By ဝိုင်းနန္ဒီ, Shweproperty.com
Updated at 26 September 2019
ရန်ကုန်မြို့သစ်စီမံကိန်း NYDC ရဲ့ Master Plan ဟာ Singapore Institute of Planners အဖွဲ့အစည်းက ကျင်းပတဲ့ (၆)ကြိမ်မြောက် Planning Awards 2019 ပွဲမှာ Best Planning Project ကဏ္ဍအတွက် Merit Award ဆုကို ရရှိခဲ့တယ်လို့ NYDC ရဲ့ အမှုဆောင်အရာရှိချုပ် ဦးသိမ်းဝေက ပြောပါတယ်။
“ကျွန်တော့အနေနဲ့ ရန်ကုန်မြို့သစ်ရဲ့ Master Plan ကို ရေးဆွဲတဲ့နေရာမှာ ပူးပေါင်းလုပ်ဆောင်ခဲ့တဲ့ AECOM, NYDC ဒီဇိုင်အဖွဲ့သားတွေနဲ့ သက်ဆိုင်ရာကဏ္ဍအလိုက် အကြံပေးခဲ့တဲ့ ပညာရှင်တွေကို ကျေးဇူးတင်ပါတယ်။ ရန်ကုန်မြို့သစ်ရဲ့ ရေလွှမ်းမိုးမှု ကာကွယ်ရေးစီမံချက်တွေကစပြီး နေထိုင်သူတိုင်းညီတူညီမျှ အခွင့်အရေရရှိပြီး လုံခြုံကြံ့ခိုင်တဲ့ မြို့တစ်ခုအဖြစ် ရေရှည်တည်တံ့နိုင်ဖို့အတွက် Development and Sustainable Guidelines အထိပါ ထည့်သွင်းရေးဆွဲထားတဲ့ Master Plan အတွက် ဒီဆုရရှိခြင်းဟာ ကျွန်တော်တို့ရဲ့ ကြိုးစားအားထုတ်မှုနဲ့ စေတနာကို အသိအမှတ်ပြုခံရတာဖြစ်တယ်” လို့ ဆိုပါတယ်။
SIP Planning Awards ဟာ ကမ္ဘာတစ်ဝှမ်းက ထူးချွန်တဲ့ မြို့ပြဖော်ထုတ်ရေးပညာရှင်(urban planner) တွေနဲ့ အကြံပေးအဖွဲ့အစည်းတွေကို ချီးမြှောက်တဲ့ ဂုဏ်သတင်းကြီးပြီး အဆင့်အတန်းမြင့်မားတဲ့ အစီအစဉ်တစ်ခုဖြစ်တဲ့အတွက် ဒီဆုဟာ NYDC အတွက် အရေးပါတဲ့ မှတ်တိုင်တစ်ခုဖြစ်တယ်လို့ NYDC အပတ်စဉ်စာစဉ်မှာ ဖော်ပြထားပါတယ်။
Written By : ဝိုင်းနန္ဒီ (ShweProperty.com)
Photo Credit : Mmtimes
Posted By : Sint Sint (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ