By ပြည်သိမ်း၊ မိုးညို, Shweproperty.com
Updated at 12 December 2012
ရန်ကုန်မြို့တော် ဧရိယာအတွင်း ဒုတိယစီးပွားရေးမြို့တော်အဖြစ်အကောင်အထည်ဖော်မည့် မရမ်းကုန်းမြို့နယ်၌ စီးပွားရေးလုပ်ငန်း များ လုပ်ကိုင်ရန် အိမ်ခြံမြေဈေး ကွက်သို့ ဝင်ရောက်ရင်းနှီးမြှုပ် နှံရန် စိတ်ဝင်စားနေကြကြောင်း မရမ်းကုန်းမြို့နယ် အခြေစိုက် အိမ်ခြံမြေလုပ်ငန်းရှင်များက ပြောကြား သည်။
ရန်ကုန်မြို့တော် ဖွံ့ဖြိုးမှု စီမံ ကိန်းတွင် တစ်စိတ်တစ်ဒေသ အကောင်အထည် ဖော်မည့် ဒုတိယ စီးပွားရေးဇုန် စီမံကိန်းကြော်ငြာ အပြီး နှစ်လအတွင်း အိမ်ခြံမြေဈေးနှုန်းများ မြင့်တက်လာသည် ဟု မရမ်းကုန်းမြို့နယ် အခြေစိုက် အကျိုးဆောင်အချို့က ဆိုသည်။
မရမ်းကုန်းမြို့နယ် ၏ အဓီက လမ်းမကြီးများ၌ အဝယ်လိုက် နေပြီး ကားအရောင်းပြခန်းများ၊ နိုင်ငံခြား စားသောက်ဆိုင်ကြီး များ၊ အဆင့်မြင့်မိုတယ်များ ဖွင့် လှစ်ရန်အတွက် အဝယ်လိုက်နေ ခြင်းလည်း ဖြစ်သည်။ ''စီးပွားရေးလုပ်ချင်တဲ့သူတွေ အဓိက လာမေးနေကြတာ ဒီမှာက မြေကွက် က ရှားနေပြီ။ ရှိပြီးသားနေရာမှာ လည်း ဈေးကို ကိုင်ထားတော့ ဝယ်ဖို့လူတွေက မချင့်မရဲ ဖြစ်နေတာ'' ဟု မရမ်းကုန်းမြို့နယ်မှ အိမ်ခြံမြေ အကျိုးဆောင် ကိုသောင်းဝင်းဦး က ဆိုသည်။
ရန်ကုန်မြို့ ခြောက်မြို့နယ်အတွင်း လူနေထူထပ်လာမှု၊ ယာဉ်ကြောပိတ်ဆို့မှုများနှင့် အခြေချစီးပွားရေးလုပ်ကိုင် မှုတို့ကြောင့် ဒုတိယစီးပွားရေးဇုန် (Central Business District) နယ်မြေအဖြစ် မရမ်းကုန်းမြို့ နယ်တွင် အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာ ရေးကော်မတီ ၏ ကနဦးသတင်း များ က ဆိုသည်။
ထို့ပြင် ယင်းမြို့နယ်၏ အစိုး ရပိုင်မြေများတွင် အများဆုံး အကောင်အထည်ဖော်မည်ဖြစ်သော ကြောင့် မရမ်းကုန်းမြို့နယ် အတွင်း အစိုးရအဆောက်အုံနဲ့ မြေကွက်များအတွက် လေလံမယ့် အချိန်လာမည်ကို မျှော်လင့် နေကြကြောင်း စီးပွားရေး လုပ်ငန်းရှင် တစ်ဦး ပြောသည်။
''မရမ်းကုန်းဘက်မှာ ဝန်ကြီးဌာနပိုင်မြေတွေနဲ့ စားကျက်မြေ တွေ ပြီးတော့ မရှင်းမလင်းရှိသေး တဲ့ မြေတွေများတယ်'' ဟု မဏ္ဍိုင် အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်း မှ ဦးသန်းဦးက ပြောသည်။ လက် ရှိ ရန်ကုန်မြို့၏ အိမ်ခြံမြေဈေး ကွက်တစ်ခုလုံးကို ခြုံကြည့်ပါက ဈေးကွက်အေးစပ်နေသော်လည်း အရောင်းအဝယ်မှာ အနည်းငယ် ဖြစ်နေသေးကြောင်း ဦးသန်းဦး က ပြောသည်။
လက်ရှိ မရမ်းကုန်းမြို့နယ် အတွင်း အဓီက လမ်းမကြီး များ၌တစ်ပေပတ်လည်လျှင် မြန်မာငွေ ကျပ် ၂ သိန်း မှ ၃ သိန်းအထီ ဈေးရှိပြီး အရောင်းအဝယ်လည်း ရှိနေပြီဖြစ်ကြောင်း ယင်းမြို့နယ် အခြေစိုက် အိမ်ခြံမြေလုပ်ငန်းရှင် များထံမှ သိရသည်။
Source : 7days
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ