By 7daydaily, Shweproperty.com
Updated at 12 October 2015
ရန်ကုန်မြို့ကို Mega City မြို့တော်အဖြစ် အကောင် အထည်ဖော်မည်ဖြစ်ပြီး ကာလ တိုစီမံကိန်း တစ်ခုထဲတွင်ပင်စီမံကိန်းပေါင်း ၇၇ ခုရှိကာ အမေရိကန် ဒေါ်လာ လေးဘီလီယံခွဲ ကုန်ကျနိုင်ကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီ မြို့ပြစီမံကိန်းနှင့် မြေစီမံခန့်ခွဲမှုဌာန ညွှန်ကြားရေးမှူး ဦးတိုးအောင်က ပြောသည်။
Mega City မြို့တော် ဖြစ် လာနိုင်မည့် စီမံကိန်းကို ၂၀၄၀ အထိ ကာလတို၊ ကာလလတ်၊ ကာလရှည်ဟူ၍ ရေးဆွဲထားခြင်း ဖြစ်ပြီး ကာလတိုစီမံကိန်းအတွက် ၂၀၁၈ အထိ အပြီးသတ် ဆောင်ရွက်ရန် ရည်ရွယ်ထားကြောင်း ဦးတိုးအောင်က ဆိုသည်။
‘‘ဒီစီမံကိန်းတွေကို ကျွန်တော်တို့ အကောင်အထည် ဖော်နိုင်မယ်ဆိုရင် နောက်ဆက်လုပ်မယ့် စီမံကိန်းတွေကိုပါ လုပ်သွားနိုင်မယ့် သဘောပါ’’ဟု ၎င်းက ပြောသည်။
လက်ရှိ ရန်ကုန်၏ မြို့ပြ ဖွံ့ဖြိုးမှုပုံစံမှာ လာမည့်နှစ် ၂၀ အတွင်း Mega City ဖြစ်လာနိုင် သောကြောင့် မြို့ပြ၏ သယ်ယူ ပို့ဆောင်ရေး မြို့သစ်ချဲ့ထွင်ရေး အဆောက်အအုံများ ဆောက်လုပ် မှုနေရာကန့်သတ်ခြင်း၊ အစိမ်း ရောင် ဧရိယာထိန်းသိမ်းခြင်းများ ပြုလုပ်ရန် ပြီးခဲ့သည့်တိုင်းဒေသ ကြီးလွှတ်တော်အစည်းအဝေး တွင် တင်ပြထားပြီး အများပြည် သူကိုလည်း ချပြထားကြောင်း ဦးတိုးအောင်က ပြောသည်။
ရန်ကုန်မြို့သည် ၃၀၆ စတုရန်းမိုင် ကျယ်ဝန်းပြီး မြို့တွင်းပိုင်း ကျပ်တည်းမှုကို ဖြေလျှော့ရန် မြို့ဧရိယာကို ဘေးသို့ချဲ့နိုင်သမျှချဲ့၍ လုပ်ဆောင်ရမည်ဟု ဂျပန်နိုင်ငံက အကြံပေးခဲ့ပြီး အဆိုပါ အစီအစဉ်ကို မြန်မာအစိုးရကလည်း အကောင်အထည်ဖော်နေကြောင်း မြို့ပြစီမံကိန်းများနှင့်ပတ်သက်၍ ဆောင်းပါးများ ရေးသားနေသူ မြင့်မိုရ်ဆွေက သုံးသပ်သည်။
‘‘ကမ္ဘာ့နိုင်ငံတွေက မြို့ကြီး တွေမှာ မြို့ဧရိယာက ဘေးကို ထပ်ချဲ့လို့ မရရင်အပေါ်ကို တက် ကြတယ်။ ရန်ကုန်ကျတော့ ဘေး ကို အများကြီး ထပ်ချဲ့လို့ရသေး တယ်’’ဟု ၎င်းကဆိုသည်။
သို့သော် ဘေးချဲ့ထွင်ရာတွင်အခြေခံအဆောက်အအုံများ ပြည့်စုံပြီး စနစ်ကျသည့် မြို့သစ်ငယ်များဖြစ်ရန် လိုအပ်ကြောင်း မြင့်မိုရ်ဆွေက ပြောသည်။
Mega City မြို့ပြ ဖွံ့ဖြိုးမှု လုပ်ငန်းများတွင် ဆောင်ရွက်မည့် အခြေခံအဆောက်အအုံများအ တွက် ငွေကြေး၊ နည်းပညာနှင့် အခြား အထောက်အပံ့များကို လည်း ပြည်ပနိုင်ငံများမှ ရယူဆောင်ရွက်သွားနိုင်ရန် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက ရည်ရွယ်ထားသည်။
ရန်ကုန်မြို့ ချဲ့ထွင်ရန် အ နောက်တောင်ပိုင်းမြို့သစ်၊ ရန်ကုန်အရှေ့မြောက်ပိုင်းမြို့သစ်၊ မှော်ဘီ၊ သန်လျင်၊ ဒလ၊ ထန်းတပင်နှင့် လှည်းကူးမြို့နယ်တို့တွင် မြို့သစ်စီမံကိန်းများ တည်ဆောက်ရန် မဟာရန်ကုန်မြို့ပြဖွံ့ဖြိုးရေး မဟာဗျူဟာ စီမံကိန်း (၂၀၄၀)ကို ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်၌ အတည်ပြုခဲ့ပြီး ဖြစ်သည်။
Ref : 7daydaily
Photo Credit : Shutter Stock
Posted By : Moe Thae'
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ