By Sint Sint, Shweproperty.com
Updated at 18 December 2020
ဂျပန်ကဘူတာရုံလို့တောင် ထင်မှတ်ရတဲ့ ဘူတာရုံကြီးအသစ်ကို ဖြူးမြို့မှာတည်ဆောက်လျက်ရှိပါတယ်။ တကယ့်ကို အဆင်မြင့်ဘူတာရုံကြီးလည်း ဖြစ်ပါတယ်။ လက်ရှိမှာတော့ တည်ဆောက်မှု အခြေအနေက ၉၅ ရာခိုင်နှုန်းထိ ပြီးစီးသွားပြီလို့လည်း သတင်းဖော်ပြချက်တွေ သိရှိရပါတယ်။ဖြူးမြို့သည် ရန်ကုန်မြို့၏မြောက်ဘက်ကားလမ်းအားဖြင့်မိုင် (၁၄၀ )အကွာနှင့် မီးရထားလမ်းအားဖြင့် (၁၃၄ )မိုင်အကွာတွင်တည်ရှိသည်။ အရှေ့ဘက်တွင်စစ်တောင်းမြစ်နှင့်အနောက်ဘက်တွင် ပဲခူးရိုးမတို့ကဝန်းရံထားသည်။ ရန်ကုန်မှဖြူးသို့ ကားလမ်းခရီး( ၁၄၂ )မိုင်၊ မီးရထားလမ်းဖြင့်( ၁၃၄.၂၅ မိုင်) ကွာဝေးသည်။ စီးပွားရေး၊ ကျန်းမာရေးအထူးကောင်းမွန်ကြပြီး စပါး၊ ပဲ စသည့်စိုက်ပျိုးရေးလုပ်ငန်းတို့မှာ ဒေသထွက်ကုန်များဖြစ်သည်။ ဖြူးဘူတာသည် ရန်ကုန်-မန္တလေးမီးရထားလမ်းပိုင်းရှိ ဘူတာရုံတစ်ခုဖြစ်သည်။ ပဲခူးတိုင်းဒေသကြီး၊ ဖြူးမြို့တွင် တည်ရှိသည်။
ပဲခူးတိုင်းဒေသကြီး၊ တောင်သူခရိုင်၊ ဖြူးမြို့နယ်တွင် ဖြူးဘူတာရုံ အသစ်တည်ဆောက်မှု ၉၅ ရာခိုင်နှုန်း ပြီးစီးနေဖြစ်ကြောင်း မြန်မာ့မီးရထားဌာနမှ သိရသည်။မြန်မာ့မီးရထားဌာနမှ ခရီးသွားပြည်သူများကိုအကောင်းဆုံးဝန်ဆောင်မှုပေးနိုင်ရန်ရည်ရွယ်ပြီးရထားလမ်းပိုင်းများအဆင့်မြှင့်တင်ခြင်း၊ ဘူတာရုံများအသစ်တည်ဆောက်ခြင်းနှင့်ပြန်လည်မွန်းမံခြင်းတွေကိုဆောင်ရွက်နေကြောင်းသိရပါတယ်။ ဖြူးဘူတာရုံ အသစ်ကို ၂၀၂၀ပြည့်နှစ်၊ ဇန်နဝါရီလ၂၂ရက်နေ့တွင် နိုင်ငံတော်ဘဏ္ဍာငွေ (၃၇၂) သန်းဖြင့် အကုန်ကျခံကာ စတင် တည်ဆောက်ခဲ့ခြင်းဖြစ်သည်။ ဖြူးဘူတာရုံအဟောင်း၏ သက်တမ်း (၇၅ ) နှစ်ရှိပြီးဖြစ်တဲ့အတွက် ယခုလို ဘူတာရုံအသစ်တည်ဆောက်ခြင်းဖြစ်တယ်လို့ သိရသည်။
ဘူတာရုံကြီးကို ခေတ်မီဒီဇိုင်းဖြင့်အသစ်တည်ဆောက်ရခြင်းဖြစ်ကြောင်းနှင့် ဖြူးဘူတာအသစ်တွင်လေအေးပေးစနစ်များတပ်ဆင်ထားပြီးခရီးသည်နားနေခန်းများ၊ Convenience Store ဆိုင်များ၊ ခရီးသည်များ ကိုယ်လက်သန့်စင်နိုင် သည့် Rest Room များ၊ Automatic လုံခြုံရေးစနစ်များပါဝင်မည်ဖြစ်သည်။ ရန်ကုန်-မန္တလေး ခရီးလမ်းအဆင့်မြင့်တင်မှုကို ဂျပန်နိုင်ငံရဲ့ ဖွံ့ဖြိုးမှု OTA ချေးငွေဖြင့် အပိုင်းနှစ်ပိုင်းခွဲခြားပြီး ဆောင်ရွက်လျက်ရှိတာလည်းဖြစ်ပါတယ်။ Face 1 ဖြစ်တဲ့ ရန်ကုန်-တောင်ငူ အပိုင်းမှာရထားလမ်းတာဘောင်ပြုပြင်ခြင်း၊ ရထားလမ်းအဆင့်မြင့်တင်မှုနှင့် တံတာအဆင့်မြင့်ခြင်းတွေကို နိုင်ငံတော်ဘတ်ဂျတ်အဖြစ် အဆင့်မြင့်တင်မှုများပြုလုပ်နေတာပါ။ Face 1 ၏ အဓိကဘူတာကြီး ၃ ခုဖြစ်တဲ့ ပဲခူး၊ ညောင်လေးပင် ၊ ဖြူး တို့ အဆင့်မြှင့်တင်သွားမှာ ဖြစ်ပါတယ်။
ပဲခူးနဲ့ ညောင်လေးပင် ဘူတာတွေကို ရှေးမှု လက်ရာအတိုင်း မပျက်ဘဲ တည်ဆောက်သွားမှာဖြစ်ပြီး ညောင်လေးပင် ဘူတာတွင်ပါဝင်တဲ့ ဖြူးဘူတာကိုတော့ ယခုလက်ရှိ အသစ်တည်ဆောက်နေတာဖြစ်ပါတယ်။ ဖြူးဘူတာအသစ်တည်ဆောက်မှုကို (၁၁) လအကြာတည်ဆောက်ခဲ့ရတယ်လို့လည်း သိရပါတယ်။ဖြူးဘူတာရုံအသစ်တွင်ခရီးသည်များအတွက် လေအေးပေးစက်များတပ်ဆင်ထားသော နားနေဆောင်များ၊ အစားသောက်အခန်းများ၊ ကိုယ်လက်သန့်စင်နိုင်တဲ့အဆင့်မြှင့်ခန်းများနှင့် လက်မှတ်အရောင်းဌာနအခန်းတွေကို အဆင့်မြင့်မြင့်တည်ဆောက်ထားတာပါ။ မြန်မာ့မီးရထားဌာနမှ ပြည်သူများအတွက် ဝန်ဆောင်မှုများပေးတဲ့ဌာနဖြစ်တဲ့အတွက် အကောင်းဆုံးဝန်ဆောင်မှုတွေကို ဆက်လက်လုပ်ဆောင်ပေးသွားမှာဖြစ်တယ်လို့လည်း မြန်မာ့မီးရထားက ထုတ်ဖော်ပြောကြားထားတာလည်းဖြစ်ပါတယ်။
ဖြူးဘူတာရုံအသစ် စီမံကိန်းပြီးနောက် ၂၀၂၃ ခုနှစ်ရောက်တဲ့အခါတွင် မြန်နှုန်းမြှင့် ရထား ၁၀၀ ကီလိုမီတာဖြင့် မောင်းနှင်းသွားမှာ ဖြစ်ပြီးတော့ အဆင့်မြင့်ရထားတွေကိုပြေးဆွဲသွားမှာဖြစ်တယ်လို့သိရပါတယ်။ဂျပန်နိုင်ငံက ရန်ကုန်မြို့ရဲ့ မြို့ပတ်ရထားလမ်းနဲ့ ရန်ကုန်-မန္တလေး ရထားလမ်းပိုင်းတို့ကို နည်းပညာပိုင်း ခေတ်မီဖို့ လုပ်ဆောင်ပေးလျက်ရှိတယ်။ ထို့အပြင် မမရဲ့ ရထားပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းဌာန ငါးနေရာကိုလည်း တိုးတက်ကောင်းမွန်အောင် ဆောင်ရွက်ပေးလျက်ရှိပါတယ်။
အဲဒီစီမံကိန်းတွေက ရေရှည်စီမံကိန်းတွေဖြစ်ပြီး အဲဒီလို ပြီးစီးသွားတဲ့အခါ မမရဲ့ လူစီးရထားတွေ တစ်နာရီ ကီလိုမီတာ( ၁၀၀ )အထိ မြန်မြန်ခုတ်မောင်းလို့ရနိုင်မှာ ဖြစ်ပါတယ်။ အခုလို ပိုမြန်ဆန်သွားတာမို့ ယခုထက်နှစ်ဆတိုးပြီး သယ်ပို့ပေးနိုင်မှာ ဖြစ်ပါတယ်။ အဲဒါအပြင် ကုန်တွင်းဆိပ်ကမ်းတွေအကြား ကုန်စည်သယ်ယူပို့ဆောင်ရေးကိုလည်း ပိုကောင်းသွားစေမှာမို့ သွင်းကုန်ထုတ်ကုန်တွေအတွက် သယ်ယူပို့ဆောင်ရေး စရိတ်စကတွေ သက်သာသွားမယ်။ အချိန်ကြာတာလည်း သက်သာသွားမယ်။မမရဲ့ ရှိပြီးသား ရထားလမ်းတွေကို ခေတ်မီအောင် ဂျပန်နိုင်ငံက ကူညီပေးနေချိန်မှာ တရုတ်နိုင်ငံနဲ့ အိန္ဒိယနိုင်ငံတို့က ရထားတွေရောင်းချပါတယ်။ ပြည်တွင်းမှာ တည်ဆောက်ထုတ်လုပ်နိုင်ဖို့အတွက် စက်ရုံနှစ်ရုံ ထူထောင်ရန် လိုအပ်တဲ့ဘဏ္ဍာရေးအတွက် တရုတ်နိုင်ငံက ချေးငွေ ပေးအပ်ခဲ့ပါတယ်။
တရုတ်-မြန်မာ စီးပွားရေး China-Myanmar Economic Corridor (CMEC) ဟာ ပိုကြီးမားတဲ့ Belt and Road Initiative (BRI) ရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်တာမို့ မဖြစ်မနေ အကောင်အထည်ဖော်သွားမှာဖြစ်ပါတယ်။ အဲဒီအစီအစဉ်မှာ မြန်နှုန်းမြင့် ပြေးဆွဲမယ့် ကျည်ဆံရထား high-speed railway (HSR) ခုတ်မောင်းနိုင်မယ့် ရထားလမ်းမျိုးကို ဖောက်လုပ်သွားမှာ ဖြစ်ပါတယ်။
ခေတ်မီရထားလမ်းစနစ်နဲ့ ဖောက်လုပ်မှာဖြစ်ပြီး ပထမအဆင့်အဖြစ် မူဆယ်နဲ့ မန္တလေးတို့အကြား ရထားလမ်းဖောက်လုပ်သွားမှာ ဖြစ်ပါတယ်။ ဖြစ်နိုင်ခြေ လေ့လာစူးစမ်းမှုတွေ လုပ်ဆောင်နေပါတယ်။ တစ်နာရီ ကီလိုမီတာ (၁၆၀ )အမြန်နှုန်းအထိ ခုတ်မောင်းနိုင်မှာ ဖြစ်ပါတယ်။ နောက်တစ်ဆင့်မှာတော့ မန္တလေးကနေ ကျောက်ဖြူ ရထားလမ်းပိုင်းကို ဖောက်လုပ်မှာ ဖြစ်ပါတယ်။ အဲဒီလို ဖောက်လုပ်ပြီးသွားရင် တရုတ်နိုင်ငံဟာ အိန္ဒိယသမုဒ္ဒရာအထိ ရထားလမ်းဖြင့် ဆက်သွယ်ထားနိုင်မှာ ဖြစ်တယ်။ ဘင်္ဂလားဒေ့ရှ်နယ်ခြား အနီးမှာ ရောက်ရှိနေပြီမို့ ဘင်္ဂလားဒေ့ရှ်နဲ့ အိန္ဒိယတို့ကို ရထားလမ်းတိုးချဲ့ဖောက်လုပ်ဖို့ အဆင်ပြေနေစေမှာ ဖြစ်ပါတယ်။
ထိုင်းနိုင်ငံမှာ အရှေ့စီးပွားရေးစကြ ႍ အတွက် high-speed railway (HSR) တည်ဆောက်ဖို့ ကန်ထရိုက်ကို တရုတ်ကုမ္ပဏီတွေနဲ့ အတူတွဲပြီး တင်ဒါပြိုင်ဆိုင်ဖို့ကို ဂျပန်ကုမ္ပဏီတွေက လက်ရှောင်ခဲ့ကြတယ်။ မြန်မာနိုင်ငံမှာတော့ အခုလိုဂျပန်နိုင်ငံနဲ့ တရုတ်နိုင်ငံတို့ဟာ မြန်မာ့မီးရထားမှာ လာဆုံနေကြနေတာလည်း ဖြစ်ပါတယ်။ဂျပန်နိုင်ငံက ဖြည်းဖြည်းချင်းသွားပြီးတော့ ပမာဏ မကြီးမားဘူး။ ရှိပြီးသား ရထားလမ်းကို အဆင့်မြှင့်တင်ရတာ လက်ဝင်ပေမဲ့ ရထားလမ်းအသစ်တည်ဆောက်တာထက်တော့ ကုန်ကျစရိတ်သက်သာပါတယ်။ ရထားလမ်း ပြေးထားပြီးသား မြေဖြစ်လို့ ပြုပြင်ထိန်းသိမ်းမှု ဆောင်ရွက်ပေးဖို့ပဲ လိုအပ်တယ်။ ဂျပန်နိုင်ငံ လုပ်ကိုင်တာက လက်တွေ့ကျတယ်။ ကုန်ကျစရိတ် သက်သာတယ်။ ကြွေးဝန်ထုပ်ပိုနည်းတယ်။ Offcical development aid (ODA) ကနေ အတိုးနှုန်း သက်သာစွာဖြင့် ချေးငွေစီစဉ်ပေးပါတယ်။
ဂျပန်နိုင်ငံအစိုးရက မြန်မာ့မီးရထားထောက်ပံ့ကူညီမှုရဲ့ အဓိကလုပ်ငန်းစဉ်တစ်ခုဖြစ်တဲ့ ရန်ကုန်နဲ့မန္တလေးကို ဆက်သွယ်ထားတဲ့ ခန့်မှန်းခြေ ကီလိုမီတာ (၆၂၀)ရှိတဲ့ ရထားလမ်းကို ခေတ်မီတိုးတက်အောင်ပြုပြင်ခြင်းဖြစ်ပါတယ်။ ရထားလမ်း၊ မြေသားအရည်အသွေး၊ လျှပ်စစ်၊ ရထားတွဲ၊ မီးပွိုင့် စတာတွေနဲ့သက်ဆိုင်တဲ့ ကျွမ်းကျင်သူပညာရှင် (၆၀)နဲ့ စုစည်း ထားတဲ့ စီမံကိန်းအဖွဲ့ထဲမှာ အိမ်နီးချင်း ထိုင်းနိုင်ငံမှ အင်ဂျင်နီယာတွေလည်းပါဝင်ပါတယ်။ ဘူတာရုံရှိ အဆောက်အဦးနဲ့ တံတား အစရှိတဲ့ ဗိသုကာဒီဇိုင်းရေးဆွဲခြင်းလုပ်ငန်းတစ်စိတ်တစ်ဒေသကို တာဝန်ယူလုပ်ကိုင်နေတာက ထိုင်းနိုင်ငံ ဗိသုကာကုမ္ပဏီ Asian Engineering Consultants Corporation (AEC) မှ ကျွမ်းကျင်သူပညာရှင်များဖြစ်ပါတယ်။
အထူးသဖြင့် အခုလေ့ လာမှုပြုလုပ်တဲ့ စီမံကိန်းအပိုင်း (၁) ဟာ (ရန်ကုန်မှ တောင်ငူကြား) ခန့်မှန်းခြေကီလိုမီတာ (၂၇၀) အထိ ရှိပြီး အတိုင်းအ တာကြီးမားတာကြောင့် လုပ်ငန်းပြီးစီးဖို့ အချိန်အကန့်အသတ်ရှိပါတယ်။ ဂျပန်ကျွမ်းကျင်သူပညာရှင်တွေနဲ့တင် တိကျမှန်ကန်စွာအကောင်အထည်ဖော်ဖို့ဆိုတာ ခက်ခဲပါတယ်။ မြေသားအရည်အသွေးတိုင်းတာစစ်ဆေးခြင်းလုပ်ငန်းကို မြန်မာကုမ္ပဏီ (၂) ခုထံ အပ်နှံခဲ့ပါတယ်။ တံတားတည်ဆောက်ရေး ဗိသုကာလုပ်ငန်းနဲ့ပတ်သက်ပြီး မြန်မာကုမ္ပဏီမှာ အလုပ်အပ်နှံခြင်းမပြုခဲ့ပဲ ထိုင်းနိုင်ငံအပ်နှံခဲ့ပါတယ်။
မြန်မာနိုင်ငံဟာ စစ်အစိုးရအုပ်ချုပ်မှုအောက်မှာ ကာလရှည်ကြာရှိခဲ့တာကြောင့် မြန်မာ့မီးရထားက ဗိသုကာဒီဇိုင်း ကိုယ်တိုင်ရေးဆွဲကာ ပုဂ္ဂလိကစက်မှုလုပ်ငန်းများက ပြုလုပ်ပေးတဲ့ပစ္စည်းများနဲ့ ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများကို ဆက် လက်ဆောင်ရွက်ခဲ့ပါတယ်။ တစ်နည်းပြောရရင် MR (Myanmar Railways) ဟာ လုပ်ငန်းအပ်နှံတဲ့ဌာနဖြစ်သလို ဗိသုကာဒီဇိုင်းရေးဆွဲရာနေရာလည်းဖြစ်ပါတယ်။ဂျပန်နိုင်ငံနဲ့ပူးပေါင်းြီ့းတော့ ယခင်က မြို့ပတ်ရထားလမ်းပိုင်းကို ပြုလုပ်နေပြိး အခုအခါ ဘူတာများပြုပြင်ခြင်း နှင့် အဝေးပြေးရထားလမ်းပိုင်းများကို ပြင်ဆင်ခြင်းဖြစ်သည်။
ဂျပန်အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရက်ရေးအေဂျင်စီ(JICA)၏ အကူအညီဖြင့် ရန်ကုန်မြို့ပတ်ရထားလမ်းပိုင်းကို အဆင့်မြှင့်တင်ဆောင်ရွက်နေတာ ပြီးစီးပါက တွဲဆိုင်းအသစ်များဖြင့်ပြောင်းလဲပြေးဆွဲသွားမည် ဖြစ်ကြောင်း သိရပါတယ်။ရန်ကုန်မြို့ပတ်ရထားလမ်းပိုင်း၏အရှည်မှာ ၂၉ ဒဿမ ၅ မိုင်ရှိပြီး မြို့တစ်ပတ်ရထားခုတ်မောင်းချိန်မှာ ၂ နာရီ၊ ၅၀ မိနစ်ကြာချိန်ရှိပြီး အဆင့်မြှင့်တင်ပြီးပါက ၁ နာရီ ၅၀ မိနစ်သာ ကြာမြင့်မည်ဖြစ်ကြောင်း သိရပါတယ်။ဂျပန်နိုင်ငံမှ ချေးထားသော ချေးငွေ ကန်ဒေါ်လာ ၂၀၆. ၅၃ သန်းဖြင့် မြို့ပတ်ရထားလမ်းပိုင်းစီမံကိန်း အတွက် အချက်ပြနှင့် ဆွက်သယ်ရေးစနစ်များအဆင့်မြင့်တင်ခြင်း၊ DEMU တွဲဆိုင်း ၆၆ ဆိုင်းဝယ် ယူခြင်းနှင့် သံလမ်းပြုပြင် ခြင်းလုပ်ငန်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရပါတယ်။
နိုင်ငံတော်မှချေပေးထားသည့်ဘတ်ဂျက်ငွေ ကန်ဒေါ်လာ ၉၄.၇၆ သန်းဖြင့် ရထားသံဘောင်များ ပြုပြင်ခြင်း၊ ရထားလူကူးခုံးကျော်တံတားများ ပြန်လည်တည်ဆောက်ခြင်းနှင့် ရထားဘူတာများတွင် ခြံစည်ရိုးခတ်ခြင်း များဆောင်ရွက်သွားမည်ဖြစ်သည့်အပြင် လမ်းပိုင်းတစ်ခုလုံး၏ ကုန်ကျငွေ စုစုပေါင်းမှာ ကန်ဒေါ်လာ ၃၀၁.၂၉ သန်းရှိကြောင်း သိရပါတယ်။လက်ရှိ ရထားစီးသည့်ခရီးသည်ဦးရေမှာ ၇၀၀၀၀ ဝန်းကျင်သာရှိပြီး မြို့ပတ်ရထားလမ်းပိုင်း အဆင့်မြှင့်တင်ပြီးပါက ခရီးသည်ဦးရေ သုံးသိန်းအထိမျှော်မှန်းထားကြောင်း သိရပါတယ်။
ဖြူးမြို့ဘူတာကြီးကတော့ တကယ့်ကို မထင်မှတ်စရာကောင်းလောက်အောင် အဆင့်မြင့်မြင့်တည်ဆောက်ထားတာဖြစ်ပါတယ်။ ဘူတာကြီးတွေလည်းခေတ်မီ ပြေးဆွဲမယ့် ရထားကြီးတွေလည်း ခေတ်မီလာတော့မှာဖြစ်လို့ ခရီးကြိုက်တဲ့သူတွေ အတွက်တော့ သက်တောင့်သက်တာနဲ့ ခရီးတွေကို သွားလာနိုင်တော့မှာလည်း ဖြစ်ပါတယ်။
နောက်ဆုံးရ သတင်းများ
ဒလတံတားစီမံကိန်းကြောင့် အိမ်ခြံမြေဈေး မြို့တွင်းတွင်သိန်းငါးထောင်ထိမြင့်တက်
အငြိမ်းစား ဝန်ထမ်းအိမ်ရာတိုက်ခန်းများ အများပြည်သူကိုပါ ရောင်းပေးမည်
ရန်ကုန်မြို့သစ်စီမံကိန်း၊ ပုသိမ်စက်မှုမြို့တော်စီမံကိန်းနှင့် အလားအလာရှိသော မြန်မာ့ကမ်းလွန်သဘာဝဓာတ်ငွေ့ လုပ်ငန်းများ အပါအဝင် ရင်းနှီးမြှုပ်နှံနိုင်မည့်စီမံကိန်းများ
၂၀၂၂ ခုနှစ်၊ အောက်တိုဘာလတွင် အပြီးသတ်တည် ဆောက်သွားမည့် ရန်ကုန်-ဒလ တံတားစီမံကိန်း
Written By : Khine Zar (ShweProperty.com)
Photo Credit : Whitesone
Posted By : Sint Sint (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ