရှိသည်။ ထို့ ကြောင့် မြစ်ချောင်းများ၊ ကန်များအနီး အဆောက်အအုံ ဆောက်လုပ်ပါက အနည်းဆုံး ပေသုံးဆယ်ခန့် အကွာအဝေးမှ ဆောက်လုပ် ထားမှုအား ခွင့်ပြုသွားမည် မဟုတ်ဘဲ ပြန် လည် ဖျက်သိမ်းသွားမည်ဖြစ်ပြီး၊ ကန်ရေပြင်အနီး ဆောက်လုပ်သည့် အဆောက်အအုံ များ၏ အမြင့်ပေများကိုလည်း ပြန်လည်စိစစ်သွားမည်ဖြစ်ကြောင်း သိရသည်။
''ငှားရမ်းထားတဲ့ ကုမ္ပဏီကို ပြန်ရုပ်သိမ်းဖို့ မရှိဘူး။ ဒါပေမဲ့ မလုပ်နိုင်တာတွေ ရှိတယ်။ ကျွန်တော်တို့ Master Plan အတိုင်း လုပ်နိုင်လို့ ပူးပေါင်းသွားမယ်ဆိုရင်တော့ ဖိတ်ခေါ်သွားမယ်။ ပူးပေါင်းဆောင်ရွက်သွားမယ်။ ရန်ကုန်တိုင်းဒေသကြီး အစိုးရကို တင် ပြတဲ့ Master Plan ဆွဲပြီးသွားပြီ။ ကျလဲကျပါပြီ။ ရရင်လဲ သက်ဆိုင်ရာ မြို့နယ်ကိုယ်စား လှယ်တွေကို ခေါ်ပြီး ချပြမယ်။ တိုင်းဒေသကြီးနဲ့ ပြည်နယ်က လွှတ်တော်ကိုယ်စားလှယ် တွေ ပါရမယ်။ အကောင်အထည်ဖော်ဖို့ ဘယ်လိုဆောင်ရွက်သွားမလဲဆိုတာ ဆွေးနွေး မယ်''ဟု ဝန်ကြီး ဦးမြင့်သောင်းက ပြန်ဖြေကြားခဲ့သည်။ မြကျွန်းသာ အပန်းဖြေဥယျာဉ်အား နိုင်ငံတကာအဆင့်မီ သဘာဝဥယျာဉ်ကြီး(Natural Park) အသွင်သဏ္ဌာန် ဖြစ်စေပြီး အများပြည်သူ အပန်းဖြေနိုင်သည့် (Recreation Centre) (Relaxation Centre)ဖြစ်စေရန် အများပြည်သူ လွတ်လပ်စွာ အနားယူနိုင်မည့် (Relaxation Centre)ဖြစ်ရန် ရည်ရွယ်၍ ကုမ္ပဏီရှစ်ခုအား ၂ဝ၁၃ ခုနှစ် ဧပြီ ၈ ရက်တွင် အငှား စာချုပ် ချုပ်ဆိုကာ အငှားချထားခဲ့ကြောင်း သိရသည်။
ထိုသို့ အငှားချရာ၌ မြေတစ်ဧကအတွက် ကျပ်ဆယ်သိန်းနှုန်းဖြင့် Inya Palace Co., ltd (၁ ဒသမ ၈၃ ဧက)၊ Mandalay Golden Win နှင့် Magic Land Co., ltd (၁၃ ဒသမ ၈၆၄၃ ဧက)၊ Game City နှင့် Ryuji Co., ltd (၁ ဒသမ ၃၇၇ ဧက)၊ Nay La Pwint (၂ ဒသမ ၆ဝ၆ ဧက)၊ Edin (၄ ဒသမ ၇၂၉ ဧက)၊ Good Shan Brother (၇ ဒသမ ၇၈၉ ဧက)နှင့် Myanmar Golden Star (၄ ဒသမ ၁၅၂ ဧက)၊ Max Myanmar မှ(၆ ဒသမ ၈၆၅ ဧက)စသည်ဖြင့် အသီးသီး အငှားချထားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
Ref & Photo Credit : Yangon Media Group
Posted By : Myat Minn
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ