By Myanmar Builders Guide, Shweproperty.com
Updated at 4 June 2019
မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့နဲ့ Taungtha-man Perennial Development Limited, Capital Develop-ment Limited နဲ့ Perennial Real Estate Holdings Limited တို့ အကျိုးတူပူးပေါင်းပြုလုပ်တဲ့ Mixed-Use Development စီမံကိန်းမှာ Public-Private-Partnership (PPP) ပုံစံ ပူးပေါင်းဆောင်ရွက်မှာ ဖြစ်ပါတယ်။
သည်စီမံကိန်းကို သိပ္ဗံလမ်း၊ ၆၉ လမ်းနဲ့ လမ်း ၇၀ ကြား၊ ချမ်းအေးသာစံမြို့နယ်မှာ Commu-nity Center, Innovation Cen-ter , Education Center, Inter-national Level Shopping Mall နဲ့ Exclusive Luxury Villas တို့ ပါဝင်မယ်လို့ သိရပါတယ်။
စီမံကိန်းကို နိုင်ငံတကာဆုတွေ ရရှိထားတဲ့ စင်ကာပူအခြေစိုက်ဗိသုကာလုပ်ငန်း DP Arch-itects က ပုံစံရေးဆွဲမှာဖြစ်ပြီး အရည်အသွေးမြင့် အိမ်ခြံမြေလုပ်ငန်းဖော်ဆောင်ဖို့ နိုင်ငံတကာအဖွဲ့နဲ့ ပြည်တွင်းအကြံပေးကုမ္ဗဏီတွေကလည်း ထောက်ပံ့ကူညီပေးမယ်လို့ သိရပါတယ်။
CDSG ရဲ့ Group Man-aging Director ဦးကိုကိုကြီးက “မြန်မာနိုင်ငံမှာ Perennial နဲ့ ရေရှည်ပူးပေါင်းဆောင်ရွက်ဖို့ ကျွနု်ပ်တို့ရဲ့ပထမဆုံးခြေလှမ်းဖြစ်ပါတယ်” လို့ ပြောပါတယ်။
အိမ်ခြံမြေလုပ်ငန်းနဲ့ ကျန်းမာရေးဝန်ဆောင်မှုလုပ်ငန်းတွေ လုပ်ကိုင်တဲ့ Perennia Real Estate Holdings Limited (Perennial) ကုမ္မဏီဟာ မန္တလေးမြို့၊ သိပ္ဗံလမ်းပေါ်မှာ ၎င်းတို့ရဲ့ပထမဆုံး Mixed -Use Development စီမံကိန်းအတွက် မေလ ၂၈ ရက်နေ့က ပန္နက်တင်ပါတယ်။
Capital Diamond Star Group (CDSG) နဲ့ Perennial တို့ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်ပြီး ၎င်းရဲ့ ကုမ္ဗဏီခွဲတစ်ခုဖြစ် Capital Development Limited မှတစ်ဆင့် မြန်မာနိုင်ငံမှာ ကုက္ကိုင်းခုံးတံတား၊ ရွှေဂုံတိုင်ခုံးတံတား၊ မြေနီကုန်းခုံးတံတား၊ GEMS Garden အဆင့်မြင့် ကွန်ဒိုမီနီယံ၊ ဈေးဝယ်စင်တာကြီးတွေ၊ ကားအရောင်းခန်းမတွေနဲ့ ကားတပ်ဆင်ရေးစက်ရုံ၊ ကုန်ထုတ်လုပ်ရေးစက်ရုံတွေ၊ တက္ကသိုလ်တွေနဲ့ ကျောင်းတွေကို အကောင်အထည်ဖော်ဆောင်ရွက်ပြီး ဖြစ်တယ်လို့ သိရပါတယ်။
Ref & Photo Credit : Myanmar Builders Guide
Posted By : Sint Sint (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ