By Ra Wai, Shweproperty.com
Updated at 14 July 2020
COVID-19 ကာလမှာ နိုင်ငံတော်ဘတ်ဂျက် မသုံးဘဲ လက်ရှိဝန်ထမ်းများ Down Payment အနည်းဆုံးနဲ့ လစဉ်အရစ်ကျသက်သာတဲ့ ငွေပေးချေမှုနဲ့ အတူ ဝန်ထမ်းများပင်စင်ယူတဲ့အခါ တိုက်ခန်းအလွယ်တကူ ပိုင်ဆိုင်နိုင်ရေးအတွက်မြန်မာနိုင်ငံဆောက်လုပ်ရေးလုပ်ငံရှင်များအသင်းချုပ် (MCEF) က Pilot Project တစ်ခုကို နိုင်ငံတော်အစိုးရအဖွဲ့သို့ တင်ပြမယ်လို့ ပြောပါတယ်။ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့တွေ့ဆုံခဲ့တဲ့ COVID-19 ကာလမှာ ဆောက်လုပ်ရေးကဏ္ဏအပေါ် သက်ရောက်မှုများနဲ့ ပတ်သက်ပြီးဆွေးနွေးချိန်မှာပြောခဲ့တာဖြစ်ပါတယ်။ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ကလဲ နိုင်ငံဝန်ထမ်းများ ဂုဏ်သိက္ခာရှိရှိ နေထိုင်နိုင်ရေး ဝန်ထမ်းအိမ်ယာများ ဖော်ဆောင်ပေးမယ် ဆိုပြီးပြောကြားခဲ့ပါတယ်။
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့ ပြောကြားချက်အပေါ် ၀န်ထမ်းတွေနဲ့တက္ကသိုလ်ဒီဂရီကောလိပ်ဆရာ သမဂ္ဂများကွန်ရက်ကြိုဆိုပြီး နယ်မှဆရာမများ နေထိုင်ရေးအတွက်ဆောင်ရွက်ပေးရန်တောင်းဆို မှုတွေရှိလာကြပါတယ်။ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်က သူ့အနေနဲ၀န်ထမ်းအများစုကိုမေးကြည့်တဲ့အခါမှာ အငြိမ်စားယူတဲ့အခါမှာ ကိုယ်ပိုင်အိမ်နဲ့နေချင်ကြတယ်ဆိုပြီးပြောဆိုကြတယ်၊ တစ်သက်လုံးပင်ပန်းစွာနေထိုင်ခဲ့ကြတဲ့အတွက် အငြိမ်းစားယူတဲ့အချိန်မှာ ဘယ်လိုနေထိုင်ရမယ်ဆိုတာကို မသိတာမျိူးမဖြစ်စေချင်ဘူးဆိုပြီးပြောကြားထားပါတယ်။
တက္ကသိုလ်ဒီဂရီကောလိပ်ဆရာသမဂ္ဂများကွန်ရက်မှဦးဆောင်ကော်မတီ၀င်၊ ရန်ကုန်အနောက်ပိုင်းတက္ကသိုလ်မှ ကထိက ဆရာဦးလှိုင်တင့်က “ ဆရာဆရာမတွေမှာ အဓ်ကလိုအပ်ချက်က ဂုဏ်သိက္ခာရှိစွာ နေထိုင်နိုင်ဖို့ ဆိုတဲ့ စကားလုံးသုံးသွားတယ်။ကျွန်တော်တို့ အင်မတန်မှ ကျေးဇူးတင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ နိုင်ငံဝန်ထမ်းတွေက ဂုဏ်သိက္ခာမဲ့သလို နေထိုင်လာခဲ့ကြတာတော်တော်ကြာပြီ။ဒီအချိန်မှာ နိုင်ငံဝန်ထမ်းတွေ ဂုဏ်သိက္ခာရှိစွာနေထိုင်နိုင်ဖို့က ဒီအချိန်မှာ အရေးကြီးပါပြီ။အဲ့ထဲက မှဆရာ၊မတွေ ဂုဏ်သိက္ခာရှိစွာမနေခဲ့ရတာကြာပါပြီ’လို့ပြောပါတယ်။
ဆရာ၊မများရဲ့ နေထိုင်ရေးခက်ခဲနေမှုများနဲ့ပတ်သက်ပြီး၊ ၂၀၁၉ ခုနှစ် အောက်တိုဘာလကနေပြည်တော်မှာ ကျင်းပခဲ့တဲ့ အဆင့်မြင့်ပညာကဏ္ဏနှီးနှော်ဖလှယ်ပွဲမှာ တက္ကသိုလ်ဒီဂရီကောလိပ်ဆရာသမဂ္ဂများကွန်ရက်က စာတမ်းတစ်စောင် တင်သွင်းခဲ့ဖူးပါတယ်။ နယ်တွေမှာနေတဲ့ ဆရာ၊ဆရာမတွေကလဲ နေစရာအခက်အခဲနဲ့ကြုံနေရပြီး၊ မိသားစုတွေမှာလဲ နေထိုင်စရာနေရာကိုယ်ပိုင်မရှိတဲ့အတွက် ပူပင်သောကရောက်နေကြတယ်လို့ ဆိုကြပါတယ်။
ရတဲ့လစာနဲ့ ပြင်ပကုမ္ပဏီတွေက ရောင်းချနေတဲ့ အရစ်ကျစနှစ်နဲ့ရောင်းချနေတဲ့တိြုက်ခန်းတွေကို ၀ယ်ယူဖို့လက်လှမ်းမမှီဘူးလို့ ပြောကြပါတယ်။ သင်္ဃန်းကျွန်း ပညာရေးကောလိပ်ဆရာများသမဂ္ဂရဲ့ အမှုဆောင် ကထိက ဆရာဦးကျော်လင်းက နေရေးနဲ့ ပတ်သက်ပြီး လူပျို၊အပျိုဆရာ၊ဆရာမ များထက် အိမ်ထောင်သည် ဆရာ၊ဆရာများက အထူးအခက်အခဲပိုတွေ့နေရတယ်လို့သူကြူံနေရတာကို ပြောပြပါတယ်။
’’ကျွန်တော်ဆိုရင် ကထိက အိမ်ခန်းပါတဲ့အခန်းရတယ်။ဒါပေမယ့် ကျွန်တော်က ကျန်တဲ့ ဝန်ထမ်းတွေကို ငဲ့ညှာတဲ့အနေနဲ့ ပေးတဲ့နေရာမှာမနေဘူး။သပ်သပ်နေပါတယ်။ကျွန်တော်လည်း ကိုယ့်ရာထူး ကိုယ့်အဆင့်အတန်းနဲ့ တူတူတန်တန်လေးနေချင်တာပေါ့”လို့ပြောပါတယ်။ နယ်များမှာ ဆရာ၊မများအတွက် နေစရာအထူးလိုအပ်ချက်ရှိနေခြင်းက နယ်ကို ဆရာ၊မများ မသွားချင်ကြခြင်းတဲ့ အကြောင်းရင်းရာ တစ်ခုဖြစ်တယ်လို့ ဆိုကြပါတယ်။
တက္ကသိုလ်ဒီဂရီကောလိပ်ဆရာသမဂ္ဂများကွန်ရက်မှ အဖွဲ့ဝင် ကထိက ဒေါ်အေးအေးခိုင်က နယ်မှာ နေစရာမလုံလောက်တဲ့အတွက် ၁၀ပေ၊၁၅ပေ အခန်းလေးထဲမှာ ဆရာ၊မတွေ စုနေရတာတွေ၊အိမ်ထောင်သည်တွေနဲ့ အပျို၊လူပျိုတွေ ပေါင်းပြီးရောထားတာတွေရှိပါတယ်လို့ လက်ရှိအခြေနေကို ပြောပြပါတယ်။ လက်ရှိ ဆရာ၊မများရဲ့နေထိုင်ရေးအပါအဝင် အထူးသဖြင့် နယ်မှဆရာ၊မများရဲ့ နေထိုင်ရေးသည်လိုအပ်ချက်ကြီးမားနေတာကြောင့် နေစရာများ တည်ဆောက်ပေးသင့်တယ်လို့ ဆရာဆရာမတွေကပြောပါတယ်။
Coronavirus Disease 2019(COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအမျိုးသားအဆင့် ဗဟိုကော်မတီဥက္ကဋ္ဌ၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ COVID-19နဲ့ ဆောက်လုပ်ရေးကဏ္ဏအပေါ် သက်ရောက်မှုများနဲ့ပတ်သက်ပြီး၊ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာကျော်လင်း၊ ဆောက်လုပ်ရေးအလုပ်သမား လက်သမားအဖွဲ့ခေါင်းဆောင် ဦးဌေးလွင်၊ မြန်မာနိုင်ငံဆောက်လုပ်ရေးဆိုင်ရာလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးရှိန်ဝင်းတို့နဲ့ ဇူလိုင်လ(၃)ရက်နေ့မှာဆွေးနွေးရာမှာ ၀န်ထမ်းတွေရဲ့အိမ်ရာအတွက်ပါ ထည့်သွင်းဆွေးနွေးခဲ့ပါတယ်။
တက္ကသိုလ်ဒီဂရီကောလိပ်ဆရာသမဂ္ဂများကွန်ရက်မှ ဦးဆောင်ကော်မတီဝင် တွဲဖက်ပါမောက္ခ ဒေါ်သက်ဝေဝင်းက “ကျွန်မတို့ လစာတိုးတောင်းနေတာမဟုတ်ပါဘူး။အခြေခံလိုအပ်ချက်ဖြစ်တဲ့နေရေးကိုပဲတောင်းဆိုထားပါ။ ဆရာ၊မတွေကို ကြည့်ရှုပေးဖို့တောင်းဆိုပါတယ်၊ ကျွန်မတို့တင်ထားတဲ့အစိုးရလပ်ထက်မှာ ၀န်ထမ်းတွေကို ပြန်လည်စောင့်ရှောက်ပေးဖို့တောင်းဆိုပါတယ်၊ လို့ ပြောပါတယ်။
Ref By: Kumudra News
Posted By: Ra Wai (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ