By Ra Wai, Shweproperty.com
Updated at 28 March 2022
မီတာခတွေ အများကြီးဆောင်နေရလို့စိတ်ညစ်နေတဲ့သူတွေရှိပါတယ် ကိုယ်သုံးတာထက်ပိုပြီးမီတာခဆောင်နေရတယ်လို့သံသယရှိနေရတာကလည်းတကယ့်ကိုစိတ်ညစ်စရာကောင်းလှပါတယ်။ ဒီအတွက်မီတာခတွေမှန်မှန်ကန်ကန်ကျခံဖို့သင့် ဘက်ကနေဒီအချက်တွေကို ပြုလုပ်ပေးရင်တော့ စိတ်ချမ်းသာမှုတွေရလာမှာပါနော် (၁) လျှပ်စစ်ပစ္စည်းတွေကိုစစ်ဆေးပါမီတာခအတွက်စိတ်ပူရင်ကိုယ်သုံးတဲ့လျှပ်စစ်ပစ္စည်းတွေအကြောင်းကိုသိဖို့လိုပါတယ်မီးအားဆွဲတဲ့လျှပ်စစ်ပစ္စည်းတွေလည်းရှိတတ်လို့ဒါတွေကိုသတိပြုထားဖို့လိုပါတယ်။ မီးချောင်းတွေက ဘယ်လောက်ပဲမီတာတက်စေတယ်ဆိုတာအပြင် ရေခဲသေတ္တာ၊အဲကွန်းစတဲ့ မီးအားဆွဲလွန်းတဲ့ပစ္စည်းတွေအသုံးပြုတဲ့အခါလည်းမီတာခများနိုင်တာကိုသတိပြုသင့်ပါတယ်။ (၂) အသုံးပြုတဲ့အကြိမ်ရေကိုသတိပြုပါတစ်ခါတစ်လေကျကိုယ်သုံးတဲ့ပမာဏကို မေ့ပြီးမီတာခများနေတယ်လို့ထင်မိတတ်ပါသေးတယ်မီတာခ မှန်မှန်ကျသင့်ဖို့ဆိုကိုယ်သုံးတဲ့အရာတွေကိုမှတ်သားထားတာကအကောင်းဆုံးပါမီးချောင်းဘယ်နှစ်ချောင်းသုံးတယ်ရေခဲသေတ္တာ၊အဲကွန်းစတဲ့မီးအားဆွဲတဲ့အရာတွေရဲ့အသုံးပြုချိန်အပြင် ရေမော်တာသုံးတဲ့အကြိမ်အရေအတွက်နဲ့မီးပူတီဗီသုံးတဲ့ကြာချိန်တွေကိုဂရုတစိုက်ကြည့်တာကလည်းသင့်မီတာခမှန်၊မမှန်ကို စစ်ဆေးလို့ရပါတယ်။ (၃) မီတာစာရင်းတွေကိုလတိုင်းကြည့်ပါအိမ်မှာသုံးနေကျအရာတွေကိုမှတ်ထားပြီးရင်လုပ်ရမှာကလတိုင်းမီတာကွာခြားချက်ကိုစစ်ဆေးကြည့်ပါပုံမှန်သုံးနေရက်နဲ့မီတာခတွေတိုးကျနေသလားဆိုတာကိုမီတာစာရွက်ကိုကြည့်ရင်သိနိုင်သလိုတကယ်ပဲမီတာတွေပိုသုံးမိသလားဆိုတာကိုမီတာဘုံးကိုကိုယ်တိုင်လစဉ်စစ်ဆေးကြည့်ခြင်းဖြင့်မီတာကုန်ကျစရိတ်ကိုတွက်ချက်နိုင်ပါတယ်။ (၄) ပြောပါအကယ်၍မီတာခတွေကမီတာဘုံးနဲ့စာရွက်မှာ ကွဲလွဲမှုရှိလို့သင့်မှာအပိုကုန်ကျငွေတွေရှိလာရင်တော့မီတာဌာနကိုသွားပါဒီအကြောင်းကို ဆွေးနွေးပါ။ဒါဆိုသင့်မီတာစာရင်းကို နောက်လတွေမှာပြန်ပြီးတိကျဖို့အခွင့်အလမ်းများပါတယ်။ (၅) မှတ်တမ်းတင်ထားပါမီတာခတွေအလွဲအချော်တွေဖြစ်ပြီဆိုမီတာဌာနနဲ့စကားပြောစရာတွေရှိလာမှာပါဒါကြောင့်သင့်မီတာဘုံးတွေကိုလစဉ်နဲ့ဓာတ်ပုံမှတ်တမ်းတင်ထားဖို့ လိုအပ်ပြီးမီတာစာရွက်တွေနဲ့တိုက်ကြည့်တာမျိုးလုပ်ပါဒါမှသာသင့်အတွက် ဆုံးရှုံးမှုတွေမရှိမှာဖြစ်ပါတယ် လေ့လာမှတ်သားစရာ အိမ်ခြံမြေဆောင်းပါးများ သင့်ရဲ့အိမ်လေးကို အလွယ်ကူဆုံး အလှဆင်နိုင်မည့် နည်းလမ်းကောင်းများ ဘာတွေကများ အိမ်တွင်းလေထု ကို ညစ်ညမ်းစေတာလဲ မီးဖိုချောင်သုံး ရေမြှုပ်ဖတ်နှင့် ကျန်းမာရေး ပိုးမွှားများတဲ့နေရာတွေကို နေ့စဉ်ထိတွေ့မိနေတာ သင်သတိထားမိရဲ့လား Credit By: Eainshinma Posted By : Ra Wai (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ