By mizzima, Shweproperty.com
Updated at 15 July 2013
အမြင်မတူသော လုပ်အုပ်စုများအကြား ပဋိပက္ခဖြစ်ပွားခဲ့မှုကြောင့် အိုးအိမ်မဲ့သွားခဲ့ရ သည့် မိတ္ထီလာမြို့မှ ဒေသခံများကို မန္တလေး တိုင်းအစိုးရက ကွန်ဒိုတိုက်ခန်းများ ဆောက် ပေးရန် စီစဉ်နေသော်လည်း အဆိုပါ ဒေသ ခံအချို့က ကွန်ဒိုများကို မလိုချင်ကြောင်း မဇ္ဈိမကို ပြောသည်။
ပြီးခဲ့သော မတ်လနှောင်းပိုင်းက ဖြစ် ပွားခဲ့သည့် ပဋိပက္ခတွင် မိတ္ထီလာမြို့ပေါ်တွင် လူအုပ်စုနှစ်စုက တစ်ဖက်နှင့်တစ်ဖက် အ ပြန်အလှန် နေအိမ်များကိုမီးရှို့ကြသဖြင့် အိမ် အလုံးပေါင်း ၁၂ဝဝ ကျော် မီးလောင်ဆုံးရှုံး ခဲ့ရသည်။
ထိုမီးသင့်ခဲ့သော ရပ်ကွက်များတွင် တိုင်း အစိုးရက ကွန်ဒိုဆောက်ပေးရန် အစီအစဉ် ရှိသည်ဟု မိတ္ထီလာမြို့နယ် အုပ်ချုပ်ရေးမှူး က မဇ္ဈိမကို အတည်ပြုပြောကြားထားသည်။
ကွန်ဒိုဆောက်မည့် ကိစ္စနှင့်ပတ်သက် ၍ ကန့်ကွက်သည့် ဒေသခံ ၆ဝဝ ကျော်ရှိပြီး ကန့်ကွက်သူများမှာ အစ္စလာမ် ဘာသာဝင် များဖြစ်ကြပြီး ယခုလ ၂ ရက်က ကန့်ကွက် စာကို သမ္မတရုံးသို့ ပေးပို့ထားသည်ဟု ဒုက္ခ သည်များကို ထောက်ပံ့ပေးနေသော လူမှု အဖွဲ့အစည်းများက ဆိုသည်။
''ကျွန်မတို့က မွေးမြူရေးလုပ်တယ်။ဆိတ်တွေ၊ မြင်းတွေမွေးတော့ အခုလို တိုက် ခန်းတွေဆောက်ပေးမယ်ဆို လုံးလုံး အဆင် မပြေနိုင်ဘူး။ မွေးထားတာတွေ ဘယ်နေရာ သွားထားမလဲ။ စိတ်မချတော့ဘူး'' ဟု ယခင်က မိတ္ထီလာမြို့၊ ချမ်းအေးရပ်ကွက်တွင် နေထိုင်ခဲ့သူ မဖြူက ပြောသည်။
ကွန်ဒိုဆောက်ပေးမည်ကို ကန့်ကွက်သူ အများစုသည် မွေးမြူရေးလုပ်ကြသဖြင့် ၎င်း တို့၏ စီးပွားရေးလုပ်ငန်းက ကွန်ဒိုတိုက်ခန်း ဖြင့်နေထိုင်ရန် အဆင်မပြေကြောင်း ပြောကြသည်။
မိတ္ထီလာမြို့ ကယ်ဆယ်ရေးစခန်း တစ်ခု မှ ခေါင်းဆောင် ဦးမြင့်လွင်က ''အတော် များများက မူလမြေနေရာမှာ အိမ်ပြန်ဆောက် ရရင် ကျေနပ်တယ်ပြောကြတယ်။ အာဏာ ပိုင်တွေ ဘက်ကတော့ ဒေသခံတွေဘက်က သဘောမတူဘူးဆိုလည်း တိုက်တွေ ဆက် ဆောက်မယ်လို့ ထင်တယ်'' ဟု ပြောဆို သည်။
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ