By The Kumudra, Shweproperty.com
Updated at 16 December 2015
မန္တလေးမြို့တွင် မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးမှု ဦးစီးဌာန တည်ဆောက်ပြီးစီးသွားသော တန်ဖိုးမျှတ တိုက်ခန်းများကို ကျပ် (၁၃၅) သိန်းမှ (၁၆၅) သိန်း ဈေးသတ်မှတ်ထားပြီး မကြာမီ ရောင်းချသွားမည် ဖြစ်ကြောင်းအဆိုပါ ဌာနမှ သတင်းရရှိသည်။
စည်ပင်သာယာရေး ကော်မတီ၏ တန်ဖိုးနည်းအိမ်ရာ စီမံကိန်း ဧရိယာအတွင်းပါဝင်သော တိုတန်ဖိုးမျှတ အိမ်ရာကို အိုးအိမ်မှ အကောင်ထည်ဖော် တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး လက်ရှိအခန်းပေါင်း (၄၄၀) ပြီးစီးပြီ ဖြစ်ကြောင်းနှင့် ရောင်းချရန် မူဝါဒကို အစိုးရအဖွဲ့ဆီသို့ တင်ပြထားကြောင်း သိရသည်။ လူတန်းစားအလွှာ အသီးသီး ဝယ်ယူနိုင်ရန် ရည်ရွယ်ပြီး လက်ငင်းနဲ့ အရစ်ကျငွေချေ စနစ်ဖြင့်ပါ ရောင်းချသွားမည် ဖြစ်သည်ဟု ညွှန်ကြားရေးမှုး ဦးအောင်ကျော်ဦးက ရောင်းချမှုပုံစံနဲ့ ပတ်သက်ပြီး ပြောကြားသည်။
"အစိုးရဝန်ထမ်းတွေပဲလား၊ ပုဂ္ဂလိက တွေကိုပါ ရောင်းပေးမလားဆိုတာတော့ အစိုးရအဖွဲ့ လမ်းညွှန်ချက်ကို စောင့်နေတာပါ။ အခန်းပေါင်း (၄၄၀) ထဲက (၃၂၀) ခန်းကို တော့ အစိုးရအဖွဲ့သတ်မှတ်တဲ့ အတိုင်းရောင်းပါမည်။ ကျန်တဲ့ (၁၂၂) ခန်းကိုတော့ ဆောက်လုပ်ရေး ဝန်ကြီးဌာနက ရောင်းမှပါ"ဟု ညွှန်ကြားရေးမှုး ဦးအောင်ကျော်ဦးက ပြောကြားသည်။
ဆက်လက်ပြီး အခန်းပေါင်း (၈၀၀) ကျော်ကို မြရည်နန္ဒာရပ်ကွက် အကွက် မမ-၂၇ မြေဧက (၇) ဧက ပေါ်တွင် တည်ဆောက်နေကြောင်း သိရသည်။ မြေညီထပ်ကျပ် (၁၆၅) သိန်း၊ ပထမထပ် ကျပ် (၁၅၅) သိန်း၊ ဒုတိယထပ် (၁၄၅) သိန်းနှင့် တတိယထပ် ကျပ် (၁၃၅) သိန်း ဈေးသတ်မှတ်ထားကာ ၆၅၀ စတုရန်းပေကျယ်ဝန်းပြီး အိပ်ခန်းနှစ်ခန်းပါဝင်ပြီး လေးခန်းတွဲ လေးထပ် ဖြစ်ပါသည်။
စည်ပင်သာယာကော်မတီမှ တည်ဆောက်နေသည့် မြရည်နန္ဒာ တန်ဖိုးနည်း အိမ်ရာမှာ ကျပ်သိန်း (၆၀) မှ ကျပ်သိန်း (၁၃၀) တန်ဖိုးရှိပြီး လက်ငင်းစနစ်နှင့် အရစ်ကျစနစ်နှစ်မျိုးဖြင့် ရောင်းမှားဝယ်မှားသူများ၊ အစိုးရ အငြိမ်းစားဝန်ထမ်းများနှင့် နိုင်ငံတော်အတွက် ကိုယ်လက်အင်္ဂါ စွန့်လွှတ်သူများအတွက် အခန်းပေါင်း (၁၃၄၇) ခန်းကို ရောင်းချပေးထားကြောင်း သိရသည်။
မန္တလေးမြို့တွင် တန်ဖိုးနည်းအိမ်ရာ၊ တန်ဖိုးမျှတအိမ်ရာ များအပြင် ကမ်းနားလည်းတစ်လျှောက် ပျံ့နှံ့နေထိုင်သူများအတွက် ရည်ရွယ်သည့် တစ်လလျှင် ကျပ်နှစ်သောင်းဝန်းကျင်ဖြင့် ငှားရမ်းပေးမည့် အငှားအိမ်ရာကိုလည်း အခုနှစ်ကုန်တွင် တည်ဆောက်ပြီးစီးမည် ဖြစ်ကြောင်း သိရသည်။
Ref : The Kumudra
Photo Credit : MVP
Posted By : Htet Mhuu
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ