By Kumudra, Shweproperty.com
Updated at 27 October 2017
မန္တလေးတိုင်းအစိုးရက ထုတ်ပြန်ထားတဲ့ အိမ်ခြံမြေရာဖြတ် အခွန်နှုန်းထားတွေက မြေပြင်အခြေအနေထက် မြင့်နေတာတွေရှိနေလို့ စာချုပ်ချုပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရွိုင်ရယ်ထွန်းသစ္စာ အိမ်ခြံမြေရောင်းဝယ်ရေးအကျိုး ဆောင်လုပ်ငန်းမှဦးတင်မောင်က ပြောပါ တယ်။
ဝယ်ဖို့ ဝယ်လက်ကိုပြတဲ့ မြေကွက် တစ်ခုဆိုရောင်းတဲ့သူက သိန်း ၅၈၀ဝ နဲ့ပဲ ရောင်းတယ်။ အခွန်ရာဖြတ်က ဖြတ်တာက သိန်း ၆၃၀ဝ နဲ့ သိန်း ၉၀ဝ၀ ကြားဖြတ်တယ် လို့ ဆိုပါတယ်။
ဦးတင်မောင်က “နေဖို့ မဖြစ်မနေဝယ်တယ်၊ ခိုင်လုံတဲ့ စာချုပ်ချုပ်ဖို့အတွက်က အခက်အခဲဖြစ်နေတယ်၊ အဲဒီတော့ ကတိကဝတ်နဲ့ နေကြရမှာပဲ၊ အဲဒါကို မနေပါနဲ့လို့ ပြောလို့မရဘူး၊ နာမည်ဖောက်ချင်ပေမဲ့ သိန်း ၅၀ဝ၀ တန်ဝယ်တာကို သိန်း ၇၀ဝ၀ ဖြတ်တယ်ဆိုရင် သိန်း၁၀ဝဝတိုင်းမှာအခွန်က သိန်း ၃၀ဝ လောက်ကျနေတော့ အကုန် အကျမခံနိုင်ကြတော့ဘူး”လို့ပြောပါတယ်။
အခွန်နှုန်းထားပေးဆောင်ဖို့ ရှောင်တဲ့ စနစ်ကိုကျင့်သုံးလာတဲ့အတွက် နိုင်ငံတော်လည်း အခွန်မရရှိသလို ပြည်သူတွေလည်း မှန်ကန်တဲ့ လမ်းကြောင်းပေါ်မရောက်နိုင် ဘူးဖြစ်နေတယ်လို့ အိမ်ခြံမြေ အကျိုး ဆောင်အချို့က သုံးသပ်ပါတယ်။
အိမ်ခြံမြေဝယ်ယူရာမှာ တရားဝင်အခွန်ဆောင်ပြီး ဝယ်ယူတာတွေရှိလာဖို့အတွက် အိမ်ခြံမြေစံနှုန်းတွေကို ယခု ဘဏ္ဍာနှစ်မှာ ယခင်နှစ်စံနှုန်းတွေထက် ၂၀ ရာခိုင်နှုန်း လျှော့ချသတ် မှတ်ခဲ့တယ် လို့ မန္တလေးတိုင်း စီမံကိန်းနှင့် ဘဏ္ဍာ ရေးဝန်ကြီးဌာနက သိရပါတယ်။
“အိမ်ခြံမြေနဲ့ပတ်သက်လို့ အခွန် ဘဏ္ဍာကို လာမယ့် ၂၀၁၈ မှာ အခွန်နှုန်း ထားစံနှုန်းတွေရော၊ ရာဖြတ်ကိုရော ပြင်ပေးမယ်ဆိုရင်တော့ မှန်ကန်တဲ့ လမ်းကြောင်းပေါ် ရောက်လာနိုင်ပါတယ်”လို့ ရွိုင်ရယ်ထွန်းသစ္စာ အိမ်ခြံမြေရောင်းဝယ် ရေးအကျိုးဆောင်လုပ်ငန်းမှ ဦးတင်မောင်က ပြောပါတယ်။
မန္တလေးမြို့အတွက် အခုနှစ်အသုံးပြု ရမယ့်အိမ်ခြံမြေစံနှုန်းတွေကိုဩဂုတ်လ အတွင်းက ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။
Ref & Photo Credit : Kumudra
Posted By : Ra Wai (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ