By Hsu Myat May Zaw (ShweProperty.com), Shweproperty.com
Updated at 26 April 2018
တန်ဖိုးနည်းအိမ်ရာများကို အရစ်ကျဝယ်ယူရာတွင် လစဉ်ပေးချေရသော အတိုးနှုန်းထားများကို ပြောင်းလဲလျော့ ချတော့မည်ဖြစ်ကြော င်း ဆော က်လုပ်ရေးဝန်ကြီးဌာနမှ ကုမုဒြာသတင်းသို့ ပြောကြားခဲ့ပါတယ်။ မြန်မာ့စီးပွားရေးဘဏ်(MEB)မှ နှစ်ရှည်ချေးငွေ ရယူနိုင်တာကြောင့် ယခင်အတိုးနှုန်း(၁၂) ရာခိုင်နှုန်းကို (၁၀.၅) ရာခိုင်နှုန်းသို့ အများပြည် သူ သက်သာစေမည့် နှုုန်းထားဖြင့် သတ်မှတ်လိုက်ခြင်း ဖြစ်ပါတယ်။ ဧပြီလဆန်းမှစတင်ကာ ဆောက်လုပ်ရေးဝန်ကြီးဌာန မြို့ပြနှင့် အိမ်ရာဦးစီးဌာန ကရောင်းချပေးနတဲ့ အိမ်ရာပရောဂျက်တွေကို ကနဦးငွေအနေနဲ့ (၁၅) ရာခိုင်နှုန်း ပေးသွင်းပြီး ကျန်ငွေကို အတိုးနှုန်း (၁၀.၅) ရာခိုင်နှုန်းဖြင့် (၁၅)နှစ် အရစ်ကျ ပေးသွင်းနိုင်မှာပါ။ ဥပမာအနေနဲ့ ကျပ်သိန်း(၁၀၀) တန်ဖိုးရှိ အိမ်ခန်းကို ဝယ်ယူမယ်ဆိုရင် ကျပ်(၁၅)သိန်း အရင်ဆုံးပေးချေပြီး တနှစ်ကို အတိုးနှုန်း ကျပ် (၁)သိန်း (၅)သောင်း သာ ကျသင့်မှာ ဖြစ်ပါတယ်။ ဆောက်လုပ်ရေးလုပ်ငန်း၇ှင်များအတွက် ချေးငွေးအတိုးနှုန်းတွေကိုလည်း တစ်နှစ်လျှင် (၁၂)ရာခိုင်နှုန်းမှ (၁၁)ရာခိုင်နှုန်းထိ လျော့ချခဲ့ကြောင်း သိရှိရပါတယ်။
Written By : Hsu Myat May Zaw (ShweProperty.com) Photo Credit : Fundplaces Posted By : Sint Sint (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ