By ကုမုဒြာ, Shweproperty.com
Updated at 31 May 2013
စီမံကိန်းအနီးအနားက မြေဈေးတွေ တက်လာလို့ မှော်ဘီဘက်က မြေတချို့ လတ်တလောမှာ အဝယ်လိုက်လာတယ်လို့ သိရပါတယ်။
စီမံကိန်းအနီးနားက မြေတွေ ဈေးငါးဆလောက် တက်လာပါတယ်။ အရင်က လမ်းမတန်းတွေလောက်ပဲ အရောင်းအဝယ်ဖြစ်ပေမဲ့ အခုနောက်ပိုင်း အတွင်းဘက်အကွက်တွေပါ အရောင်းအဝယ်ဖြစ်လာပါတယ်။ ဈေးကလည်း ထောင်ချီဖြစ်သွားလို့ မှော်ဘီလိုနေရာမျိုးက မြေတွေကို ပိုစိတ်ဝင်စားလာကြပါတယ်။
‘နေရာကောင်းရင် ဈေးကောင်းတယ်၊ ပိုင်ရှင်က ဈေးတင်ပြီးရောင်းနေတာ ဝယ်တဲ့သူက ကြိုက်ရင် ဝယ်သွားတယ်၊ ဈေးနည်းနည်းများများ အရောင်းအဝယ်ဖြစ်တယ်’လို့ မှော်ဘီဘက်မှ အိမ်ခြံမြေ အကျိုးဆောင်တစ်ဦးကပြောပါတယ်။
ယခုလို လယ်မြေတွေ အရောင်းအဝယ်ဖြစ်နေတာက လာမေးကြတဲ့သူတွေထက် အနီးနားက လူအချင်းချင်း အရောင်းအဝယ်ဖြစ်နေတာ များပါတယ်။ ဆမ်ဆောင်း ဟန်းဆက်ကုမ္ပဏီ လာထောင်မယ်ဆိုတဲ့ အသံတွေကြောင့်လည်း စီးပွားရေးလုပ်ငန်းရှင်တချို့ လာကြည့်ကြပြီး ဈေးနှုန်းလှုပ်လာပါတယ်။
အရင်နှစ်က လယ်ကွက်ဈေးတွေက တစ်ဧကကို ကျပ်သိန်း ၂၀၊ ၃၀ ရှိရာကနေ ယခုနှစ်မှာတော့ သိန်း ၂၀၀ အထက်ဖြစ်လာပါတယ်။ သည်နှစ် အစပိုင်းလောက်ကမှ ဈေးစတက်လာတာပါ။
‘အမှန်ကတော့ လယ်မြေဆိုတာ လယ်ပဲစိုက်ရမှာ၊ အခုကတော့ နားလည်မှုနဲ့ လုပ်နေကြတာ၊ စီးပွားရေးသမားတွေကတော့ ပိုက်ဆံနှပ်ချင်လို့ လာဝယ်ကြတာ’လို့ မှော်ဘီမှ အိမ်ခြံမြေ အကျိုးဆောင်က ပြောပါတယ်။
အခုလက်ရှိအမှတ်(၄) လမ်းမတစ်လျှောက်မှာ ဆီဆိုင်နဲ့ ဘီယာကုမ္ပဏီတွေတည်ရှိနေပြီး တခြားစီးပွားရေးလုပ်ငန်းရှင်တွေလည်း လာရောက်လုပ်ကိုင်ဖို့ စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။
Ref: Kumudra
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ