By Myitmakha, Shweproperty.com
Updated at 31 May 2016
မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ မြရည်နန္ဒာရပ်ကွက်တွင် တည်ဆောက်ထားသော တန်ဖိုးမျှတ အိမ်ယာများအား လုပ်သက် ၂၅ နှစ် အထက်ရှိသော နိုင်ငံ့ဝန်ထမ်းများအား အရစ်ကျစနစ်ဖြင့် ဝယ်ယူခွင့်ချထားပေးကြောင်း မန္တလေးတိုင်းမြို့ပြနှင့် အိမ်ယာဖွံ့ဖြိုးရေးဦးစီးဌာနမှ သိရှိရသည်။
အဆိုပါအိမ်ယာများအား မေ ၁၅ ရက်နေ့တွင် ဝန်ထမ်း ၄၀၀ ဦးအား မဲနှိုက်ကာ မဲပေါက်သော ဝန်ထမ်းများအား ချထားပေးခဲ့ပြီး ဆက်လက်၍လည်း ချထားပေးခြင်းများ လုပ်ဆောင်ပေးသွားမည်ဖြစ်သည်။ “တစ်ရက်တာအတွင်း မဲနှိုက်တာ ဝန်ထမ်း ၄၀၀ ဦး လုပ်ပေးထားပါတယ်။ မဲနှိုက်တဲ့သူတွေအနေနဲ့ မေ ၂၃ ရက်နေ့ တနင်္လာနေ့မှာ တိုက်ခန်းဝယ်ယူခွင့် စာထွက်ပေးမှာဖြစ်ပါတယ်။ ငွေပေးသွင်းတာကိုလည်း အရစ်ကျ၊ တစ်လုံးတစ်ခဲတည်းသွင်း စိတ်ကြိုက်ရွေးချယ် ဝယ်ယူခွင့်ပေးသွားမှာပါ။ ကိုယ်ပေါက်တဲ့ အခန်းပေါ်မူတည်ပြီး ဈေးကတော့ ကွာခြားမှုရှိတယ်။” ဟု မန္တလေးတိုင်းမြို့ပြ နှင့် အိမ်ယာဖွံ့ဖြိုးရေး ဦးစီးဌာနမှ ညွန်ကြားရေးမှူး ဦးအောင်ကျော်ဦးက ပြောသည်။
တန်းဖိုးမျှတ အိမ်ရာတိုက်ခန်းများကို ဘဏ်စနစ်ဖြင့် ပေးချေရာတွင်တိုက်ခန်းတန်းဖိုး၏ ၃၀% ကို ပေးသွင်းပြီး နောက် ကျန်ငွေ ၇၀% ကို ၄ နှစ်၊ ၆နှစ်၊ ၈နှစ် အထိ ပေးသွင်းနိုင်ကာအရစ်ကျစနစ်ဖြင့်ဝယ်ယူနိုင်ပြီး အတိုးနူန်းမှာ ၁၂% ကြသင့်မည်ဖြစ်သည်။
“ဘဏ်ကိုလစဉ် လဆန်း ၅ ရက်နေ့ နောက်ဆုံးပေးသွင်းရမယ် ရက်လွန်သွားရင် ဒဏ်ကြေး ဝ.၀၄ ကျပ် ပေးဆောင်ရမယ်အပြင့် လေးကြိမ်ပျက်ကွက်ခဲ့ရင် အိုးအိမ်ကိုအကြောင်းမယ် တိုက်ခန်းပြန်သိမ်းမယ်။” ဟု ဆောက်လုပ်ရေးနှင့် အိမ်ရာ ဖွံ့ဖြိုးရေး ဘဏ်ကြီးကြပ်ရေးမှူး ဒေါ်မြင့်မြင့်သိန်းက ပြောသည်။
တန်ဖိုးမျှတ အိမ်ယာတိုက်ခန်းများသည် မန္တလေးမြို့ချမ်းမြသာစည်မြို့နယ် မြရည်နန္ဒာရပ်ကွက်တွင် မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ မြို့ပြအိမ်ယာဖွံ့ဖြိုးရေး ရန်ပုံငွေဖြင့် ဆောက်လုပ်ထားခြင်းဖြစ်သည်။
တိုက်ခန်းဈေးနှုန်းများအဖြစ် မြေညီထပ် ၁၆၅ သိန်း၊ ပထမထပ် ၁၅၅ သိန်း၊ ဒုတိယထပ် ၁၄၅ သိန်း ၊ တတိယထပ် ၁၃၅ သိန်း သတ်မှတ်ထားပြီး မဲပေါက်သူများအား မေ ၂၃ ရက်နေ့ တနင်္လာနေ့တွင် တိုက်ခန်းဝယ် ယူခွင့်စာထွက် ပေးမည်ဖြစ်ကြောင်း မန္တလေးတိုင်းမြို့ပြနှင့် အိမ်ယာဖွံ့ဖြိုးရေးဦးစီးဌာနက သိရသည်။
Ref : Myitmakha
Photo Credit : Myitmhkha
Posted By : Htet Mhuu
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ