By 7Day Daily, Shweproperty.com
Updated at 26 April 2019
ရန်ကုန်တိုင်းစီမံကိန်း ဘဏ် (Project Bank) ကို မေလ၁၀ ရက်၌ ပြုလုပ်မည့် ရန်ကုန်ရင်းနှီးမြှုပ်နှံမှုပြပွဲတွင် စတင်မိတ်ဆက်မည်ဖြစ်ပြီး ထိုဘဏ်၌ ရန်ကုန်တိုင်းရှိ စီမံကိန်း ၈၀ ခန့် ပါဝင်မည်ဟု ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူး ဦးမျိုးခိုင်ဦးက ပြောသည်။
ဒုတိယအကြိမ် ကျင်းပမည့် ရန်ကုန်ရင်းနှီးမြှုပ်နှံမှုပြပွဲတွင် ဟို တယ်နှင့် ခရီးသွားလုပ်ငန်း၊ ဒစ် ဂျစ်တယ်စီးပွားရေးလုပ်ငန်း၊ အိမ် ရာလုပ်ငန်းနှင့် စက်မှုဇုန်လုပ်ငန်း များပြသမည်ဟု ရန်ကုန်တိုင်း ကရင်တိုင်းရင်းသားရေးရာ ဝန် ကြီး နော်ပန်းသဉ္ဇာမျိုးက ပြော သည်။
‘‘မြန်မာနိုင်ငံကို ရင်းနှီးမြှုပ်နှံ မှုအကြီးတွေထက် Medium Size (အလယ်အလတ်အရွယ်)တွေ အဝင်များပါတယ်။ ကန်ဒေါ်လာ သန်းဂဏန်း ပမာဏဖြစ်တယ်။ Million Type အလုံးအရင်းနဲ့ ဝင် ပါတယ်။ အခုစီမံကိန်းတွေလည်း ဒေါ်လာသန်းဂဏန်းစီမံကိန်းတွေ အများစုဖြစ်ပါတယ်’’ဟု ဦးမျိုးခိုင် ဦးက ပြောသည်။
ရန်ကုန်တိုင်းသည် ပြီးခဲ့ သည့်နှစ်အတွင်း တစ်နိုင်ငံလုံး၏ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုစုစုပေါင်း ၇၇ ရာခိုင်နှုန်းဝင်ရောက်ပြီး နိုင်ငံသားလုပ်ငန်း ၇၅ ရာခိုင်နှုန်းဝင် ရောက်ကာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ၁၆၃ ခု ဝင်ရောက်ခဲ့သည်ဟုဆိုသည်။
ရန်ကုန်တိုင်းတွင် အဓိက ရင်းနှီးမြှုပ်နှံသူများသည် တရုတ်နိုင်ငံသားများဖြစ်ပြီး ဒုတိယ ဟောင်ကောင်နှင့် တတိယ ကိုရီးယားနိုင်ငံသားတို့ဖြစ်သည်။
ရန်ကုန်မြို့သစ် စီမံကိန်းနှင့် ပတ်သက်သော စီမံကိန်းများ ဆောင်ရွက်နေသည့် NYDC ကုမ္ပဏီက တိုင်းဒေသကြီးအစိုးရ ခွင့်ပြုချက်ဖြင့် စီမံကိန်းဘဏ်တွင် ပါလာနိုင်သည်ဟု ရန်ကုန်တိုင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးမြင့်သောင်းက ပြောသည်။
စီမံကိန်းဘဏ်ဆိုသည်မှာ တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရ များ ရေးဆွဲထားသည့် စီမံကိန်း များကို စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာနသို့ အချက်အလက် ပေးပို့၍ အဆိုပါဘဏ်များတွင် သိမ်းဆည်းထားသည်။
စီမံကိန်းဘဏ်တွင် ပါဝင် မည့် စီမံကိန်းသည် စီမံကိန်းအ မည်၊ မဟာဗျူဟာမြောက်အရေး ပါမှု၊ လုပ်ငန်းစီမံချက်၊ လျာထား စီမံကိန်းနှင့်ပတ်သက်သည့် စာ ချုပ်အမျိုးအစား၊ ဘဏ္ဍာငွေရယူ ရန် အရင်းအမြစ်နှင့် စီမံကိန်း အကျိုးအပြစ်များပါဝင်သော လေ့လာဆန်းစစ်ချက်များ၊ စီမံကိန်း အကောင်အထည်ဖော်ရန် စုစု ပေါင်းကုန်ကျစရိတ်နှင့် အစိုးရ ထည့်ဝင်ရမည့် ငွေကြေးပမာဏ တို့ ဖော်ပြရမည်ဖြစ်သည်။
စီမံကိန်းဘဏ် (Project Bank)များကို လာမည့်ဘဏ္ဍာနှစ် ၌ စတင်ဆောင်ရွက်နိုင်မည်ဟု ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီး ဦးသောင်းထွန်း က ပြောသည်။
Ref & Photo Credit : 7Day Daily
Posted By : Sint Sint (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ