By Kumudra, Shweproperty.com
Updated at 10 October 2017
မန္တလေး အိမ်ခြံမြေရောင်းဝယ်ရေးဈေး ကွက်မှာတော့ ခေါ်ဈေးထက် ၃၀ရာခိုင်နှုန်း ခန့်လျှော့ပြီးရောင်းနေကြရတယ်လို့ မန္တလေးမြို့က အိမ်ခြံမြေပွဲစားအချို့ဆီက သိရပါတယ်။
’မြေက တကယ်လိုတဲ့သူမှပဲ ဝယ်တဲ့အချိန်ဖြစ်နေတော့ ရောင်းချင်တဲ့သူက လျှော့ရောင်းတာပေါ့၊ ငွေကြေးကျပ် တည်းကြတာလဲပါပါတယ်လို့ မြတ်ပုညခေတ် အိမ်ခြံမြေ အကျိုးဆောင်က ကိုစန်းမင်းသူက ပြောပါတယ်။
အခုအခါမှာတော့ အိမ်ခြံမြေဈေးကွက်ဟာ ဝယ်ရောင်းလုပ်တဲ့ သူတွေဈေးကစားဖို့ ဝယ်ယူကြတာမဟုတ်ဘဲ အမှန်တကယ်နေ ထိုင်အသုံးပြုမယ့်သူတွေလောက်သာ ဝယ်ယူကြတဲ့အနေအထားတစ်ခုဖြစ်ပါတယ်။သိန်းတစ်သောင်းခွဲလောက်ခေါ်ထားတဲ့မြေကွက်ဆိုရင် သိန်း ၅၀ဝဝ၊ ၃၀ဝ၀ လောက်ကိုုလျှော့ပြီး ရောင်းနေကြရတာလို့ ကိုစန်းမင်းသူက ပြောပါတယ်။
မြေဈေးနှုန်းတွေက အကျဘက်မှာရှိနေပြီး မြို့သစ်ဘက်သိပ္ဗံလမ်းအနီးမှာ ပေ ၄၀ x ပေ ၆၀ အကွက်တစ်ကွက် ဆိုရင် ယခင်က ကျပ်သိန်း ၃၀ဝ၀ တန်မယ်ဆိုရင် အခုအခါမှာတော့ ကျပ်သိန်း ၂၂၀ဝ ခန့်သာရှိပါတယ်။
Ref & Photo Credit : Kumudra
Posted By : Ra Wai (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ