By kumudra, Shweproperty.com
Updated at 8 August 2014
မင်္ဂလာဒုံမြို့နယ်အတွင်းရှိ မြေဈေးအချို့က အိမ်အပါဈေးနဲ့တန်းတူုဖြစ်နေတယ်လို့ အကျိုးဆောင်တချို့ထံမှ သိရတယ်။
'မင်္ဂလာဒုံဘက်မှာက အိမ်တန်ဖိုးထည့်မတွက်ဘူး၊ တိုက်အသစ်လောက်ပဲတွက်တာ၊ မြို့တွင်းအနီးတဝိုက် လူနေဧရိယာအကုန်လုံး ဈေးနှစ်ဆလောက်တက်လာတာ လေဆိပ် စီမံကိန်းနဲ့ တော့မဆိုင်ဘူး'လို့ ရွှေကံမြေ အိမ်ခြံမြေ အကျိုးဆောင် ဦးခင်မောင်အေး က ပြောပါတယ်။
မင်္ဂလာဒုံမြို့နယ်အတွင်းရှိ မြေဈေးနူန်းတွေက တစ်ပေပတ်လည်ကို ကျပ် ၁၁၀,၀၀၀ ဝန်းကျင်မှ ကျပ်၂၀၀,၀၀၀ လောက်အထိ ဈေးနှစ်ဆခန့် မြင့်တက်လာပြီး တစ်မြို့နယ်လုံး ဈေးနှစ်ဆလောက်တက်လာတယ်လို့ သိရပါတယ်။
မင်္ဂလာဒုံမြို့နယ်အတွင်း ဇေကမ္ဘာအိမ်ရာဝန်းရှိ တိုက်ခန်းဈေးနှုန်းလည်း ကျပ်သိန်း၂၀၀၀ လောက်အထိ ပေါက်ဈေး ရှိနေပါတယ်။ ၎င်းမြို့နယ်မှာ ဂရန်မြေ၊ အိမ်ရာဝင်းအပြင် ယာမြေအမျိုးအစားတွေလည်း ရှိတယ်၊ လက်ရှိယာမြေပေါက်ဈေးတွေကတော့ တစ်ဧကကို ကျပ်သိန်း ၅၀၀၀ မှ အနည်းငယ်ဝေးတဲ့နေရာတွေမှာတော့ ကျပ်သိန်း ၂၅၀၀ လောက်အထိပေါက်ဈေးရှိပါတယ်။
မြေအများစုမှာ ကိုယ်ပိုင်တိုက်ဆောက်လုပ်သူတွေ အဝယ်များတဲ့အတွက် အိမ်အပါဈေးနဲ့မြေကွက်ဈေးမှာ ကွာခြားမှု မရှိတာ ဖြစ်ပါတယ်။ ဝယ်ယူမှု အပိုင်းမှာလည်း တစ်ပေပတ်လည်ဈေးနှုန်းနဲ့သာ ရောင်းချတာဖြစ်ပြီး မြေကွက်အလိုက်ဈေးမှာ ကျပ်သိန်းထောင်ချီတယ်လို့ သိရပါတယ်။
မင်္ဂလာဒုံလေဆိပ် ပြုပြင်တည်ဆောက်မူတွေ ရှိနေပြီး ဈေးနူန်းတွေကတော့ ပြောင်းလဲမူမရှိုဘဲ လူကြိုက်များမူကြောင့်သာ ဈေးတက်နေတယ်လု့ိ သိရပါတယ်။
နေရာသစ်တွေလောက်သာ စီမံကိန်းကြောင့်ဈေးတက်တာ၊ လေဆိပ်ကထပ်ချဲ့တာဆိုတော့ ဈေးနှုန်းတွေက မပြောင်းတာ' လို့ ဦးခင်မောင်အေးကပဲ ပြောပါတယ်။
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ