By Myanmar Times, Shweproperty.com
Updated at 31 January 2019
မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီးမြို့နယ် ရေတံခွန်တောင်အနီးမှာ ဖော်ဆောင်မယ့် ရေတံခွန်တောင် စီးတီးဂေါက်ကွင်းအိမ်ရာ စီမံကိန်းဟာ ဒေသခံတွေကိုအလုပ်အကိုင်နေရာပေါင်း သောင်းနဲ့ချီပြီး ဖန်တီးပေးနိုင်ဖို့ မျှော်လင့်ထားကြောင်းစီမံကိန်းအကောင်အထည်ဖော်မယ့် ကုမ္ပဏီတာဝန်ရှိသူတွေက ဆိုပါတယ်။
စီမံကိန်းကို မန္တလေးမြို့က အရှေ့ဘက် လေးမိုင်ခန့်အကွာမှာရှိတဲ့ မြို့တော်စည်ပင်သာယာရေးကော်မတီပိုင် ဂေါက်ကွင်း မြေဧက ၅ဝဝ ပေါ်မှာ တည်ဆောက်သွားမှာ ဖြစ်ပါတယ်။ စီမံကိန်းတစ်ခုလုံးကို ဖွံ့ဖြိုးသစ် ကုမ္ပဏီက တာဝန်ယူ တည်ဆောက်သွားမှာ ဖြစ်ပြီး လက်ရှိတွင် အိမ်ရာတွေကို အများပြည်သူကိုစတင် ရောင်းချပေးနေပြီဖြစ်ပါတယ်။ ဒီစီမံကိန်းဟာ မန္တလေးမြို့ဖွံ့ဖြိုး တိုးတက်ရေးအတွက် အရေးပါတဲ့ စီမံကိန်းတစ်ခုဖြစ်တယ်လို့လည်း ကုမ္ပဏီတာဝန်ရှိသူတွေက ဆိုပါတယ်။
''မန္တလေးဒေသကို အကျိုးပြုဖို့ မျှော်မှန်းထားတယ်။ အလုပ်အကိုင်အခွင့်အလမ်းတွေ အများကြီး ဖော်ဆောင်နိုင်မှာ ဖြစ်တဲ့အတွက် ဒေသခံတွေ အကျိုးရှိမှာ ဖြစ်တယ်။ အစိုးရအနေနဲ့ အခွန်အခတွေ ရနိုင်တယ်။ အပန်းဖြေစခန်းတွေပါမှာ ဖြစ်တဲ့အတွက် နီးစပ်တဲ့ ဒေသခံတွေ အမြဲလာရောက်နိုင်တဲ့ အပန်းဖြေနေရာဖြစ်လာနိုင်တယ်''လို့ ဖွံ့ဖြိုးသစ်ကုမ္ပဏီ၏ ဒုတိယအမှုဆောင် အရာရှိချုပ်ဦးသက်လွင်ရွှေ ကပြောပါတယ်။အဲဒီစီမံကိန်းမှာ စီးပွားရေး၊ ဂေါက်ကွင်းနဲ့ အိမ်ရာစခန်း စသဖြင့် ဇုန်သုံးခုပါဝင်ပါတယ်။ ရေတံခွန်တောင်နဲ့ ဆက်စပ်နေတဲ့ ဒေသဝန်းကျင်မှာ မြို့ငယ်တစ်ခုအသွင် ဖော်ဆောင်သွားမှာဖြစ်ပြီး လူနေအိမ်၊ ကျောင်း၊ ဆေးရုံ၊ ဟိုတယ်၊ဂေါက်ကွင်း၊ ကစားကွင်းတွေ ပါဝင်မှာ ဖြစ်ပါတယ်။
စီမံကိန်းကို ခြောက်နှစ်အတွင်း အပြီးတည်ဆောက်သွားမှာ ဖြစ်ပြီးတော့ လက်ရှိအချိန်မှာတော့ ဆောက်လုပ်ရေးလုပ်ငန်းတွေ စတင်နေပြီလို့ ဦးသက်လွင်ရွှေက ပြောပါတယ်။ဂေါက်ကွင်းဇုန်မှာ လက်ရှိ အသုံးပြုနေတဲ့ ၂၇ ကျင်းပါ ဂေါက်ကွင်းကို ၃၆ ကျင်းအထိရှိတဲ့ နိုင်ငံတကာအဆင့်မီ ကွင်းအဖြစ် အဆင့်မြ§င့်တင်သွားမှာ ဖြစ်ပြီး ကုမ္ပဏီက စည်ပင်သာယာရေးကော်မတီပိုင် မြေဧက ၃ဝဝ ပေါ်က ဂေါက်ကွင်းကို ဘီအိုတီစနစ်နဲ့ ငှားရမ်းလုပ်ကိုင်ခွင့် ရရှိတာဖြစ်ပါတယ်။
''မြေယာက မူလက စည်ပင်သာယာရေးကော်မတီက ပိုင်တယ်။ သတင်းစာထဲမှာ တင်ဒါခေါ်တော့ ကုမ္ပဏီက ဝင်ရောက်ယှဉ်ပြိုင် တင်ဒါအောင်ခဲ့တာပေါ့။ ဘယ်လောက်အထိ ရင်းနှီးမြုပ်နှံမယ်ဆိုတာကတော့ တွက်ချက်နေတုန်း ရှိသေးလို့ ပြောလို မရသေးဘူး။ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု မပါဘူး။ စီမံကိန်းအကြီးတွေ ဆိုတာ ကိုယ့်ငွေနဲ့ တစ်ပြိုင်တည်း လုပ်တာမျိုးသိပ်မရှိဘူး။ ကြိုရောင်းတယ်၊ရတာနဲ့ ပြန်လည် ရင်းနှီးမြှုပ်နှံတယ်။ အဲဒီသဘောအတိုင်းပဲ ဆောင်ရွက်သွားမယ်''ဟု ဦးသက်လွင်ရွှေ ကပြောပါတယ်။
မန္တလေးမြို့ရဲ့ ပထမဆုံးဂေါက်ကွင်း အိမ်ရာစီမံကိန်းဖြစ်တဲ့ ရေတံခွန်ဂေါက်ကွင်းအိမ်ရာစီမံကိန်းကို ပြင်သစ်နိုင်ငံက ဗိသုကာကုမ္ပဏီ Archetype Architect Groupက ဒီဇိုင်းရေးဆွဲပေးထားတာဖြစ်ပြီး ထိုင်ဝမ်က MAA ကုမ္ပဏီကတော့ စီမံခန့်ခွဲမှုအပိုင်းကို တာဝန်ယူမှာ ဖြစ်ပါတယ်။ ဆောက်လုပ်ရေးလုပ်ငန်းတွေကိုတော့ တရုတ်နိုင်ငံက နိုင်ငံပိုင်ကုမ္ပဏီတစ်ခုဖြစ်တဲ့ China State Construction and Engineering Corporation ကုမ္ပဏီက တာဝန်ယူဆောက်လုပ်မှာ ဖြစ်တယ်လို့ ဖွံဖြိုးသစ်ကုမ္ပဏီက သတင်းထုတ်ပြန်ထားပါတယ်။
မြို့ပြစီမံကိန်းတွင် ယာဉ်ကြောကျပ် တည်းမှုမရှိသလို တောတောင်ရေမြေသဘာဝအလှကို ခံစားနိုင်မှာဖြစ်ပါတယ်။ ခေတ်သစ်လူနေမှု စနစ်အတွက်လိုအပ်တဲ့ ကျန်းမာရေး၊ ပညာရေး၊ အလုပ်အကိုင် တစ်နေရာတည်းတွင် ဖန်းတီးပေးနိုင်မှာ ဖြစ်ပြီး အိမ်ရာများအတွင်း အပြင်လူ ဝင်ရောက်နိုင်ခြင်း မရှိအောင် လုံခြုံရေး ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ ကုမ္ပဏီ တာဝန်ရှိသူများက ဆိုပါတယ်။အိမ်ရာဇုန်တွင် အဆင့်မြင့် တိုက် ၄ဝဝ ကျော် ပါဝင်မှာဖြစ်ပြီး ကြယ် သုံးပွင့်အဆင့်ရှိ ဟိုတယ်တစ်လုံးနဲ့ ကြယ် ငါးပွင့်အဆင့်ရှိ ဟိုတယ် တစ်လုံး ပါဝင်မှာဖြစ်ပါတယ်။
Ref & Photo Credit : Myanmar Times
Posted By : Sint Sint (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ