By ဇူးဇူး, Shweproperty.com
Updated at 10 December 2013
မန္တလေးမြို့၊ အိမ်၊ ခြံ၊ မြေစံနှုန်း သတ်မှတ်ချက်များမှာလက်ရှိပေါက်ဈေး ထက် အဆများစွာပိုနေခြင်းကြောင့် အိမ်၊ ခြံ၊ မြေဈေးကွက်အေးနေကြောင်း သိရပါတယ်။
မန္တလေးမြို့ အိမ်၊ ခြံ၊ မြေစံနှုန်းသတ်မှတ်ချက်များမှာ အကွက် တစ်ကွက်လုံးစာအတွက်ဈေးနှုန်းတပြေး ညီသတ်မှတ်ထားခြင်း၊ လက်ရှိပေါက် ဈေးထက် အဆများစွာဈေးမြင့်နေခြင်း ကြောင့်အိမ်၊ခြံ၊ မြေအရောင်းအဝယ် ပြုလုပ်ဖို့ အခက်တွေ့နေရကြောင်း သိရပါတယ်။
မန္တလေးမြို့မှ လုပ်သက်နှစ် ၃ဝ ရှိ ဝါရင့် အိမ်၊ ခြံ၊ မြေ အကျိုးဆောင် တစ်ဦးက'' မန္တလေး အိမ်၊ ခြံ၊ မြေ စံနှုန်း သတ်မှတ်ချက်ကလက်ရှိပေါက်ဈေး ထက် တစ်ဆခွဲလောက်များနေတယ်။
ရန်ကုန်လို ၄ ပုံ ၁ ပုံပဲ လုပ်သင့်တယ်။ အိမ်၊ခြံ၊ မြေစံနှုန်းသတ်မှတ်ရာမှာလည်း ထန်းကိုးပင်အကွက်ဆို မနော်ဟရီ လမ်းနဲ့သိပ္ပံလမ်းကြားတစ်ကွက်လုံးစာကို တစ်ဈေးတည်းတစ်ပြေးညီသတ်မှတ်လိုက် တော့ရောင်းသူရောဝယ်သူပါ အဆင်မ ပြေတော့ဘူး။ ၅၆ လမ်းဈေး စွာတယ်။ ၅၈ လမ်းဈေးစွာတယ်။ ပြီးမှ ၅၉ လမ်း၊ ၅၇လမ်းကနောက်ကလိုက်တယ် အရှေ့ အနောက်လမ်းဆိုလည်း ကတ္တရာလမ်း ခင်းပြီးပြီလား၊ လမ်းခင်းထားတဲ့လမ်းဆို ဈေးတစ်မျိုး လမ်းမရှိရင်ဈေးတစ်မျိုးဖြစ် ရမယ်။ မဟာမြိုင်ဆိုလည်း အဲ့ဒီလိုပဲ၊ လမ်းမပေါက်ဘဲလမ်းပိတ်တွေရှိနေသေး တယ်။ ဒါပေမဲ့ ဈေးနှုန်းက အကွက်ကြီး တစ်ကွက်စာလုံးကို ဈေးနှုန်းတစ်ပြေးညီ သတ်မှတ်လိုက်တယ်။ သတ်မှတ်တဲ့ ဈေးနှုန်းက တစ်ဆခွဲများနေတဲ့အပြင် အခွန်နှုန်းရောဆို အဆများစွာ များနေ တယ်။ မြေဝယ်တဲ့သူတွေက စာချုပ် မချုပ်တော့ဘဲ နိုတြီနဲ့ယူကြတယ်။ မူရင်းပိုင်ရှင်ပြန်ရှာပြီး စာချုပ်ဖျက် ကြတယ် '' လို့ ပြောပါတယ်။
အိမ်၊ ခြံ၊ မြေဈေးကွက်မှာ ယခင် စံနှုန်းမသတ်မှတ်ခင်ကာလ ၇ဝ ရာခိုင် နှုန်း၊ ၈ဝ ရာခိုင်နှုန်း အရောင်းအဝယ် ဖြစ်ရာမှစံနှုန်းသတ်မှတ်ချက်ထွက်ပေါ် လာပြီးနောက်ဈေးကွက်အေးသွားပြီးယခု ရက်ပိုင်းမှာ ၄ဝ ရာခိုင်နှုန်း၊ ၅ဝ ရာခိုင် နှုန်းသာအရောင်းအဝယ်ရှိပြီး၊ ဈေးကွက် ပြန်စလာပါတယ်။
မဟာမြိုင်ရပ်ရှိ အိမ်၊ ခြံ၊ မြေအကျိုးဆောင်တစ်ဦး ကလည်း သတ်မှတ်ထားတဲ့ အိမ်၊ ခြံ၊ မြေစံနှုန်းက မဟာမြိုင်ရပ်ကွက်ထဲမှာတစ်ကွက် ချင်း ပြန်တွက်ရင် ပေ ၄ဝ x ပေ ၆ဝ တစ်ကွက်ကို ကျပ်သိန်း ၂၇ဝဝ ရှိတယ်။
မဟာမြိုင်မှာ လမ်းကြားတစ်ကွက်မှ ကျပ်သိန်း ၂ဝဝဝ စွန်းလေး ရှိတော့ သူတို့သတ်မှတ်ဈေးနဲ့ မကိုက်တော့ဘူး။ လမ်းတင်မြေကွက်ဆို ကျပ်သိန်း ၄ဝဝဝ ကျော်ရှိတာဆိုတော့ သတ်မှတ်ထားတဲ့ သိန်း၂၇ဝဝပေါ်ကအခွန်ဆောင်လည်း သူ့အတွက်ကိုက်တယ်။ ကြားကွက် ပိုင် ရှင် တွေက အဆင်မပြေတော့ဘူးပေါ့။ မြေအရောင်းအဝယ်လုပ်ဖို့ စံနှုန်း ပြန် ညှိပေးမှ အဆင်ပြေနိုင်တော့မယ် '' လို့ ပြောပါတယ်။
Ref : Commerce Journal
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ