By Myanmar Builders Guide, Shweproperty.com
Updated at 26 March 2019
မန်းအိမ်ခြံမြေဈေးကွက်မှာ လတ်တလော အရောင်းထက် အငှားဈေးကွက်က ပိုသွက်နေတယ်လို့ ဖိုးလမင်းအိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းက သိရပါတယ်။
"အခုလတ်တလောကတော့ အရောင်းကပုံမှန်တော့ရှိတယ်။ အငှားကတော့ပိုဖြစ်တာပေါ့။ ဈေးနှုန်းကြီးမြင့်တဲ့အခြေအနေမှာဝယ်ပြီးမလုပ်နိုင်တော့ ငှားပြီးလုပ်ကြတာပေါ့ " လို့ ဖိုးလမင်းအိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းက ကိုဝဏ္ဏစိုးက ပြောပါတယ်။
အငှားဈေးကွက်က နေရာအနှံ့မှာရှိနေတာဖြစ်ပြီး လုပ်ငန်းလုပ်ချင်တဲ့သူတွေဟာ လုပ်ငန်းအခြေအနေအလိုက်မြေနေရာငှားရမ်းမှုတွေရှိနေတာဖြစ်တယ်လို့ ဆိုပါတယ်။
အငှားဈေးကွက်ဖြစ်ထွန်းနေတဲ့နေရာတွေကတော့လမ်း 30၊ 35 လမ်းမပေါ်တွေမှာ ဖုန်းဆိုင်ဖွင့်ဖို့၊ စီစီတီဗီအရောင်းခန်းမဖွင့်ဖို့ စတဲ့ငှားရမ်းတာမျိုး၊ မြို့သစ်ပိုင်းမှာဆိုရင်မနော်ဟရီလမ်းမပေါ်နဲ့ကျွဲဆည်ကန်နဲ့စက်မှုထဲမှာဆိုရင် ဂိုဒေါင်တွေကို ငှားရမ်းမှုရှိနေတယ်လို့ သိရပါတယ်။
"ဈေးနှုန်းတွေကတော့လုပ်ငန်းအတိုင်းအထွာအလိုက်လူနေဖို့ဆိုလဲ 50, ဝဝဝ၊ တစ်သိန်းတန်ကလဲ 50, 000၊ တစ်သိန်းအလျောက်ငါးသိန်း၊ 10 သိန်းတန်တွေလဲငှားကြတယ်။ တချို့ကလဲ 15 သိန်း၊ သိန်း 20၊ ဂိုဒေါင်တွေဆိုလဲသိန်း 30 ရက်တန်တွေငှားကြတယ်။ လုပ် ငန်းအတိုင်းအထွာအလျောက်ရှိကြတာပေါ့ " လို့ ကိုဝဏ္ဏစိုးက ပြောပါတယ်။
အရောင်းကတော့ ပုံမှန်အနေအထားမှာ ရှိနေပေမဲ့ အရမ်းကြီးဖြစ်ထွန်းတဲ့အနေအထားမှာရှိမနေဘူးလို့ သိရပါတယ်။
Ref & Photo Credit : Myanmar Builders Guide
Posted By : Sint Sint (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ