By 7daydaily, Shweproperty.com
Updated at 22 December 2014
မန္တလေးတိုင်းဒေသကြီး အတွင်းရှိ စက်မှုဇုန်များတွင် စက် မှုလုပ်ငန်းလုပ်ကိုင်ခြင်းမရှိဘဲမြေ ကွက်ရယူထားသူများကို ဒီဇင် ဘာလကုန် နောက်ဆုံးထားကာ လုပ်ငန်းစီမံချက်တင်ပြရန်ထပ်မံ သတိပေးမည်ဖြစ်ပြီး သတ်မှတ် ရက်အတွင်း လုပ်ငန်းစီမံချက် မတင်ပြနိုင်ပါက ဥပဒေအရအ ရေးယူ ဆောင်ရွက်သွားမည်ဟု တိုင်းဒေသကြီး အစိုးရအဖွဲ့ လျှပ်စစ်နှင့် စက်မှုဝန်ကြီးဦးကျော်မြင့်ကပြောသည်။ စက်မှုဇုန် အတွင်းရှိ မြေ လွတ်များ ပိုင်ဆိုင်ထားသူများအ နေဖြင့် ဒီဇင်ဘာလကုန်နောက် ဆုံးထားကာ လုပ်ငန်းစီမံချက် တင်ပြရန် အောက်တိုဘာမှ စ တင် အသိပေးထားသော်လည်း ယခုအချိန်ထိ လုပ်ငန်းစီမံချက်လာရောက်တင်ပြသူ မရှိသေးကြောင်း ဝန်ကြီးဦးကျော်မြင့် ကပြောသည်။ ‘‘လုပ်ငန်းစီမံချက်လာတင် တဲ့သူက နည်းတယ်။အခုထိနှစ်ဦးသုံးဦးပဲရှိသေးတယ်။ အဆိုပြုလွှာ မတင်တဲ့ မြေကွက်တွေကိုတော့ ကြိုတင်ကြေညာထားတဲ့အတိုင်း ဥပဒေ၊ စည်းကမ်းများနဲ့အညီ အ ရေးယူဆောင်ရွက်သွားမှာဖြစ်ပါ တယ်’’ဟု ဦးကျော်မြင့်က ပြော ကြားသည်။ စက်မှုဇုန်များတွင် မြေကွက် ရယူထားသူအများစုမှာ အစိုးရ အာဏာပိုင်တို့၏ မိသားစုဝင်များ နှင့် ၎င်းတို့နှင့် နီးစပ်သူများဖြစ် ကြောင်း ဒေသခံစက်မှုလုပ်ငန်း ရှင်များကပြောသည်။ ထို့အပြင် စက်မှုလုပ်ငန်း လုပ်ကိုင်ခဲ့သော်လည်း အောင် မြင်မှုမရ၍ လုပ်ငန်းရပ်နားသွား သူတို့၏ မြေကွက်များလည်း မန္တလေးစက်မှုဇုန်တွင် ရှိနေ ကြောင်း သတင်းရရှိသည်။ သို့သော် သတ်မှတ်ရက်အ တွင်း လုပ်ငန်းစီမံချက်တင်ပြလာ မှုမရှိသည့် မြေကွက်လွတ်များကို မူတစ်ခုချမှတ်ကာ မည်သူမည်ဝါ မခွဲခြားဘဲ ဆုံးဖြတ်လုပ်ဆောင် မည်ဖြစ်ပြီး မလိုက်နာလျှင် မလိုက် နာသူ၏ ချို့ယွင်းချက်သာဖြစ် မည်ဟု ဦးကျော်မြင့်ကပြောသည်။ မန္တလေး တိုင်းဒေသကြီး တွင် မန္တလေး၊ မြင်းခြံနှင့် မိတ္ထီ လာစက်မှုဇုန်များရှိပြီး ယင်းစက် မှုဇုန်သုံးခုတွင် စက်မှုလုပ်ငန်း လုပ်ကိုင်ခြင်းမရှိသည့် မြေကွက် လွတ်သုံးထောင်ကျော်ရှိနေသည် ဟု တိုင်းအစိုးရအဖွဲ့ကထုတ်ပြန် ထားသည်။
Ref : 7daydaily
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ