By Wut Yee Htun, Shweproperty.com
Updated at 17 May 2017
မြန်မာပြည်မှာကမ္ဘာ့အဆင့်မှီမြို့ပြဖွံ့ဖြိုးတိုးတက်ရေးကိုအကောင်အထည်ဖော်မယ့် Min Residences တည်ဆောက်တော့မယ်လို့ မေလ(၁၆)ရက်နေ့ကကြေညာလိုက်ပါတယ်။
လူနေမှုအဆင့်အတန်းမြင့်ပြီးအခွင့်အရေးပေါင်း(၆၀)ကျော်ရရှိမယ့် Min Residences ကိုစင်္ကာပူနိုင်ငံအခြေစိုက် Oxley Holdings ကုမ္ပဏီနဲ့ စီးပွားဖက်ကုမ္ပဏီဖြစ်တဲ့ မြန်မာနိုင်ငံအခြေစိုက် Mottamaဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့အစည်းကုမ္ပဏီတို့ ပူးပေါင်းပြီး၂၀၁၇ ခုနှစ်အတွင်းမှာတည်ဆောက်တော့မှာဖြစ်တဲ့ အကြောင်းNovotel Hotel မှာပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာကြေညာခဲ့တာဖြစ်ပါတယ်။
မြန်မာပြည်သူတွေအတွက် ကျန်းမာရေးနဲ့ လူနေမှုစနစ်တွေအကောင်းဆုံးဖြစ်အောင် အပန်းဖြေစရာတွေ၊ ကိုယ်လက်လေ့ကျင့်ခန်းနဲ့ ကျန်းမာရေးကိစ္စစတဲ့ အခွင့်အရေးပေါင်း(၆၀)ကျော်ကိုပါ ထည့်သွင်းတည်ဆောက် သွားမယ်လို့ Oxley ရဲ့ အမှုဆောင်ဥက္ကဌနဲ့ အမှုဆောင်အရာရှိချုပ်ဖြစ်သူMr.ChingChiatKwongကပြောပြပါတယ်။
“စဝယ်တဲ့အခါမှာအိမ်ဈေးနှုန်းရဲ့ (၅)ရာခိုင်နှုန်းကိုပေးချေရပါမယ်။ နောက်(၂)လအကြာမှာအိမ်ဈေးနှုန်းရဲ့ (၁၅)ရာခိုင်နှုန်း၊ (၄)လအကြာမှာ (၁၀)ရာခိုင်နှုန်းပေးချေရမှာဖြစ်ပြီး၊ စုစုပေါင်း(၇၀)ရာခိုင်နှုန်းပေးချေပြီးတဲ့နောက်မှာတော့ အိမ်လက်ခံရရှိပြီးမှ ကျန်တဲ့(၃၀)ရာခိုင်နှုန်းကို ပြန်လည်ပေးချေရမှာဖြစ်ပါတယ်” လို့ Oxley Holdings ကုမ္ပဏီရဲ့ လက်ထောက် CEO Eric Low က ရှင်းပြပါတယ်။
ဒီနှစ်အတွင်းမှာတည်ဆောက်မယ့် Min Residence ဟာမြေညီထပ်အပါအဝင် အထပ်(၂၀)မြင့်တဲ့ စုပေါင်းအိမ်ရာ ဖြစ်ပါတယ်။ လူနေအိမ် ခန်းနဲ့ စီးပွားရေးလုပ်ငန်းအတွက် အခန်းပေါင်း(၆၁၄)ခန်းပါဝင်မှာဖြစ်ပြီးဈေးဆိုင်ခန်းတွေ၊ စားသောက်ဆိုင်တွေ၊ နေ့ကလေး ထိန်းကျောင်းတွေနဲ့ ရုံးခန်းတွေအတွက် (၅၇)ခန်းပါဝင် ဆောက်လုပ်မှာဖြစ်ပါတယ်။ ဈေးနှုန်းအတိအကျကိုတော့ အဆောက်အဦး စတင်ရောင်းချမယ့် မေလကုန်မှ သိရမှာဖြစ်ပါတယ်။
ခန့်မှန်းခြေအမေရိကန်ဒေါ်လာသန်း(၂၅၀)ကျော်ရှိတဲ့ Min Residences ကိုစင်္ကာပူ၊ တရုတ်နဲ့ ဖိလစ်ပိုင် နိုင်ငံတွေမှာ အဆောက်အဦး ဒီဇိုင်းရေးဆွဲပေးနေတဲ့ a+p Group က တာဝန်ယူဒီဇိုင်းရေးဆွဲမှာဖြစ်ပါတယ်။
Written By : Wut Yee Htun (Shwerproperty.com)
Posted By : Wai Phyoe (Shweproperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ