By ဖြိုး, Shweproperty.com
Updated at 19 December 2013
မန္တလေးဘူတာကြီး အဆောက်အအုံ စတုတ္ထထပ်မှ ခေါင်မိုးအထိ လေးထပ်ကို ငှားရမ်းကာ ဟိုတယ်နှင့် ရှော့ပင်းစင်တာ များ ဖွင့်လှစ်ရန် ဧပြီလကတည်းက တင် ဒါအောင်ခဲ့သော်လည်း နှစ်ကုန်သည်အ ထိ စာချုပ်ပင် ချုပ်ဆိုနိုင်ခြင်း မရှိသေးဘဲ တည်ဆောက်ရေးလုပ်ငန်းများ လုပ် ဆောင်မှုလည်း မရှိဘဲ ဖြစ်နေသည်။
မြန်မာ့မီးရထား(မန္တလေး) စီးပွားရေး ဌာနမှ တိုင်းမန်နေဂျာ ဦးဇော်မင်းသက်က မူ စိစစ်ရွေးချယ်မှုများ ပြုလုပ်နေသည်ဟု ဆိုသည်။ ''အဆင့်ဆင့်ရွေးချယ်နေပါ တယ်၊ ကုမ္ပဏီရဲ့အဆိုပြုချက် တင်ပြတဲ့ အပေါ်မှာ တိုင်းသမဝါယမရုံးနဲ့ ဟိုတယ် ခရီးတို့ရဲ့ ခွင့်ပြုချက်တွေကိုရပြီးမှ စာချုပ် ချုပ်ရမှာပါ၊ အသေးစိတ် အစီအစဉ်တွေ ကိုတော့ ရုံးချုပ်ကပဲ သေချာသိမှာပါ'' ဟု ပြောသည်။
စာချုပ်ချုပ်ဆိုရန် စာချုပ်မူကြမ်းသာ ပြီးစီးသေးပြီး စာချုပ်မူကြမ်းတွင် တစ် နှစ်လျှင် ကန်ဒေါ်လာ လေးသိန်းလေး သောင်းခန့်ဖြင့် ငှားရမည်ဖြစ်ပြီး ထိုပမာ ဏသည် အတည်မပြုရသေးကြောင်းနှင့် ငှားရမ်းသည့်ကာလမှာ ၁၅ နှစ်တစ်ကြိမ် နှင့် ငါးနှစ်သုံးကြိမ်ဖြင့် နှစ် ၃ဝ ငှားရမ်း မည်ဟု ဖော်ပြထားသည်။
စတုတ္ထထပ်မှ ခေါင်မိုးထပ်အထိ လေးထပ်စလုံးကို ငှားရမ်းမည်ဖြစ်ပြီး လေးထပ်မြောက်၏ ခန့်မှန်းအကျယ်မှာ စတုရန်းမီတာ ၄၆,၈၈ဝ၊ ငါးထပ်၏ အ ကျယ်မှာ ၃၅,၇၈၃ စတုရန်းမီတာ၊ ခြောက် ထပ်မြောက်မှာ ၄ဝ,၁၈ဝ စတုရန်းမီတာ နှင့် ခေါင်မိုးထပ်အကျယ်မှာ ၃၉,၁၃၃ စတုရန်းမီတာ ကျယ်ဝန်းသည်။
ထို့အတူ မြန်မာ့မီးရထားပိုင်ဟိုတယ် နှစ်လုံးဖြစ်သည့် ပုပ္ပါးဟိုတယ် (၁) နှင့် (၂) ကိုလည်း အောက်တိုဘာလကုန်က တင်ဒါခေါ်ယူခဲ့ရာ သာလွန်ကုမ္ပဏီက ပုပ္ပါး ဟိုတယ် (၁) ကိုလည်းကောင်း၊ Adventure Myanmar Group က ပုပ္ပါးဟိုတယ် (၂) ကိုလည်းကောင်း တင်ဒါအောင်ခဲ့ သည်။
Ref : Mizzima
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ