By မျိုးသန့်, Shweproperty.com
Updated at 19 February 2014
မန္တလေးမြို့တွင်း၌ ၂ဝ၁၄ ခုနှစ်တွင် အိမ်ခန်း၊ ဆိုင်ခန်းငှားရမ်းခများ ယခင်နှစ် ကထက် နှစ်ဆခန့် မြင့်တက်လာခဲ့ခြင်း ကြောင့် အိမ်ငှားနှင့် ဆိုင်ခန်းငှားရမ်းဖွင့် လှစ်သူများ အဆင်မပြေဖြစ်ကြရသည် ဟု အိမ်ခြံမြေငှားရမ်းသူများက ပြောသည်။
''ငှားခတွေက သိသိသာသာတက်လာ တယ်။ မနှစ်ကထက်စာရင် နှစ်ဆနီးပါး လောက်တက်သွားတယ်။ ဒါ့အပြင် ငှားတဲ့ သူတွေကလည်း ပေါလာတော့ ကျဖို့ မရှိ လောက်ဘူး။ ဒါကြောင့် မြို့တွင်းမှာ တော်ရုံလူဆို မငှားနိုင်တော့ဘူး''ဟု အိမ် ခြံမြေအကျိုးတော်ဆောင်လုပ်ငန်း လုပ်ကိုင်သူ ဦးအောင်ဌေးက ပြောသည်။ မြို့ပြတွင် လူဦးရေသိသာစွာ သိပ် သည်းလာခြင်း၊ တန်ဖိုးနည်းအိမ်ရာ နည်း ပါးနေသေးခြင်းနှင့် မြို့ပေါ်တွင် ဆိုင်ခန်း၊ ရုံးခန်းဖွင့်လှစ်မှုများလာခြင်းတို့ကြောင့် အိမ်ငှားခများလာခြင်းဖြစ်သည်။
''မြို့ထဲမှာ ဆိုင်ခန်းဖွင့်ဖို့ဆိုရင် ဈေး နှုန်းက ပြောမပြတတ်အောင် မြင့်နေတယ်။ ဒါကြောင့် အရင်က လမ်း၈ဝ၊ ၃၂-၂၃ကြား မှာ လက်ဖက်ရည်ဆိုင်ဖွင့်ရာကနေ အခု တော့ နေရာပြောင်းပြီး ဖွင့်ရပါတယ်။ နောက် ဆိုရင်တော့ အပိုင်ဝယ်ပြီး ဖွင့်မှရတော့ မယ်။ ဒါ့အပြင် နိုင်ငံခြားရင်းနှီးမြှုပ်နှံတဲ့ ကုမ္ပဏီတွေ ဝင်လာရင် ဒီထက်ဈေးပိုလာ နိုင်တဲ့အတွက် အခုကတည်းက အပိုင်ဝယ် ထားဖို့ ပြင်နေပါတယ်''ဟု အာကာစိုးလက် ဖက်ရည်ဆိုင်ပိုင်ရှင်က ပြောသည်။
ဘူတာကြီးဝန်းကျင်တိုက်ခန်းများမှာ ပထမထပ် တစ်လငှားရမ်းခ ကျပ် ၁၅ သိန်း ဝန်းကျင်၊ ဒုတိယထပ်ဆိုရင် ကျပ်လေးသိန်း ဝန်းကျင်၊ တတိယထပ်ဆိုရင် ကျပ်သုံးသိန်း ဝန်းကျင်၊ မြို့တွင်းအချက်အချာကျတဲ့ နေရာများမှာ ကျပ်သိန်းသုံးဆယ်မှ ငါး ဆယ်ရှိသည်။
မြို့တွင်း လူနေရပ်ကွက်များတွင် အသင့်အတင့်နေထိုင်နိုင်သော အိမ်ခန်း များ၊ အိမ်များမှာ တစ်လတစ်သိန်းနှင့် အ ထက်ပေါက်ဈေးရှိသည်။ တစ်သိန်းအောက် ဆိုလျှင် လမ်းသွယ်များ၊ အနည်းငယ် အ လှမ်းဝေးသောရပ်ကွက်များနှင့် တိုက်ခန်း အပေါ်ထပ်များသာ ရနိုင်မည်ဖြစ်သည်။
တန်ဖိုးနည်းအိမ်ရာများ ပိုမိုဆောက် လုပ်ပေးမှုများမှာလည်း ဖြစ်မြောက်သည့် အခြေအနေတွင်မရှိသေးဘဲ မန္တလေး မြို့ပြ ဧရိယာမှာလည်း ကျဉ်းမြောင်းလာသည့် အတွက် ယခုကဲ့သို့ အိမ်နှင့် ဆိုင်ငှားရမ်း ခများ မြင့်လာခြင်းဖြစ်သည်။
Ref : Mizzima
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ