By News Watch Weekly, Shweproperty.com
Updated at 6 April 2013
မွန်ပြည်နယ်မြို့တော် မော်လမြိုင်မြို့လယ် ဧက ၄၀ ကျော်ကျယ်သည့် သံလွင်ဥယျာဉ်အတွင်း မြေဧက ၃ ဧကတွင်ရန်ကုန်စီးတီးမတ်ကုမ္ပဏီက ဈေးဝယ်ဌာန Shopping Mall တည်ဆောက်ရန် စီမံထားရှိပြီးဖြစ်ရာ ၊အကြံပြုချက်များပေးပို့ကြရန် ၊ Shopping Mall ပုံစံတည်ဆောက်မည့်နေရာ ဖော်ပြထားသည့် မြေစိုက်ပိုစတာကြီးကို ၂၀၁၃ ခု၊မတ်လ တတိယအပတ်အတွင်း အများမြင်တွေ့နိုင်သည့် စိုက်ထူထားကြောင်း သတင်းရရှိသည်။
သံလွင်ဥယျာဉ်ထဲ အောက်လမ်းမကြီးရှေှ့ျ မြေ (၃) ဧကကို ပြည်နယ်မြို့တော် အင်္ဂါရပ်နဲ့အညီ တစ်နေရာထဲမှာ မီးဖိုချောင် ပစ္စည်းကနေ လိုအပ်သည့် ပစ္စည်း အကုန်လုံးပါရှိသော ဈေးဝယ်ဌာနကြီး Shopping Mall တည်ဆောက်ရန် ရန်ကုန်ကစီးတီး မတ်နှင့် သဘောတူထားကြောင်းဌားမယ့် မြေဧရိယာက (၃) ဧကဖြစ်ပြီးလူထုအခမ်းအနားအတွက် အသုံးပြုဖို့ ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်၊ စုရပ်ကွင်းပြင်များပဲ ချန်ထားပါကြောင်း “Shopping Mall ထဲမှာ ကတော့ရန်ကုန်စီးတီမတ်တွေလို အလှပြင်၊ဂိမ်းဆော့တာ ၊ကော်ဖီရှော့၊ အပန်းဖြေဖို့မီနီရုပ်ရှင်ရုံ ၊အဝတ်အထည် ၊သားငါးတွေပါဝင်မည်။
၎င်းအပြင် မွန်ပြည်နယ်မို့ မွန်တိုင်းရင်း အစားအစာတွေ ၊ရိုးရာဖျော်ဖြေမှုတွေလည်း ထည့်နိုင်တယ်။ပြည်နယ်ကိုယ်စားပြုတယ်ဆိုတော့ တခြားဘာတွေပါသင့်တယ် ၊ဘယ်ပစ္စည်းမျိုးရောင်းသင့်တယ်ဆိုတာမျိုး ပြည်သူလူထုရဲ့အမြင်ကိုသိချင်လို့ အခုလိုအကြံတောင်းတာပါ” ရတဲ့အကြံ ဉာဏ်တွေစုပြီး အစိုးရအဖွဲ့ကို တင်ပေးမယ်။
“အစိုးရအဖွဲ့က စီစစ်ပြီး ကုမ္ပဏီနဲ့ ညှိနှိုင်းလုပ်ဖို့ အစီအစဉ်ရှိပါတယ်၊ Shopping Mall အတွက် မြေဌားလို့ရတဲ့ အခကြေးငွေတွေကိုလည်း အခြားမြို့ပြတိုးတတ်ရေးတွေမှာ အသုံးချလို့ရတော့ ပြည်နယ်အတွက် အကျိုးရှိပါတယ်”ဟု ဦးဗျားနို ဒုအင်ဂျင်နီယာမှူး (ပြည်နယ်စည်ပင် )ကပြောပါတယ်။
အကြိုအင်ဂျင်နီယာလုပ်ငန်းများကို ၂၀၁၃ ခုနှစ်ဧပြီလ အကုန်တွင် စတင်နိုင်ဖွယ်ရှိပြီး Shopping Mall အနီးတွင်ရိုလာကိုစတာကစားကွင်းကိုလည်း တည်ဆောက်ရန် တိုင်းထွာမှုပြုလုပ်နေသည်ဟု သိရှိရပါသည်။
ပြည်နယ်မြို့တော်၏ ကျက်သရေဆောင်ဖြစ်သော မောရဝတီပန်းခြံ ၊ သံလွင်ဥယျာဉ်တို့ကို တည်ဆောက်ထားရှိပြီး သံလွင်ဥယျာဉ်ကို စည်ပင်ရန်ပုံငွေ ၁,၃၀၉,၈၀၀ိ/ အကုန်အကျခံကာ အပျော်စီး ကား ၊ရထား ၊လှည့်လည်ချား ၊ကလေးစီးဒါန်း နှင့် အခြားကလေးကစားစရာများကို တပ်ဆင်ထားသည်။ အပန်းဖြေရန် ပန်းများအလှစိုက်ပျိုးမှုတို့ကို ၁၉၉၀ ခုနှစ်ဝန်းကျင်က ပြုလုပ်ခဲ့သော်လည်း ယခုအချိန်တွင် မရှိတော့ပါ။ ယင်းဥယျာဉ်တွင် ဗိုလ်ချုပ်ကြေးရုပ်၊ ရေကူးကန်၊ပြည်သူများအပန်းဖြေရန် အနားယူရန် လေဟာပြင်ဇာတ်ရုံ၊ပွဲကြည့်စင်တို့ကိုလည်း ၁၉၉၀ ပြည့်ဝန်းကျင်က တည်ဆောက်ခဲ့ပြီး ရေကူးကန်ကို နယူးစကိုင်းဟိုတယ် လုပ်ငန်းကဆက်လက် လုပ်ကိုင်နေသည်။ လေဟာပြင်ဇတ်ရုံ၊ပွဲကြည့်စင်တို့မှာ ထိန်းသိမ်းမှုအားနည်းကာ ပျက်စီးလျက်ရှိသည်ကို တွေ့ရှိရပါသည်။
Ref : News Watch Weekly
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ