By ဖြိုး, Shweproperty.com
Updated at 31 December 2013
မန္တလေးမြို့၊ကျုံးဘေးပတ်လည်တွင် လေးထပ်ထက်မြင့်သော အဆောက်အအုံ များ ဆောက်လုပ်ခွင့်မပြုတော့ကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီ အဆောက်အအုံနှင့် ကုန်ရုံဌာန မှ ဌာနမှူး ဦးမျိုးအောင်က ပြောသည်။
''အဆောက်အအုံတစ်ခု ဆောက်လုပ် တဲ့နေရာမှာ အထပ်ဘယ်လောက်အထိ ဆောက်ရမယ်ဆိုပြီး သတ်မှတ်ခွင့်ပြုထား တာ မန္တလေးမှာ မရှိပါဘူး။ ဒါပေမဲ့ ကျုံး ဘေးပတ်လည်မှာတော့ လေးထပ်ထက် ပိုမဆောက်ရဘူး။ လေးထပ်အထိပဲ ခွင့်ပြု ထားတယ်''ဟု ၎င်းက ပြောသည်။
အဆိုပါကန့်သတ်ချက်ကို ၂ဝ၁ဝ ခုနှစ်၊ အစိုးရသစ် တာဝန်ယူချိန်မှစတင် သတ်မှတ်ခဲ့သော်လည်း မန္တလေးဒေသခံ များသိရှိမှု နည်းသေးသဖြင့် ကျုံးဘေးပတ် လည်တွင် လေးထပ်အထက် အဆောက် အအုံ တည်ဆောက်မှုများရှိခဲ့ရာ ပြန်လည် ဖြိုဖျက်ရမှုများလည်း ရှိနေသေးကြောင်း သိရသည်။
မန္တလေးမြို့၏ အထင်ကရ အမှတ်အသားတစ်ခုဖြစ်သည့် ကျုံး၏ ပုံရိပ် နှင့် အလှကို ဖုံးကွယ်သွားစေမည့် အထပ် မြင့် အဆောက်အအုံများကို ဌာနဖြစ်စေ၊ ပုဂ္ဂလိကဖြစ်စေ ဆောက်လုပ်ခွင့်ပြုမည် မဟုတ်ပေ။
အဆိုပါခွင့်ပြုမိန့်ကို တိုင်းဒေသကြီး အစိုးရအဖွဲ့၏ မူဝါဒအတိုင်းဆောက်ရွက် ခြင်းဖြစ်ပြီး တောင်ကျုံးနှင့် အရှေ့ကျုံး ထောင့်တွင်ရှိသော ဆီဒိုးနားဟိုတယ် အဆောက်အအုံမှာ လေးထပ်ထက်ပိုသော် လည်း အဆောက်အအုံပုံစံနှင့် ဆောက် လုပ်စဉ်က သက်ဆိုင်ရာတာဝန်ရှိသူတို့၏ ခွင့်ပြုခြင်းတို့ကြောင့် ဖြစ်သည်။
မန္တလေးမြို့တွင် အဆောက်အအုံ ဆောက်လုပ်ပါက အထပ်မည်မျှဟု ကန့်သတ်ထားခြင်းမရှိသော်လည်း ကျုံး ဘေးပတ်လည်ကိုမူ ခြွင်းချက်အဖြစ် ကန့်သတ်ထားခြင်းဖြစ်သည်။
Ref : Mizzima
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ