By Kumudra, Shweproperty.com
Updated at 26 September 2017
မန္တလေးမြို့ အိမ်ခြံမြေဈေးကွက်မှာ ဝါကျွတ်ကာလ နီးကပ်လာတာနဲ့ အငှားသွက်နေပြီး ဈေးကောင်းနေ တယ်လို့ အိမ်ခြံမြေအကျိုးဆောင်တွေဆီက သိရပါတယ်။
လက်ရှိအနေအထားမှာ မြို့တွင်းမြို့ ပြင်ခေါ်ဈေးနှုန်းထားတာတွေဟာ အကွက်အကွင်းနဲ့ နေရာကောင်းရင် ကောင်းသလိုငှားရမ်းသူစိတ်ကြိုက် ဈေးခေါ်တဲ့အခြေအနေတွေရှိနေပါတယ်။
မြို့တွင်းအဓိက မိန်းလမ်းမနဲ့လမ်းသွယ်တွေမှာတောင် အောက်ထစ်တစ်လကို ကျပ်ခြောက်သိန်း ပတ်ချာလည်ခေါ်ဈေးရှိနေပြီး ဈေးကောင်းတွေရနေတယ်လို့ သိရပါတယ်။
မြို့တွင်း အဓိကကျတဲ့ တချို့လမ်းတွေမှာ အခန်းအကျယ်နဲ့ အဆောက်အအုံကောင်းမွန်မှုအပေါ်မူတည်ပြီး တစ်လကို ကျပ်သိန်း ၂၀ ကနေ သိန်း ၅၀ အထိခေါ်နေကြပါတယ်။ လုပ်ငန်းလုပ်ကိုင်သူတွေ အမြင့်ဈေးပေးပြီး ငှားရမ်းတာတွေရှိနေတယ်လို့ အကျိုးဆောင်တွေဆီက သိရပါတယ်။
ဝါကျွတ်ကာလနီးလာတဲ့ထုံးစံအတိုင်း အငှားဈေးကွက်ကသွက်နေပြီး ငှားရမ်းသူတွေပိုပြီး များနေကာမြို့တွင်းအငှားအတွက် တစ်လကိုငါးသိန်း လောက်သုံးမယ်ဆိုရင် အဲသည်ဈေးနှုန်းနဲ့ အခန်းရှာဖွေဖို့ခက်ခဲနိုင်ကြောင်းသိရပါတယ်။ အိမ်ငှားဈေးနှုန်းတွေက မြို့သစ်မှာသာမန်သွပ်မိုး၊ ထရံကာကို တစ်လကျပ် ၅၀,ဝဝဝ လောက်ရှိပြီး အိမ်အနေအထားပေါ်မူတည်ပြီးကွာခြားပါတယ်။
အိမ်ခြံမြေအရောင်းအဝယ်ဈေးကွက်က ပြောပလောက်အောင်သွက်လက်ခြင်းမရှိပေမဲ့ အိမ်ခြံမြေအငှားတွေကကောင်းမွန်နေတာကြောင့် တစ်နှစ် တစ်ဈေးဖြစ်နေတာကြောင့် ငှားရမ်းသူတွေအနေနဲ့ နှစ်ရှည်ငှားရမ်းဖို့ ကြိုးစားလာကြတယ်လို့ အကျိုးဆောင်တချို့က ပြောတယ်။
Ref & Photo Credit : Kumudra
Posted By : Ra Wai (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ